ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ပြောတဲ့ “NLD အလံ ရဲ့ သမိုင်း”

ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ပြောတဲ့ “NLD အလံ ရဲ့ သမိုင်း”

အလံရဲ့ သမိုင်းကို ကျမ နည်းနည်းပြန်ပြောပြချင် ပါတယ်။ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံက ပေါက်ဖွားလာတဲ့ နိုင်ငံရေးပါတီဖြစ်တဲ့ ‘အမျိုးသားဒီမိုကရေစီအဖွဲ့ ချူ ပ်’ ဟာ အလံကို ရေးဆွဲတဲ့နေရာမှာ သေသေချာချာ စဉ်းစားခဲ့ပါတယ်။ ‘အဓိပ္ပါယ်ရှိတဲ့ အလံကိုရွေးဖို့ ဟာ ကျမတို့ စဉ်းစား ခဲ့ရတာပါ။

၁၉၈၈ ခုနှစ် ပြည်သူအားလုံး ပါဝင်တဲ့ ဒီမိုကရေစီ အရေးတော်ပုံကြီးဟာ ကျမတို့ နိုင်ငံသူနိုင်ငံသားတွေရဲ့ သတ္တိကို ဖော်ပြလိုက်တာ ဖြစ်ပါတယ်။ ဒါကြောင့် ကျမတို့ ရဲ့ အလံနဲ့ အရောင်ဟာ အနီဆိုတာက သတ္တိကို ကိုယ်စားပြုတဲ့ အရောင်ဖြစ်လို့ အနီကို ကျမတို့ နောက်ခံ ထားတာပါ။

ကြယ်ဖြူ ဆိုတာက တော်လှန်ရေးရဲ့ သင်္ကေတ – တော်လှန်ရေး ရဲ့ အထိမ်းအမှတ် ဖြစ်ပါတယ်။ ‘လွတ်လပ်ရေးမရခင်ကာလ ကျမတို့ ဖက်ဆစ်စနစ်ကို တော်လှန်တဲ့အခါတုန်းကလည်း ကြယ်ဖြူ ကို သင်္ကေတအနေနဲ့ ထားပြီးတော့ တော်လှန်ရေးဆင်နွဲခဲ့တာပါ။ ဒီတော့ ‘ဖြူ စင်တဲ့တော်လှန်ရေး – ဖြူ စင်တဲ့စိတ်ဓာတ်စေတနာပေါ်မှာ အခြေခံတဲ့ တော်လှန်ရေးဖြစ်ပါတယ်။

‘တော်လှန်ရေးဆိုတာ အကြမ်းဖက်တဲ့ တော်လှန်ရေးမျိုးပဲ နားလည်ကြတယ်။ တော်လှန်ရေး ဆိုတာ အကြမ်းဖက်တဲ့နည်းတွေ နဲ့ စနစ်တစ်ခုကို တော်လှန်လိုက်တာလို့ ထင်ကြပါတယ်။ ဒီလိုမဟုတ်ပါဘူး။

“တော်လှန်ရေးဆိုတဲ့ အဓိပ္ပါယ်ကတော့ စနစ်တစ်ခုကို ပြတ်ပြတ် သားသား ပြောင်းလဲလိုက်တာဟာ တော်လှန်ရေး တစ်ခုပါပဲ”

ဒါဟာ ‘အကြမ်းဖက်တဲ့နည်းနဲ့ လုပ်လို့ ရသလို – အကြမ်းမဖက်တဲ့နည်း နဲ့ လည်း’ လုပ်လို့ ရပါတယ်။ ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ဟာ အကြမ်းမဖက်တဲ့နည်းနဲ့ တော်လှန်ရေးကို ယုံကြည်တာကြောင့် ကျမတို့ရဲ့ သင်္ကေတဟာ အင်မတန်မှ ဖြူစင်တဲ့ကြယ် – တော်လှန်ရေးရဲ့ စိတ်ဓာတ်ကို ဖြူစင်တယ် ဆိုတာ ပြနေတာ ဖြစ်ပါတယ်။

ခွပ်ဒေါင်းကတော့ ၁၉၈၈ အရေးတော်ပုံမှာ ပါဝင်ခဲ့တဲ့ ကျောင်းသား များကို ကိုယ်စားပြုတာပါ။ အရင်တုန်းကဆိုရင် ဖေဖေတို့ လွတ်လပ်ရေးမရခင်တုန်းက ကျောင်းသားများကစပြီး လွတ်လပ်ရေးအတွက် ကြိုးပမ်းစဉ်တုန်းက ခွပ်ဒေါင်းကို သင်္ကေတအဖြစ် သုံးခဲ့ပါတယ်။ ခွပ်ဒေါင်းဆိုတာ ဒေါင်းဆိုတာ အင်မတန် ကျက်သရေရှိတဲ့ ငှက်တစ်ကောင် ဖြစ်ပါတယ်။ ဒေါင်းက လှပတယ် – သတ္တိရှိတယ် – တင့်တယ်တယ် – မြင့်မြတ်တယ်။ အဲဒီလို။

ဒါပေမဲ့ ‘ဒေါင်းဆိုတာ တစ်ခါတစ်လေ တကယ်ပျော်ရွှင်တဲ့ အခါ ကသလို – သတ္တိရှိရှိနဲ့ တိုက်သင့်တဲ့အခါမှာ တိုက်ရဲတဲ့သတ္တိရှိလို့ ခွပ်ဒေါင်းပုံစံဟာ ကျမတို့ လူငယ်ကျောင်းသားများရဲ့ သတ္တိ ဗျတ္တိကို ကိုယ်စားပြုတာပါ။

ဒါကြောင့် ‘ကျမတို့ ရဲ့ အလံဟာ လူကြီးလူငယ်မရွေး ဖြူစင်တဲ့ တော်လှန်ရေး နဲ့ တိုက်သင့်သူတွေကို စိတ်ဓာတ်အင်အားနဲ့ တိုက်နိုင်တယ်ဆိုတာကို ပြနေတဲ့အလံ’ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်
မိုးညှင်း (ကချင်) ခရီးစဉ် (၂၀၁၅- ၁၀-၃)

Add a Comment

Your email address will not be published. Required fields are marked *

two × 5 =