ဆရာဝန်တွေ ကိုယ်တိုင် အံအား သင့်ခဲ့ရတဲ့ လူတစ်ပိုင်း၊ ငါးတစ်ပိုင်း ပုံစံ ရေသူမအဖြစ် မွေးဖွားလာတဲ့ ကလေး ငယ်လေး(ဗီဒီယို)

ဆရာဝန်တွေ ကိုယ်တိုင် အံအား သင့်ခဲ့ရတဲ့ လူတစ်ပိုင်း၊ ငါးတစ်ပိုင်း ပုံစံ ရေသူမအဖြစ် မွေးဖွားလာတဲ့ ကလေး ငယ်လေး(ဗီဒီယို)

ရေသူမ ရောဂါလက္ခဏာ စီရန်နိုမီလီယာ (Sirenomelia) လို့ခေါ် တဲ့ ခန္ဓာကိုယ် ပုံမှန် မဟုတ်တဲ့ ကလေးကို လွန်ခဲ့တဲ့ ဒီဇင်ဘာလ ၆ ရက်နေ့ က အိန္ဒိယနိုင်ငံမှာ မွေးဖွားခဲ့တာပါ။ မက်ကူရာဘီဘီ လို့ အမည်ရတဲ့ အသက် ၂၃ နှစ်အရွယ် မိခင်တစ်ဦးက မွေးဖွားခဲ့ တာဖြစ်ပြီး မွေးပြီး ၄ နာရီ အကြာမှာပဲ သေဆုံးသွား ခဲ့ပါတယ်။

မိခင်အတွက် ပထမဦးဆုံး သားဦးဖြစ်တဲ့ အပြင်ကို ကိုယ်ဝန်ဆောင်စဉ် ကာလကလည်း ငွေကြေး မတတ်နိုင်တာကြောင့် သန္ဓေသားအတွက် ဆေးဝါးထောက်ပံ့မှုတွေ မပြုလုပ်နိုင်ခဲ့သလို၊ အာလ်ထရာဆောင်းလည်း မရိုက်ခဲ့ရပါဘူး။ ဆရာဝန်တွေရဲ့ ပြောကြားချက်အရတော့ ဒီလိုလူတစ်ပိုင်း၊ ငါးတစ်ပိုင်း ဖြစ်တာဟာ ကိုယ်ဝန်ဆောင် မိခင်က သန္ဓေသားအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ မဖြည်ဆည်းနိုင်တာနဲ့ ကလေးက ပုံမှန်လည်ပတ်မှုမရှိ တာတွေကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ “ဒီလိုကလေးမျိုး အရင်က တခါမှ မတွေ့ဖူးဘူး။ ဒီလိုရေသူမပုံစံအတိုင်း မွေးဖွားတဲ့ ကလေးဟာ ဒီပြည်နယ်မှာ ပထမဦးဆုံး အကြိမ်ဖြစ်ပေမယ့် နိုင်ငံအနေနဲ့တော့ ဒုတိအကြိမ်အဖြစ် မွေးဖွားလာတာပါ။

ကလေးရဲ့ အပေါ်ပိုင်းကတော့ ပုံမှန်ပါပဲ။ ဒါပေမယ့် ခါးအောက်ပိုင်း ခြေထောက်တွေက တွဲရက်ဖြစ်နေတော့ အောက်ပိုင်း က လုံးဝ ဖွံ့ဖြိုးမှု မရှိဘူး” လို့ ကလေးအထူးကု ဒေါက်တာဆူဒစ်ရှာဟာက ပြောပါတယ်။ ကမ္ဘာပေါ်မှာ ဒီလိုရေသူမပုံစံလိုမျိုး မွေးဖွားလာတဲ့ ကလေးငယ်က အခုနဲ့ဆိုရင် ၅ ယောက်မြောက်ရှိပြီလို့ သိရပါတယ်။ ခြေထောက်နှစ်ချောင်းပူးနေပြီး ယောက်ျားလေးလား၊ မိန်းကလေး လား မသိရတဲ့

လူတစ်ပိုင်း၊ ငါးတစ်ပိုင်းပုံစံ ကလေးငယ် က အိန္ဒိယနိုင်ငံ မှာတော့ ဒုတိယမြောက်မွေးဖွားလာတဲ့ ကလေးဖြစ်တယ်လို့ ဆိုပါတယ်။ ၂၀၁၆ ခုနှစ်တုန်းက အိန္ဒိယနိုင်ငံမှာ မွေးဖွားတဲ့ ပထမဦးဆုံးသော ရေသူမပုံစံ ကလေးက ၁၀ မိနစ်ပဲ အသက်ရှင်တယ်လို့ သိရပါတယ်။ နန်း(ရွှေအင်းလေး)

ရုပ်သံကြည့်ရန်

Add a Comment

Your email address will not be published. Required fields are marked *

5 × five =