မြောက်ကိုရီးယား က တောင်ကိုရီးယား နဲ့ ဆက်သွယ်မှု အကုန်လုံးကို ရပ်ဆိုင်းလိုက်ပြီ

မြောက်ကိုရီးယား က တောင်ကိုရီးယား နဲ့ ဆက်သွယ်မှု အကုန်လုံးကို ရပ်ဆိုင်းလိုက်ပြီ

ယနေ့တွင် ခေါင်းဆောင်နှစ်ယောက်ကြား တိုက်ရိုက် ဖုန်းလိုင်း အပါအဝင် မြောက်ကိုရီးယားဟာ တောင်ကိုရီးယားနဲ့ ဆက် ဆံရေးလမ်းကြောင်းအားလုံးကို ရပ်ဆိုင်းလိုက်ပါတယ်။ တောင်ကိုရီးယားကို ရန်သူလို့ဖော်ပြပြီး ဆက်တိုက်အရေးယူဆောင်ရွက်မှုတွေ ထပ်လာဦးမယ်လို့လည်း မြောက်ကိုရီးယားဘက် ကပြောပါတယ်။

မြောက်ကိုရီးယားနယ်စပ်မြို့ ကေဆောင်းမှာရှိတဲ့ (၂) နိုင်ငံ စေ့စပ် ညှိနှိုင်းရေးရုံးကနေ လုပ်နေတဲ့ နေ့စဉ်အဆက်အသွယ် တွေကို ဒီနေ့ကစပြီးရပ်တော့မှာပါ။ ၁၉၅၃ ခုနှစ်မှာ ကိုရီးယားစစ်ပွဲပြီးဆုံးတဲ့အချိန် ငြိမ်းချမ်းရေးသဘောတူစာချုပ် ချုပ်ဆိုခြင်း မရှိတာကြောင့် ကိုရီးယား ၂ နိုင်ငံ ဟာ လက်ရှိအချိန်ထိ စစ်ပွဲကာလမှာပဲ ရှိနေသေးတာပါ။

ဒီနေ့မနက် ၁၂ နာရီကစပြီး မြောက်နဲ့တောင်အာဏာပိုင်တွေကြား စေ့စပ်ညှိနှိုင်း မှုဖုန်းလိုင်းကို ပိတ်လိုက်ပြီး အဆက်အသွယ်ဖြတ်လိုက်တယ်လို့ မြောက်ကိုရီးယားအစိုးရပိုင် KCNA သတင်းအေဂျင်စီကဖော်ပြတာပါ။ စစ်ဖက်ဆက်သွယ်မှုလမ်းကြောင်းတွေကိုလည်း
ပိတ်လိုက်ပြီလို့ မြောက်ကိုရီးယားဘက်ကပြောပါတယ်။

ကိုဗစ်ကာလ ကန့်သတ်မှု တွေကြောင့် စေ့စပ်ညှိနှိုင်းရေးရုံးကို ဇန်နဝါရီလမှာ ယာယီပိတ်ထားပေမဲ့ နှစ်နိုင်ငံကြား တိုက်ရိုက်ဖုန်းလိုင်းနဲ့ အဆက်အသွယ် ရှိပါတယ်။ အဲဒီရုံးကနေ မနက် ၉ နာရီနဲ့ ညနေ ၅ နာရီအထိ (၂) နိုင်ငံ ဆက်ဆံတဲ့ ကိစ္စများအပါအဝင် နှစ်နိုင်ငံအဆက် အသွယ်လုပ်ပါတယ်။

တနင်္လာနေ့မှာတော့ ၂၁ လအတွင်း ပထမဆုံး အနေနဲ့ တောင်ကိုရီးယားရဲ့ မနက်ခင်းဖုန်းခေါ်ဆိုမှုကို မြောက်ကိုရီးယားဘက်က ပြန်မဖြေဘဲ ညနေမှပြန်ဖြေ တယ်လို့ တောာင်ကိုရီးယားဘက်ကပြောပါတယ်။ မြောက်ကိုရီးယားကနေ တောင်ကိုရီးယားကို ထွက်ပြေးသွားတဲ့အဖွဲ့တွေ မြောက်ကိုရီးယားဘက် ကို လက်ကမ်း စာစောင်တွေပို့နေတာကို မတားနိုင်ရင် ရုံးတွေပိတ်မယ်လို့ ပြီးခဲ့တဲ့တစ်ပတ်မှာ မြောက်ကိုရီးယား ခေါင်းဆောင်ကင်ဂျုံအွန်ရဲ့ညီမ ကင်ယိုဂျွန်းကပြောပါတယ်။

၂၀၁၈ ခုနှစ်က နှစ်နိုင်ငံနယ်စပ်က အပစ်ရပ်နယ်မြေမှာ ရှိတဲ့ပန်မွန်ဂျွန်းကျေးရွာမှာ ကင်ဂျုံအွန်နဲ့ တောင်ကိုရီး ယားသမ္မတမွန်းဂျယ်အင်းတို့ သဘောတူခဲ့တဲ့ငြိမ်းချမ်းရေး သဘောတူညီချက်တွေကို လက်ကမ်းစာစောင်စည်း ရုံးလှုံ့ဆော်မှုတွေက ချိုးဖောက်နေတာဟာ ဆိုးရွားတဲ့အပြုအမူဖြစ်ပြီး ၂ နိုင်ငံ ဆက်သွယ်ရေးကို ဖြတ်တောက်ပစ်မယ်လို့ ကင်ယိုဂျွန်းကပြောပါတယ်။

crd : whitesone