ဒီနေ့မှာပဲ အသစ်ထွက်ရှိလာတဲ့ အိုင်ရင်းဇင်မာမြင့် ရဲ့ အသည်းကွဲသီချင်း MTV လေး တစ်ပုဒ်

ဒီနေ့မှာပဲ အသစ်ထွက်ရှိလာတဲ့ အိုင်ရင်းဇင်မာမြင့် ရဲ့ အသည်းကွဲသီချင်း MTV လေး တစ်ပုဒ်

အိုင်ရင်းဇင်မာမြင့်ကတော့ ပရိသတ် အချစ်တော် အဆိုတော်တွေ ထဲက တစ်ယောက်အပါအဝင်ပဲဖြစ်ပါတယ်။ သူမကတော့ တေးစီးရီးအယ်ဘမ် များစွာကိုထွက်ရှိအောင်မြင်ထားပြီး ထွက်သမျှသီချင်းတွေကလည်း ပရိသတ်တွေ အကြိုက်နဲ့ထပ်တူကျခဲ့ပါတယ်။ အိုင်ရင်းဇင်မာမြင့်ကတော့ ဒီနေ့မှာလည်း ပရိသတ်တွေရဲ့အကြိုက် နဲ့ တွေ့စေမည့် MTVလေးတစ်ပုဒ် ထွက်ရှိလာခဲ့ပါတယ်။

သီချင်းလေးကတော့ “မုန်းခဲ့သည်” ဆိုတဲ့ သီချင်းလေးဖြစ်ပြီး အသည်းကွဲသီချင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ အဆိုပါ သီချင်း MTVလေးမှာတော့ အိုင်ရင်းဇင်မာမြင့်နဲ့အတူ မင်းသားချောလေး ချမ်းမင်းရဲထွဋ်နဲ့ မိုးသင်ဇာတို့က ပါဝင် သရုပ်ဆောင်ထားခဲ့တာပဲဖြစ်ပါတယ်။ “မုန်းခဲ့သည်”ဆိုတဲ့သီချင်းလေးကိုတော့ တေးရေးဆရာရှိင်းဝေယံက ခံစားချက်အပြည့်နဲ့ရေးသားပေး ခဲ့တာဖြစ်ပါတယ်။

ပရိသတ်ကြီးတွေကလည်း အိုင်ရင်းဇင်မာမြင့် ရဲ့သီချင်း MTVလေးကို သဘောကျ နှစ်သက်နေတာလည်းတွေ့ရပါတယ်။ ပရိသတ်ကြီးအတွက်လည်း အိုင်ရင်းဇင်မာမြင့်ရဲ့”မုန်းခဲ့သည်”ဆိုတဲ့သီချင်း MTV လေးကို ပြန်လည်ဖော်ပြပေး လိုက်ပါတယ်။

Source:Irene Zin Mar Myint

Add a Comment

Your email address will not be published. Required fields are marked *

one × one =