နေဒွေးကို ကျေအေးပေးခြင်း ဆိုတဲ့ စကားနောက်မှာ သူမတို့နှစ်ယောက် ရဲ့ ကင်းရှင်းတဲ့ အခြေအနေ ကို အထင်မမှားဖို့ မေတ္တာ ရပ်ခံလိုက်တဲ့ သံစဉ်မောင်

နေဒွေးကို ကျေအေးပေးခြင်း ဆိုတဲ့ စကားနောက်မှာ သူမတို့နှစ်ယောက် ရဲ့ ကင်းရှင်းတဲ့ အခြေအနေ ကို အထင်မမှားဖို့ မေတ္တာ ရပ်ခံလိုက်တဲ့ သံစဉ်မောင်

သရုပ်ဆောင် နေဒွေး နဲ့ သံစဉ်မောင်ကတော့ တစ်ချိန်က ချစ်သူတွေအဖြစ် သုံးနှစ်တာလက်တွဲခဲ့ကြပြီး သဘောထားခြင်းမတိုက်ဆိုင်တာကြောင့် လမ်းခွဲခဲ့တာ ဖြစ်ပါတယ်။ လမ်းခွဲပြီးနောက်ပိုင်းမှာ နေဒွေးကို သံစဉ်မောင်ရဲ့ မိသားစုတွေဘက်က နာကျင်စေမှုနဲ့ အမှုဖွင့်အရေးယူ ထားတာပဲ ဖြစ်ပါတယ်။ မနေ့က ဇွန်လ(၈)ရက်နေ့မှာတော့ နေဒွေးနဲ့ သံစဉ်မောင်တို့က ဂျွန်လွင်ရဲ့ ညှိနှိုင်းပေးမှုနဲ့ တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင် ဖြေရှင်းခဲ့ကြပါတယ်။

ထိုကိစ္စနဲ့ ပက်သတ်ပြီး သံစဉ်မောင်က “မနေ့က တွေ့ဆုံ ညှိနှိုင်းတယ် ဆိုတာက ဆရာဂျွန်လွင်သည် ကိုယ့်ရဲ့ ဆရာသမားဖြစ်တာတကြောင်း ကိုယ်လေးစား ရိုသေရတဲ့ ဆရာသမားဖြစ်တာ တကြောင်းကြောင့် လက်ခံတွေ့ဆုံဖြစ်ခဲ့တာပါ။ အဲ့တွေ့ဆုံမှုအပေါ်မှာ အမှုနဲ့မသက်ဆိုင်ပေမဲ့ ကျွန်မ ဖက်မှ တွေ့ဆုံမှုအပေါ် လူ အချင်းချင်း ဘာအညိုး ဘာအာဃာဒ တရားမှ မရှိတော့ လို့ ခွင့်လွှတ်ပေးတယ်ဆိုတာ မျိုး အသိပေးချင်တာပါ။ သူ့ဖက်ကလဲ အမှားတွေ ကို တရားဝင် ဝန်ခံ တောင်းပန်ခဲ့တဲ့အတွက် ဆရာ့မျက်နှာ နဲ့ ကျွန်မရင်ထဲက အစိုင်အခဲတွေကို ကျေးအေးပေး ခဲ့ခြင်းပါ။”

“အခုလို ကျေအေးပေးခြင်းဆိုတဲ့ စကားရဲ့နောက်မှာ ဆက်လက်ပြီး ကျွန်မတို့၂ယောက်ရဲ့ ကင်းရှင်းတဲ့ အခြေအနေတစ်ခုအပေါ် ကျွန်မရဲ့ ဂုဏ်သိက္ခာ ညှိုးနွမ်းစေတဲ့ comment တွေ ထပ်ထပ် ဖြစ်နေတာ တွေ့နေရပါတယ် မိန်းမသားတယောက်အနေနဲ့ အမှန်တရားတခုလက်ကိုင်ထားပြီး ဒီအချိန်ထိ အားတင်း ရင်ဆိုင်နေရတာပါ။ ဒါကြောင့် စာနာပေးကြဖို့နဲ့ ဒီလိုမျိုး ထပ်မလုပ်ကြဖို့ကို အနူးအညွတ်မေတ္တာရပ်ခံပါတယ် ကျမရဲ့ အမှန်တရားကိုလဲ အားလုံး သိရှိနားလည်ကျပီး ဖြစ်မှာပါ comment တွေ ဖတ်ပီး ကျနေတဲ့ အမေ့မျက်ရည်ကို တကယ် ခံနိုင်ရည်မရှိတော့လို့ပါ ။” ဆိုပြီး ပြောလာပါတယ်။

နေဒွေးနဲ့ သံစဉ်မောင်က တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုယူပြီး သံစဉ်မောင်ဘက်ကလည်း နေဒွေးအပေါ် ကျေအေးပေးလိုက်ပေမယ့် တစ်ချို့သော ပရိသတ်တွေက သူတို့နှစ်ယောက်ရဲ့ ပက်သတ်ပြီး အမျိုးမျိုးပြောဆိုနေကြတာပဲ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူး အထူးတင်ရှိပါတယ်။

Source: Than Sin Maung’s fb