အရင်က ကိုယ်တိုင် နားဆင်ပြီး မျက်ရည်ကျခဲ့ရတဲ့ သီချင်းလေးကို Cover Song ပြန်လည် သီဆိုခဲ့တဲ့ ချယ်ရီသင်း

တေးသံရှင် ချယ်ရီသင်းဟာ အိပ်မက်ဆုံရာ Season (5) မှာ ပရိသတ် အားပေးမှု အခိုင်အမာရရှိခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ခွင့်လွှတ်ပေးဖို့ တောင်းပန်ချင် ဆိုတဲ့ သီချင်းလေးနဲ့ ပရိသတ်တွေကြားမှာ အတော်လေးရေပန်းစားအောင်မြင်ခဲ့တယ်လို့ဆိုရမှာပါ ။ နောက်ပိုင်း သူမရေးသား သီဆိုတဲ့ သီချင်းတွေကိုလည်း ပရိသတ်တွေက တခဲနက်အားပေးခဲ့ကြပါတယ် ။

ခေတ်နဲ့အညီ Trend ဖြစ်တဲ့ သူမရဲ့ သီချင်းလေးတွေက ပရိသတ်တွေကြား မှာ အတော်လေးရေပန်းစားပြီး Tik Tok တွေမှာလည်း အောင်မြင်ခဲ့ပါတယ် ။ လတ်တလောမှာတော့ အရင်ကဒီသီချင်းနားထောင်ပြီးငိုခဲ့ဖူးတယ် အခုတော့ Cover ပြန်ဆိုလိုက်ပါတယ် ဆိုတဲ့စာသားလေးနဲ့အတူ Right Here Waiting ဆိုတဲ့ သီချင်းလေးကို ကာဗာ ပြန်လည်သီဆိုပြီး ပရိသတ်တွေကို လူမှုကွန်ရက်စာမျက်နှာကနေတဆင့် မျှဝေပေးလာခဲ့တာဖြစ်ပါတယ် ။

စကားအရမ်းမပီပေမဲ့ကြိုးစား ဆိုထားတာဖြစ်တယ်လို့လည်း ပရိသတ်တွေကို ပြောပြထားပါသေးတယ် ။ ချယ်ရီသင်းကိုချစ်တဲ့ ပရိသတ်ကြီးအတွက်လည်း သူမ ကိုယ်တိုင်သီဆိုထားတဲ့ Right Here Waiting ဆိုတဲ့ သီချင်းလေးကို ပြန်လည်မျှဝေပေးလိုက် ပါတယ်နော် ။

Source : Cherry Thin
Credit ;(Cele Gabar)

zawgyi

ေတးသံရွင္ ခ်ယ္ရီသင္းဟာ အိပ္မက္ဆုံရာ Season (5) မွာ ပရိသတ္ အားေပးမႈ အခိုင္အမာရရွိခဲ့တဲ့ အႏုပညာရွင္တစ္ေယာက္ျဖစ္ၿပီး ခြင့္လႊတ္ေပးဖို႔ ေတာင္းပန္ခ်င္ ဆိုတဲ့ သီခ်င္းေလးနဲ႔ ပရိသတ္ေတြၾကားမွာ အေတာ္ေလးေရပန္းစားေအာင္ျမင္ခဲ့တယ္လို႔ဆိုရမွာပါ ။ ေနာက္ပိုင္း သူမေရးသား သီဆိုတဲ့ သီခ်င္းေတြကိုလည္း ပရိသတ္ေတြက တခဲနက္အားေပးခဲ့ၾကပါတယ္ ။

ေခတ္နဲ႔အညီ Trend ျဖစ္တဲ့ သူမရဲ႕ သီခ်င္းေလးေတြက ပရိသတ္ေတြၾကား မွာ အေတာ္ေလးေရပန္းစားၿပီး Tik Tok ေတြမွာလည္း ေအာင္ျမင္ခဲ့ပါတယ္ ။ လတ္တေလာမွာေတာ့ အရင္ကဒီသီခ်င္းနားေထာင္ၿပီးငိုခဲ့ဖူးတယ္ အခုေတာ့ Cover ျပန္ဆိုလိုက္ပါတယ္ ဆိုတဲ့စာသားေလးနဲ႔အတူ Right Here Waiting ဆိုတဲ့ သီခ်င္းေလးကို ကာဗာ ျပန္လည္သီဆိုၿပီး ပရိသတ္ေတြကို လူမႈကြန္ရက္စာမ်က္ႏွာကေနတဆင့္ မွ်ေဝေပးလာခဲ့တာျဖစ္ပါတယ္ ။

စကားအရမ္းမပီေပမဲ့ႀကိဳးစား ဆိုထားတာျဖစ္တယ္လို႔လည္း ပရိသတ္ေတြကို ေျပာျပထားပါေသးတယ္ ။ ခ်ယ္ရီသင္းကိုခ်စ္တဲ့ ပရိသတ္ႀကီးအတြက္လည္း သူမ ကိုယ္တိုင္သီဆိုထားတဲ့ Right Here Waiting ဆိုတဲ့ သီခ်င္းေလးကို ျပန္လည္မွ်ေဝေပးလိုက္ ပါတယ္ေနာ္ ။

Source : Cherry Thin
Credit ;(Cele Gabar)