ပုံမှန်ဝင်ငွေ မရှိတဲ့ ပြည်သူတွေကို နောက်တစ်ပြန်ထောက်ပံ့မှုတွေ ပေးဖို့ အမေဒေါ်အောင်ဆန်းစုကြည်ပြောပီ (ရုပ်/သံ)

ပုံမှန်ဝင်ငွေ မရှိတဲ့ ပြည်သူတွေကို နောက်တစ်ပြန်ထောက်ပံ့မှုတွေ ပေးဖို့ အမေဒေါ်အောင်ဆန်းစုကြည်ပြောပီ (ရုပ်/သံ)

အမေဒေါ်အောင်ဆန်းစုကြည်မှ ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစားများ ထောက် ပံ့ပေးမှု အခြေအနေများနှင့် စပ်လျဉ်း၍ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေ၊ ကော့ပနော ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဒေါ်နီနီအောင် တို့ နှင့် အပြန်အလှန် ဆွေးနွေးခဲ့ပါတယ်။

အမေ့မေတ္တာတရားဘယ်လောက်ကြီးမားသလဲဆိုတာ အားလုံးမြင်တွေ့ရပီ။ မြန်မာနိုင်ငံ မှာ ဒီလိုခေါင်းဆောင်မျိုး ဘယ်တုန်းကမှ မပေါ်ထွန်း ခဲ့ဘူးဖူး။ အခုလို အမေ့မေတ္တာရိပ်အောက် မှာ နေထိုင်ကြရလို့ တိုင်းသူပြည်သားတွေ အဆင်ပြေအေးချမ်းကြရတယ်။

ပြည်သူ့အတွက် ဆို ဘယ်လိုဒုက္ခမျိုးမဆို ရှေ့တန်းက ထွက် ရဲရဲဝံ့ဝံ့ ရင်ဆိုင်တတ်တဲ့အမေ၊ ပြည်သူတွေအတွက် စိတ်မအေးနိုင်တဲ့အမေ အခုလည်း ငွေကြေးထောက်ပံ့အုံးမယ်တဲ့။ အဲလောက်တောင် ပြည်သူတွေကို ချစ်တားလားဗျာ။

လောကမှာ မေတ္တာတရားဟာ အင်အား အကြီးမားဆုံးဖြစ်ပီး အရာရာကို အောင်မြင်တဲ့အရာပါ။ မြတ်စွာဘုရားတောင် မှ အရာအားလုံးကို မေတ္တာဖြင့်အောင်မြင်ခဲ့တာပဲ။ အခု အမေလည်း ပြည်သူတွေအပေါ် မေတ္တာနဲ့အုပ်ချုပ်နေတာဗျာ။

အထင်ရှားဆုံးအချက်က အမေ့မေတ္တာတရားကြောင့် တစ်ကမ္ဘာလုံး ကြောက်လန့်ပီး ကူးစက်မှုမြင့်မားနေတဲ့ ကိုဗစ် တောင် အနည်းအကျဉ်းပဲ ကူးစက်တာ ငြင်းလို့မရပါ။ အခုချိန်ထိ ကမ္ဘာမှာကိုဗစ်ကြောင့် သေဆုံးသူမြင့်တက်နေချိန်မှာ အမေ့မေတ္တာရိပ်အောက်က ကျွန်တော်တို့ မြန်မာနိုင်ငံမှာ သေဆုံး 6ယောက်ပဲရှိတယ်လေ။ အားလုံး အမေ့မေတ္တာကြောင့် ကျန်းမာချမ်းသာကြ ပါစေဗျာ …

crd : alanzayar

Add a Comment

Your email address will not be published. Required fields are marked *

18 + two =