Ro လွန်းအားကြီး လို့ နာမည်ကြီး နေပြန်တဲ့ ကစ်ကစ် နဲ့ နေတိုး တို့ရဲ ပုံရိပ်များ

အကယ်ဒမီနေတိုး ကတော့ ယနေ့အချိန်ထိတိုင် အိမ်ထောင်မပြုသေးဘဲ လူပျိုကြီးဘဝနဲ့ အနုပညာအလုပ်တွေကို တစိုက်မက်မက်လုပ်ကိုင်နေတာဖြစ်ပါတယ်။ နေတိုးက မိန်းကလေးတွေသည်းသည်းလှုပ်အားပေးရတဲ့ မင်းသားချောတစ်ယောက်ဖြစ်ပြီး မြန်မာပြည်ရဲ့ ထိပ်တန်း အနုပညာရှင်လည်းဖြစ်ပါတယ်နော်။ နေတိုးရဲ့ တည်ကြည်ခန့်ညားမှုတွေကလည်း မိန်းကလေးတွေ ကြိုက်ရလောက်အောင် ပြီးပြည့်စုံလွန်းနေတာဖြစ်ပါတယ်။နေတိုးကတော့ သူ့ကိုချစ်ကြတဲ့ပရိသတ်တွေအတွက် အနုပညာကို စိတ်ရောကိုယ်ပါနှစ်ပြီး ကြိုးစားတာဖြစ်ပါတယ်နော်။

နေတိုးနဲ့ဝတ်မှုံရွှေရည်တို့ အနုပညာမောင်နှမနှစ်ယောက်က ရုပ်ရှင်ဇာတ်ကားကြီးတွေ၊ကြော်ငြာတွေကိုလည်း အတူတူ ရိုက်ကူးလာကြတာဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်ဟာဆိုရင်လည်းပဲ မြန်မာပြည်ရဲ့ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်လို့ အားပေးချစ်ခင်ကြတဲ့ ပရိသတ်အများအပြားရှိပါတယ်နော်။ ဝတ်မှုံရွှေရည်နဲ့ နေတိုးတို့နှစ်ယောက်က လက်ရှိမှာလည်း အနုပညာအလုပ်တွေကို အတူတူတွဲလုပ်နေကြပြီး မကြာသေးခင်ကလည်း တေးသံရှင်ကော်နီရဲ့”ရေစက်”သီချင်းလေးမှာ ပါဝင်သရုပ်ဆောင်ထားကြတာဖြစ်ပါတယ်။

နေတိုးနဲ့ဝတ်မှုံရွှေရည်တို့နှစ်ယောက်လုံးက သရုပ်ဆောင် အရမ်းကောင်းကြတာကြောင့် အခုသီချင်းလေးမှာဆိုရင်လည်း အတွဲညီညီနဲ့ ချစ်စရာ ကောင်းအောင် သရုပ်ဆောင်ထားကြတာဖြစ်ပါတယ်။ နေတိုးနဲ့ဝတ်မှုံရွှေရည်တို့က သီချင်းလေးနဲ့လိုက်ဖက်အောင် ကြည်ကြည်နူးနူးနဲ့ အစွမ်းကုန်ရိုပြီး ကျရာဇာတ်ရုပ်ကို ကြိုးစားထားကြတာဖြစ်ပါတယ်။ အခုဆိုရင်တော့ နေတိုးက ရွှေကစ်လေးနဲ့ ရိုက်ကွင်းပေါ်မှာ ရိုနေတဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက် မျှဝေ လာခဲ့တာဖြစ်ပါတယ်နော်။

ZawGyi