အိမ်နီးချင်းတွေ ကို လွှမ်းမိုးဖို့ လုပ်နေတဲ့ ချိုင်းနားလှိုင်း နှင့် တရုတ်ကို တကယ်ကြောက်ရမှာလား

အိမ်နီးချင်းတွေ ကို လွှမ်းမိုးဖို့ လုပ်နေတဲ့ ချိုင်းနားလှိုင်း နှင့် တရုတ်ကို တကယ်ကြောက်ရမှာလား

နယူးကလီးယား လက်နက်ပိုင်ထားတဲ့ ကမ္ဘာ့ လူဉီးရေ အများဆုံး နိုင်ငံကြီး နှစ်ခုဖြစ်တဲ့ အိန္ဒိယနဲ့ တရုတ် နယ်စပ်မှာ နယ်မြေပြသနာဖြစ်ကြတာ နှစ်ဖက်စစ်သားတွေ တစ်ဖက်နဲ့တစ်ဖက် အားပြိုင်တွန်းကြရင်း လဲကွဲပြီး ဒါဏ်ရာတွေရကြတယ်တဲ့လေ…

ဆောက်ချိုင်းနားမောနင်းပို့က ရေးထားတယ် တရုတ်ဟာ သူ့နယ်မြေကိုခုခံဖို့ လုံလောက် တဲ့ စစ်အင်အားကို နာရီပိုင်းတွင်း အိန္ဒိယနယ်စပ်ကို ပို့နိုင်တယ်ဆိုပဲ။ အိန္ဒိယဘက်ကလဲ အဝေးပေးလမ်းမကြီးပေါ်မှာ တိုက်လေယာဉ်တွေဆင်းပြ ဘာဆင်းပြပေါ့…

Soldiers of China’s People’s Liberation Army (PLA) get ready for the military parade to commemorate the 90th anniversary of the foundation of the army at Zhurihe military training base in Inner Mongolia Autonomous Region, China, July 30, 2017. China Daily via REUTERS ATTENTION EDITORS – THIS IMAGE WAS PROVIDED BY A THIRD PARTY. CHINA OUT. NO COMMERCIAL OR EDITORIAL SALES IN CHINA. TPX IMAGES OF THE DAY – RC142D1B0000

အိန္ဒိယမှာ တရုတ်မုန်းတီးမှုတွေ တိုးတက်လာပြီ တွစ်တာမှာဆိုရင် တစ်ချို့ ကောင်တွေရေးထားတာ.. မြန်မာ နဲ့ မြောက်ကိုးရီးယားအပါအဝင် အတရုတ်အိမ်နီးချင်း နိုင်ငံပေါင်း ၁၆ ခုကနေ တရုတ်ထုတ်ကုန်တွေ သပိတ်မှောက်ကြပါတဲ့… ပြောမယ်သာ ပြောရတယ်… ကမ္ဘာပေါ်မှာ လက်နက် တင်ပို့မှုမှာ တရုတ်က တခါတခါ ပြင်သစ် ဂျာမနီကို ကျော်ပြီး နံပါတ်သုံး သွားသွားချိတ်တယ်…

လက်နက် အများဆုံးဝယ်တဲ့နေရာ မှာ အိန္ဒိယက တစ်ခါတစ်လေ ဆော်ဒီကို ကျော်ပြီး နံပါတ်တစ် ချိတ်တယ်… တရုတ်ရဲ့ အကြီးဆုံးကာစတာမာက အိန္ဒိယပဲ… ဒီလိုနိုင်ငံနှစ်ခုက သူတို့နိုင်ငံသားတွေ ကြားအောင်သာ စစ်ရေးအင်အား ပြနေကြတာ… လက်တွေ့မှာတော့ ချလိမ့်မယ် မထင်….

အဲလို စစ်ရေးသာ အင်အားပြနေတာ.. အင်တာနက် မှာ အခြေခံ အိန္ဒိယလူတန်းစာတွေက တရုတ်ကို မုန်းနေတာ…. မနေ့က တက်လာတဲ့ သတင်းတစ်ပုဒ်မှာဆိုရင် အိန္ဒိယ ကားကုမ္ပဏီ တာတာ အောက်က ဂျာကွာနဲ့ လင်ရိုဘာဟာ တရုတ်ဘဏ်တွေဆီကနေ ဒေါ်လာ ၇၀၅ သန်း ချေးငွေယူလိုက် တယ်ဆိုပဲ…

ဒုတိယကမ္ဘာစစ်ကြီးပြီးတဲ့အချိန်… အရှေ့နဲ့အနောက် ကုန်သွယ်ကြတဲ့ လှိုင်းမှာ ဂျပန် တောင်ကိုးရီးယား ဟောင်ကောင် ထိုင်ဝမ် စင်ကာပူတို့လို နိုင်ငံတွေက အဲဒီလှိုင်းကို ခိုပြီး ပါသွားကြတယ်…. လှိုင်းဆိုတာ လာတုန်းမှာ စီးရတာ လှိုင်းမရှိရင်တော့ ယက်ကန်ယက်ကန်ပေါ့…. အခု ကုန်သွယ်ရေးမှာ တရုတ်က အားသားပြီး အရှိန် ရလာတော့…. အရင်လှိုင်းမှာ ကျန်ခဲ့တဲ့ နိုင်ငံတွေက တရုတ်စီးပွားအတက်မှာ တရုတ်နဲ့အတူ ကပ်ခိုတက်ဖို့ ကြိုးစားကြတယ်…..

ဖိလိပိုင်ဆို တောင်တရုတ်ပင်လယ်မှာ တရုတ်နဲ့ ရေပိုင်နက်ပြသနာ ရှိပေမယ့် ဒူတာတေး ခင်ဗျာ CCTV နဲ့ ၂၀၁၆ က အင်တာဗျူးလုပ်တဲ့ အခါမှာ We need your help လို့ပြောခဲ့သလို သူ့ရဲ့ မကြာကြာ ပြောတဲ့ မိန့်ခွန်းတွေမှာလည်း သူတို့နိုင်ငံ တိုးတက်ဖို့ တရုတ်လိုတယ်ဆိုပြီး ပြောလေ့ရှိတယ်.. ကမ္ဘောဒီယားဆိုလည်း စိဟနိုဗီမှာ တရုတ်ကို မြို့ကြီးတွေ ပေးဆောက်ပြီး တရုတ်လှိုင်းကို ကပ်စီးဖို့ကြိုးစားနေကြတယ်…

တရုတ်ကိုမှီခိုပြီး လှိုင်းစီးရတာ ကောင်းပါတယ်…. ဒါပေမယ့် ပြသနာက ၁၉၆၉ တုန်းက ကနေဒါဝန်ကြီးချုပ် ပရယ်တီးဒို အမေရိကန် သမ္မရစ်ချက်နယ်ဆင်နဲ့ တွေ့တုန်းက ပြောခဲ့တဲ့ ကမ္ဘာကျော် အဆိုမိန့်လိုပေါ့…. အမေရိကန်နဲ့ ဘေးနားမှာ ရှိနေတာဟာ ဆင်နဲ့အိပ်ရသလိုပဲတဲ့… ဆင်ကလုပ်ရင် ဆင်နဲ့အိပ်တဲ့ အကောင်သေး တဲ့ ကောင်က နှစ်ဆပိုလှုပ်တယ်တဲ့…..

ကိုယ်တွေလို ယူနန်ပြည်နယ် တစ်ခုစာလောက် ရှိတဲ့ နိုင်ငံလေးဆို ပြောမနေနဲ့ တရုတ်က လက်ဖျောက်တစ်ချက်တီးရုံနဲ့ ချာလပတ်ကိုရမ်းနေတာ… တရုတ်ကွန်မြူနစ်ပါတီ ပထဆုံး အာဏာရတဲ့အချိန် နိုင်ငံတော်တော်များများက ထိုင်ဝမ်ကိုပဲ အသိမှတ်ပြုတယ် ကွန်မြူနစ်အစိုးရကို ချက်ချင်း အသိမှတ် မပြုကြ သေးဘူး…. ကွန်မြူနစ်နိုင်ငံ မဟုတ်ပဲ ပထမဆုံးတရုတ်ကွန်မြူနစ်အစိုးရကို အသိမှတ်ပြုတဲ့ နိုင်ငံက မြန်မာနိုင်ငံ..

သိပ္ပံမူးတင်ရေးတဲ့ ဆောင်းပါးတစ်ပုဒ်ထဲမှာ ဖတ်ဖူးတာ… အမေရိကန်ကနေ ရန်ကုန်မန်းလေး အမြန်လမ်း ဖောက်ပေးမဲ့ ကိစ္စမှာ သူက တာဝန်ယူရတာဆိုပဲ… နောက်တော့ တရုတ်ကန့်ကွက်လို့ ပျက်သွားတယ်…. ဟိုက်ဝေးလမ်းမကြီးက အမေရိကန် လေယာဉ်ကွင်းဖြစ်သွားမှာစိုးလို့တဲ့… ဘယ်လိုပဲဖြစ်ဖြစ်ပါ ဒေါ်အောင်ဆန်းစုကြည် အစိုးရမဖြစ်ခင်က ပြောခဲ့သလိုပေါ့… တရုတ်ဆိုတာ အိမ်နီးချင်းနိုင်ငံတဲ့ မရွေးချယ်လဲသူကတေ့ ဘေးနားမှာရှိမှာရှိနေမှာပဲတဲ့…

ဉီးအောင်မင်း မုံရွာသွားတော့ တပည့်တော် တို့က တရုတ်ကိုကြောက်ရတယ်ရဘုရားဆိုတော့… ဖေ့ဘုတ်မှာ ဝိုင်ရှဲကြတာ ဉီးအောင်မင်းတို့ အစိုးရက တရုတ်ကို ကြောက်ရတယ်ဆိုပြီး… ဒါပေမယ့် … ဘာကြောင့် ကြောက်ရတယ်ဆိုတာ သူပြောသွားတဲ့ အချက်ကိုတော့ တော်တော်များများ မသိကြဘူး…

သူပြောသွားတာက… ဗကပတွေကို တရုတ်အစိုးရက ထောက်ပံ့ ထားတာ ဗကပ မြစ်ဖျားဒေသတိုင်းဆိုပြီး… အင်းတော် ဗန်းမောက် ကောလင်းဘက်ကို တစ်ကြောင်းဆင်း မသုံးလုံးနယ်မြေ မိတ္တိလာမြင်းခြံတစ်ကြောင်း ပဲခူးရိုးမကို တစ်ကြောင်း သုံးကြောင်းဆင်းချလာတော့… အဲတာတွေကို လိုက်တိုက်နေရတာ နဲ့ ကျွန်တော်တို့ ဘာမှမလုပ်နိုင်ဘူး တိန့်ရှောင်ဖိန်တက်လာပြီး ဗကပကို ထောက်ပံ့တာရပ်လိုက်တော့မှ ဗကပ ချုပ်ငြိမ်းသွားတယ်…

အခုလည်း နယ်စပ်ဒေသတွေမှာ တရုတ်က ဟိုအဖွဲ့ ဒီအဖွဲ့တွေကို ထောက်ပံ့ လိုက်ရင် စီးပွားရေးလုပ်ဖို့အတွက် နောက်ကို ပြန်လှည့်ကြည့်နေရမှာတဲ့…. နောက်တော့ ဒီအစိုးရလက်ထဲမှာ ထပ်ပြောပါသေးတယ်… NLD အစိုးရက သူတို့ထက် တရုတ်ကိုပိုကြောက်ရတယ်တဲ့…. ထားပါ…

အနှစ်ချုပ်ပြောချင်ကတော့… ကိုယ့်ထက် လူဉီးရေ ပိုများ စီးပွားရေး ပိုကောင်းတဲ့ နိုင်ငံတွေတောင် တရုတ်နဲ့ ဆိုရင် ရန်ဖြစ်ဖို့ထက် ကိုယ်ဘက်ကလည်း ဘယ်လို အကျိုးရှိအောင်လုပ်မလည်း စဉ်းစားနေချိန်မှာ… တရုတ်မုန်းတီးရေး စကားတွေ ပြောနေတာထက်… ကိုယ်တွေလည်း ဘယ်လို အကျိုးရှိအောင် လုပ်ရလဲဆိုတာပဲစဉ်းစားသင့်တယ်ထင်ပါတယ်…

တရုတ်လုပ်ငန်းတွေဝင်လာရင် ဂုတ်သွေး စုတ်တာတို့… တရုတ်တိုးတွေလာရင် စည်းမရှိတာတို့ဆိုကတော့…. ထိုင်းက ကုန်တိုက်ကြီးတွေမှာ LV တန်းစီးဝယ်တဲ့ တရုတ်လာပြီး ကိုယ်တွေတိုင်းပြည်ကျမှာ ဘုရားက ကျောက်စိမ်းခွါတဲ့ ကောင်တွေရောက်လာတော့… သွင်းလာတဲ့လူနဲ့ ခွင့်ပြုပေးတဲ့ အနေထားပေါ်မှာပဲ မူတည်မယ် ထင်ပါတယ်…

စီးပွားရေးမှာလည်းတူတူပါပဲ… ကိုယ်တွေက အမေရိကန် ကိုလည်း မတည့်… တရုတ်ကိုလည်း မုန်းဆိုရင်တော့… ကိုယ်တွေငယ်ငယ်တုန်းကလိုပေါ့ MRTV ကနေ အကော်ဒီယမ်လေးတီးပြီး မြန်မာပြည်အလှလေးတွေ ခံစားနေလိုက်ကြရုံပဲပေါ့… ဘာရယ်ညာရယ်မဟုတ်ပါဘူး လက်ကျိုးလို့ စာမရေးနိုင်တာ… အခုသက်သာလာလို့ စာရိုက်ပြန်ကျင့်ရင်း ထင်ရာမြင်ရာ လျှောက်ရေးကြည့်တာပါလေ…

Soe Zeya Tun

Add a Comment

Your email address will not be published. Required fields are marked *

two + 15 =