လာမယ့်နောက် နှစ်နှစ် အသက်(၃၆)နှစ် မှာ လက်ထပ်တော့မယ် လို့ တရားဝင် ထုတ်ပြောလာတဲ့ အေးမြတ်သူ

လာမယ့်နောက် နှစ်နှစ် အသက်(၃၆)နှစ် မှာ လက်ထပ်တော့မယ် လို့ တရားဝင် ထုတ်ပြောလာတဲ့ အေးမြတ်သူ

ပါးချိုင့်ကလေးနဲ့ အရမ်းချစ်စရာကောင်းတဲ့ မင်းသမီးလေး အေးမြတ်သူက ဆယ်ကျော်သက်အရွယ် ကတည်းက အခုချိန်ထိတိုင် အောင်မြင်မှုအပေါင်း သရဖူဆောင်ထားနိုင်သူလေးတစ်ယောက် ဖြစ်ပါတယ်။ မနေ့က ဇွန်လ (၈)ရက်နေ့ကတော့ အေးမြတ်သူရဲ့ အသက် (၃၄)နှစ်ပြည့် မွေးနေ့လေးပဲ ဖြစ်ပါတယ်။ အေးမြတ်သူက သူမရဲ့မွေးနေ့လေးမှာ ပျော်ရွှင်ခဲ့ရတဲ့ ခံစားချက်တွေ နဲ့အတူတူ နောက်(၂)နှစ်မှာ လက်ထပ်တော့မယ့်အကြောင်းကို အခုလိုပဲ ပြောလာပါတယ်။

“ဒီနေ့.. ဒီလောက်ထိပျော်ရွှင်ရမယ်လို့ မမျှော်လင့် ခဲ့ဘူး။ လူတယောက်ရဲ့ပျော်ရွှင်မှု့ က ငွေကြေးနဲ့မဆိုင်ဘူး။ သူရဲ့ လိုအပ်ချက်ကိုနားလည်ဖြည့်ဆည်းပေးနိုင်ဖို့နဲ့သာ သက်ဆိုင်တာပါ။ သစ္စာရှိပြီးနားလည်ပေးနိုင်တဲ့ချစ်သူ နဲ့ မေတ္တာတရားတွေနဲ့စောင့်ရှောက်ပေးနေကြတဲ့ ချစ်ရသူတွေကြောင့်ကျမ စိတ်ဓာတ်ခွန်အားတွေပြန်ရခဲ့တယ်။ ပျော်ရွှင်စရာကောင်းတဲ့ နေ့ရက်တွေကိုဖန်တီးခွင့်ရမယ်လို့ ပိုယုံကြည်လာတယ်။ ဒီလိုနေ့ရက်တွေသာဖန်တီးခွင့်ရမယ်ဆိုအသက်၄၃နှစ်မှာလည်း ကျမ ဒီအတိုင်းလေးရှိနေမှာပါ။ ချမ်းသာခြင်းဆိုတဲ့နေရာမှာ စိတ်ချမ်းသာခြင်း ကိုသာ ကျမ ရွေးခြယ်နေထိုင်ချင်ပါတယ်။”

“ဒီအသက်၃၄နှစ်မှာ ကျမ ဒီလိုလေးကြည့်ကောင်းနေမယ် လို့ အသက်၁၆/ ၁၇နှစ်လောက်ကမျှော်လင့်ခဲ့ဘူး။ အိမ်ထောင်ကျလို့ ခလေး ၂ ယောက်လောက်နဲ့ မိသားစုစားဝတ်နေရေးတွေကြားထဲမှာနစ်မွန်းနေမယ်..အရမ်းကိုရုန်းကန်နေရမယ်လို့ထင်ခဲ့မိတာ။ စကားမစပ်၂၀၂၂မှာ အသက် ၃၆နှစ်မှာလက်ထပ်နိုင်ဖို့ ကျမ မျှော်လင့် ထားပါတယ်။ အရမ်းကြီးကျယ်ခမ်းနားတဲ့ မင်္ဂလာပွဲကြီးဖြစ်ချင်မှဖြစ်မယ်။ ခမ်းနားတဲ့ ချစ်ခြင်းတရားတွေနဲ့မင်္ဂလာပွဲကြီးဖြစ်ချင်ပါတယ်။ ချစ်ရသူတွေအားလုံး ဆုတောင်းပေးကြပါနော်။” ဆိုပြီး ပြောလာပါတယ်။ အေးမြတ်သူကတော့ မကြာခင်အချိန် အတွင်းမှာ အပျိုကြီးဆိုတဲ့ ဂုဏ်ပုဒ်ကို စွန့်လွှတ်တော့မှာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အေးမြတ်သူ ရဲ့ စိတ်ကူးထဲက မင်္ဂလာပွဲလေး အမြန်ဆုံးဖြစ်မြောက်ဖို့ ဆုတောင်းပေးကြပါဦးနော်။

Source: Aye Myat Thu’s fb
Credit – Cele Connections

Add a Comment

Your email address will not be published. Required fields are marked *

nine − 5 =