COVID-19 ကူးစက္ ခံရတဲ့ အမ်ိဳးသားမ်ား ရဲ႕ သုတ္ထဲမွာ ကို႐ိုနာ ဗိုင္းရပ္စ္ေတြ႕ရ ဟု တ႐ုတ္ ေလ့လာမႈကဆို

COVID-19 ကူးစက္ ခံရတဲ့ အမ်ိဳးသားမ်ား ရဲ႕ သုတ္ထဲမွာ ကို႐ိုနာ ဗိုင္းရပ္စ္ေတြ႕ရ ဟု တ႐ုတ္ ေလ့လာမႈကဆို

လိင္ဆက္ဆံမႈမွ တစ္ဆင့္ ကူးစက္ျခင္း ရွိ မရွိ အတည္ျပဳႏိုင္ရန္ ေနာက္ထပ္ သုေတသနျပဳလုပ္ရမွာပါ။ တ႐ုတ္ သိပၸံပညာရွင္ေတြက COVID-19 အတည္ျပဳလူနာ အမ်ိဳးသားေတြရဲ႕ သုက္ထဲမွာ ကို႐ိုနာဗိုင္းရပ္စ္ကို ေတြ႕ရွိခဲ့ရတယ္လို႔ ဆိုပါတယ္။

သို႔ေသာ္ ဗိုင္းရပ္စ္ဟာ လိင္ဆက္ဆံမႈမွ တစ္ဆင့္ ကူးစက္ျခင္းရွိ မရွိ စိစစ္ အတည္ျပဳႏိုင္ရန္အတြက္ကိုေတာ့ ေနာက္ထပ္ သုေတသနျပဳရန္ လိုအပ္ မွာျဖစ္ပါတယ္။ တ႐ုတ္ေဆး႐ုံတစ္႐ုံမွာ တက္ေရာက္ကုသေနတဲ့ COVID-19 လူနာမ်ားကို ေလ့လာခဲ့မႈကေန ထိုသို႔ေတြ႕ရွိခဲ့ရေၾကာင္း JAMA Network Open ေဆးပညာဂ်ာနယ္မွာ ေမ ၇ ရက္ေန႔က ေဖာ္ျပခဲ့ပါတယ္။ COVID-19 ဟာ အသက္ရႉ လမ္းေၾကာင္းတစ္ေလွ်ာက္မွ အမႈန္အမႊားနဲ႔ အရည္အစက္ေလးမ်ား သို႔မဟုတ္ ထိေတြ႕မႈမွတစ္ဆင့္ ကူးစက္ပ်ံ႕ႏွံ႔တာ ျဖစ္ပါတယ္။ COVID-19 ျဖစ္ေစတဲ့ ကို႐ိုနာ ဗိုင္းရပ္စ္ (SARS-CoV-2) ကို မစင္၊ တံေတြးနဲ႔ ဆီးထဲမွာလည္း ေတြ႕ရွိထားေၾကာင္း သိရပါတယ္။

တ႐ုတ္ႏိုင္ငံ Henan ျပည္နယ္ Shangqiu Municipal ေဆး႐ုံမွ သုေတသီေတြက သုက္ထဲမွာ ဗိုင္းရပ္စ္ရွိ မရွိ ေလ့လာမႈတစ္ခု ျပဳလုပ္ ခဲ့ၾကေၾကာင္း AFP သတင္းမွာ ေဖာ္ျပပါတယ္။ သုေတသီေတြ က အသက္ ၁၅ ႏွစ္မွ ၅၀ ႏွစ္ၾကားအ႐ြယ္ COVID-19 လူနာ ၃၅ ဦးရဲ႕ သုက္ရည္ကို စစ္ေဆး ခဲ့ၾကတာ ျဖစ္ပါတယ္။ ထိုသို႔ စစ္ေဆးၾကည့္ရာမွာ လူနာေျခာက္ဦးရဲ႕ သုက္ထဲမွာ ကို႐ိုနာဗိုင္းရပ္စ္ မ်ိဳး႐ိုဗီဇ ဆိုင္ရာပစၥည္းေတြကို ေတြ႕ရွိခဲ့ရ ပါတယ္။ အဆိုပါ လူနာေျခာက္ဦးအနက္ ေလးဦးဟာ COVID-19 အေျခအေန စိုးရိမ္ရတဲ့အဆင့္ျဖစ္ၿပီး ႏွစ္ဦးကေတာ့ ျပန္လည္ သက္သာလာေနတဲ့ လူနာေတြျဖစ္ေၾကာင္း သိရပါတယ္။

ယခု ေလ့လာမႈဟာ အကန႔္ အသတ္ရွိၿပီး လူနာအနည္းငယ္ကိုသာ စစ္ေဆးခဲ့ျခင္းျဖစ္တယ္လို႔ သုေတသီေတြက မွတ္ခ်က္ျပဳထားပါတယ္။ ထို႔ေၾကာင့္ ဗိုင္းရပ္စ္ဟာ လိင္ဆက္ဆက္ျခင္းမွတစ္ဆင့္ ကူးစက္ျခင္း ရွိ မရွိ အတည္ျပဳသိရွိႏိုင္ရန္ ေနာက္ထပ္ သုေတသန လိုအပ္မယ္လို႔ ဆိုပါတယ္။ “တစ္ကယ္ လို႔ SARS-CoV-2 ဗိုင္းရပ္စ္က လိင္ဆက္ဆံမႈကေနတစ္ဆင့္ ကူးစက္ႏိုင္တယ္လို႔ အနာဂတ္ ေလ့လာမႈေတြမွာ သက္ေသျပႏိုင္ခဲ့ရင္ ဒါက ကူးစက္မႈကို ကာကြယ္ တားဆီးႏိုင္ဖို႔ အလြန္အေရးပါတဲ့ အစိတ္အပိုင္း ျဖစ္ႏိုင္ပါလိမ့္မယ္” လို႔ ေလ့လာမႈက ေျပာ ထားပါတယ္။

ဓူဝံ

unicode

COVID-19 ကူးစက် ခံရတဲ့ အမျိုးသားများ ရဲ့ သုတ်ထဲမှာ ကိုရိုနာ ဗိုင်းရပ်စ်တွေ့ရ ဟု တရုတ် လေ့လာမှုကဆို

လိင်ဆက်ဆံမှုမှ တစ်ဆင့် ကူးစက်ခြင်း ရှိ မရှိ အတည်ပြုနိုင်ရန် နောက်ထပ် သုတေသနပြုလုပ်ရမှာပါ။ တရုတ် သိပ္ပံပညာရှင်တွေက COVID-19 အတည်ပြုလူနာ အမျိုးသားတွေရဲ့ သုက်ထဲမှာ ကိုရိုနာဗိုင်းရပ်စ်ကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

သို့သော် ဗိုင်းရပ်စ်ဟာ လိင်ဆက်ဆံမှုမှ တစ်ဆင့် ကူးစက်ခြင်းရှိ မရှိ စိစစ် အတည်ပြုနိုင်ရန်အတွက်ကိုတော့ နောက်ထပ် သုတေသနပြုရန် လိုအပ် မှာဖြစ်ပါတယ်။ တရုတ်ဆေးရုံတစ်ရုံမှာ တက်ရောက်ကုသနေတဲ့ COVID-19 လူနာများကို လေ့လာခဲ့မှုကနေ ထိုသို့တွေ့ရှိခဲ့ရကြောင်း JAMA Network Open ဆေးပညာဂျာနယ်မှာ မေ ၇ ရက်နေ့က ဖော်ပြခဲ့ပါတယ်။ COVID-19 ဟာ အသက်ရှူ လမ်းကြောင်းတစ်လျှောက်မှ အမှုန်အမွှားနဲ့ အရည်အစက်လေးများ သို့မဟုတ် ထိတွေ့မှုမှတစ်ဆင့် ကူးစက်ပျံ့နှံ့တာ ဖြစ်ပါတယ်။ COVID-19 ဖြစ်စေတဲ့ ကိုရိုနာ ဗိုင်းရပ်စ် (SARS-CoV-2) ကို မစင်၊ တံတွေးနဲ့ ဆီးထဲမှာလည်း တွေ့ရှိထားကြောင်း သိရပါတယ်။

တရုတ်နိုင်ငံ Henan ပြည်နယ် Shangqiu Municipal ဆေးရုံမှ သုတေသီတွေက သုက်ထဲမှာ ဗိုင်းရပ်စ်ရှိ မရှိ လေ့လာမှုတစ်ခု ပြုလုပ် ခဲ့ကြကြောင်း AFP သတင်းမှာ ဖော်ပြပါတယ်။ သုတေသီတွေ က အသက် ၁၅ နှစ်မှ ၅၀ နှစ်ကြားအရွယ် COVID-19 လူနာ ၃၅ ဦးရဲ့ သုက်ရည်ကို စစ်ဆေး ခဲ့ကြတာ ဖြစ်ပါတယ်။ ထိုသို့ စစ်ဆေးကြည့်ရာမှာ လူနာခြောက်ဦးရဲ့ သုက်ထဲမှာ ကိုရိုနာဗိုင်းရပ်စ် မျိုးရိုဗီဇ ဆိုင်ရာပစ္စည်းတွေကို တွေ့ရှိခဲ့ရ ပါတယ်။ အဆိုပါ လူနာခြောက်ဦးအနက် လေးဦးဟာ COVID-19 အခြေအနေ စိုးရိမ်ရတဲ့အဆင့်ဖြစ်ပြီး နှစ်ဦးကတော့ ပြန်လည် သက်သာလာနေတဲ့ လူနာတွေဖြစ်ကြောင်း သိရပါတယ်။

ယခု လေ့လာမှုဟာ အကန့် အသတ်ရှိပြီး လူနာအနည်းငယ်ကိုသာ စစ်ဆေးခဲ့ခြင်းဖြစ်တယ်လို့ သုတေသီတွေက မှတ်ချက်ပြုထားပါတယ်။ ထို့ကြောင့် ဗိုင်းရပ်စ်ဟာ လိင်ဆက်ဆက်ခြင်းမှတစ်ဆင့် ကူးစက်ခြင်း ရှိ မရှိ အတည်ပြုသိရှိနိုင်ရန် နောက်ထပ် သုတေသန လိုအပ်မယ်လို့ ဆိုပါတယ်။ “တစ်ကယ် လို့ SARS-CoV-2 ဗိုင်းရပ်စ်က လိင်ဆက်ဆံမှုကနေတစ်ဆင့် ကူးစက်နိုင်တယ်လို့ အနာဂတ် လေ့လာမှုတွေမှာ သက်သေပြနိုင်ခဲ့ရင် ဒါက ကူးစက်မှုကို ကာကွယ် တားဆီးနိုင်ဖို့ အလွန်အရေးပါတဲ့ အစိတ်အပိုင်း ဖြစ်နိုင်ပါလိမ့်မယ်” လို့ လေ့လာမှုက ပြော ထားပါတယ်။

ဓူဝံ

Add a Comment

Your email address will not be published. Required fields are marked *

five − four =