ဒေါ်မင်းမင်းလှိုင် (သို့မဟုတ်) ပင်းတယမီး အိမ်ရှင် ဖြစ်လာစေ တဲ့ ပါရမီ ဖြည့်ဖက်…

ဒေါ်မင်းမင်းလှိုင် (သို့မဟုတ်) ပင်းတယမီး အိမ်ရှင် ဖြစ်လာစေ တဲ့ ပါရမီ ဖြည့်ဖက်…

ပင်းတယမီးအိမ်ရှင်ဟု ဆိုလိုက်တာ နဲ့ အပြုံးချိုချို မျက်နှာထား နဲ့ လူနာတွေကို နွေးထွေးကြင်နာတတ်သော ဆရာဝန် ၊ ပရဟိတ လုပ်ငန်းများကို စေတနာပါပါ လုပ်ဆောင်ပေးတတ်သော ပရဟိတသမား ၊ ပြည်သူ့ဂုဏ်ရည်ဆုအပါအဝင် ပရဟိတဆုပေါင်းများစွာနဲ့ ချီးမြှောက်ခြင်းခံရတဲ့ ပြည်သူ့ဝန်ထမ်းကောင်း တစ်ဦးအဖြစ် ပြေးမြင်ကြပါတယ်…

ပင်းတယမီးအိမ်ရှင် ဒေါက်တာသန်းမင်းထွဋ် အောင်မြင်ခြင်း ၏ လျှို့ဝှက်ချက်များမှာ များစွာရှိနိုင်ပါတယ်.. ကိုယ်ကျင့်သီလမြဲမြံခြင်း ၊ သစ္စာ သမာဓိ တည်ကြည်ခြင်း ၊ အလုပ်လုပ်တိုင်း စေတနာအပြည့်အဝထားခြင်း ၊ ဉာဏ်အမြော်အမြင်ကြီးမားခြင်း ၊ ကိုယ်တတ်ကျွမ်းသော ပညာကို အစဉ်အမြဲ တိုးတက်အောင် ကြိုးစားနေခြင်း စသည့် အချက်များစွာကြောင့် အောင်မြင်သူတစ်ယောက် ၊ အများက လေးစားအားကျ အတုယူရသူတစ်ယောက် ဖြစ်လာခဲ့ခြင်းဟု ဆိုရပါမယ်…

ပင်းတယမီးအိမ်ရှင် အောင်မြင်မှု အလီလီရပြီး လက်ခုပ်သံ တစ်ဖြောင်းဖြောင်း ကြားရအောင် နောက်ကွယ်ကနေ ပါရမီဖြည့်ခဲ့တဲ့ ဒေါ်မင်းမင်းလှိုင် ဆိုသည့် ဇနီးဖြစ်သူကြောင့်လည်း ပင်းတယမီးအိမ်ရှင် ပို၍ အောင်မြင်ခဲ့သည်ဟု ဆိုက ပိုမှန်ပါလိမ့်မယ်..

ပင်းတယမီးအိမ်ရှင်ဟာ ပင်းတယမြေမှာ တာဝန် များစွာ အလုပ်များစွာ လုပ်ခဲ့တဲ့အလျှောက် မိသားစုအတွက် အချိန်ပေးနိုင်မှု နည်းပါး ခဲ့နိုင်ပေမယ့် မငြိုငြင်… ညစာကို မနက်ဘက်မှ စားချိန်ရတဲ့ ခင်ပွန်းသည်နဲ့ ညစာအတူတူ စားဖို့ စောင့်နေတတ်သော အိမ်ရှင်မကောင်း တစ်ယောက်လည်း ဖြစ်ပါတယ်…

ဆေးရုံအုပ်ကြီး၏ ဇနီးအနေ နဲ့ မည်သည့် အခွင်အရေးမျှ မယူ… မည်သည့် ထောင်လွှား မှုမျှ မရှိ… ပကတိ ရိုးသား အေးဆေးသူ…

တစ်ခါက စာပေဟောပြောပွဲမှာ ဟောပြောပွဲ အပြီး အမှတ်တရဓာတ်ပုံရိုက်ကြချိန် ပရိသတ်နဲ့ အတူတူ စာအုပ်အိတ်ဆွဲပြီး ပြန်သွားတာကြောင့် မီးအိမ်ရှင်က ကျနော့်ကို လိုက်ခေါ်ဖို့ ပြောသဖြင့် အပြေးလိုက်ခေါ်ရဖူးပါတယ်.. ဤမျှ ထင်ပေါ်လိုစိတ် နည်းပါးသူပါ..

ကျွန်တော်တို့ ချစ်ခင် လေးစား တန်ဖိုးထား အတုယူရသော ပင်းတယမီး အိမ်ရှင်၏ ပါရမီဖြည့်ဖက်… သမီးလေး ဖူးဖူး၏ ကျေးဇူးရှင် မိခင်ကြီး… အနာရောဂါကင်းစွာနှင့် အသက်ရှည်ပါစေ… ပိုပြီးသာယာပျော်ရွှင်တဲ့ မိသားစု ဘဝကို ပိုင်ဆိုင်ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်ခင်ဗျာ…

Zwe Hsu Paing

Add a Comment

Your email address will not be published. Required fields are marked *

four + eighteen =