မင်းသမီး ဆုပန်ထွာ ရဲ့ ခမ်းနားလွန်း တဲ့ အိမ်ကြီး

ချစ်စရာကောင်းပြီး သဘောထားလည်း ပွင့်လင်းကာ

လူချစ်လူခင်ပေါများတဲ့ သရုပ်ဆောင် မင်းသမီးချော

ဆုပန်ထွာကတော့ အောင်မြင်မှုတွေအခိုင်အမာ နဲ့ အနုပညာလောကမှာ

ရပ်တည်နေသလို ကြည်နူးစရာမိသားစုဘဝလေးကိုလည်း ပိုင်ဆိုင် ဖြတ်သန်းနေသူပါ..။

ပန်ပန်လို့ အားလုံးကချစ်စနိုးခေါ်ကြတဲ့ သူမကတော့ ကြင်နာတတ်တဲ့ ခင်ပွန်းအပြင်

ချစ်စရာကောင်းပြီး လည်လွန်းတတ်လွန်းကာ လိမ္မာတဲ့ သားသားလေးတို့နဲ့အတူ

အိမ်ရှင်မကောင်းတစ်ယောက် မိခင်ကောင်းတစ်ယောက်အဖြစ်

နေ့စဉ်ဘဝလေးကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေတာလည်း ဖြစ်ပါတယ်နော်..။

ပန်ပန်ကတော့ မိသားစုလှုပ်ရှားမှုလေးတွေကိုလည်း ပရိသတ်တွေကို

ဝေမျှတတ်သလို ခရစ်စမတ်နေ့က သူမတို့ မိသားစုနေအိမ်လေးကို ပြန်လည်ပြုပြင်နေတဲ့

ဗီဒီယိုဖိုင်လေးနဲ့အတူ ခရစ်စမတ်နေ့လေးမှာ အိမ်မှာပဲနေဖြစ်တဲ့အကြောင်းလေးကို ပြောပြလာပါတယ်နော်..။

ခမ်းနားကျယ်ဝန်းပြီးနေချင်စရာကောင်းလွန်းတဲ့ သူမတို့မိသားစုအိမ်လေးကို

ပြန်လည်ပြုပြင်နေတဲ့အကြောင်းလေးကို ပြောပြရင်း

အကြမ်းဖျင်းလုပ်နေတဲ့ အိမ်အခြေအနေလေး ကိုလည်း ပန်ပန်က

ဗီဒီယိုဖိုင်လေးထဲမှာ ပြောပြထားတာ ဖြစ်ပါတယ်နော်..။

“🎄အားလုံးပဲ Merry Christmas ပါရှင့်။🎄

ပန်ပန်ကတော့ အိမ်အောက်ထပ်နဲ့ အိမ်လှေကား ပြင်နေတာမို့

ဒီရက်တွေ ဘယ်မှမသွားရပဲ အိမ်စောင့်ရင်း..အိမ်ပြင်ရင်း နဲ့ Christmas Day လေးကို ကုန်လွန်ခဲ့ပါတယ်။

မနှစ်က အိမ်မှာသူငယ်ချင်းတွေ နဲ့ပျော်ခဲ့ကြ၊ ဆုံခဲ့ကြ၊ ဆော့ခဲ့ကြတာတွေ

သတိရရင်းးးးးးးးးးးး 🥺🥺🥺..” ဆိုပြီး သူမရဲ့ အိမ်ပြင်နေတဲ့ ဗီဒီယိုဖိုင်လေးကို ဝေမျှထားတာပါ..။

ခရစ်စမတ်နေ့လေးက နေချင်စရာကောင်းပြီး ချစ်စရာ လည်းကောင်းတဲ့

ပန်ပန်တို့ရဲ့ အိမ်ပြင်နေတဲ့အကြမ်းဖျင်းပုံရိပ် ဗီဒီယိုဖိုင်လေး ကိုလည်း

ချစ်ရတဲ့ပရိသတ်တွေအားလုံးအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်..။

crd