ခပ်ဆိုးဆိုး ကလေး တစ်ယောက် လို အသည်းယား စရာကောင်းအောင် တစ်မျိုးလေး လှနေပြန် တဲ့ ပိုးကြာဖြူခင်

မင်းသမီးချောလေး ပိုးကြာဖြူခင် ကတော့ အနုပညာအလုပ်တွေကို ကြိုးစား လုပ်ကိုင်နေပြီး သူမရဲ့ ကြိုးစားအားထုတ် မှုတွေကြောင့် အောင်မြင်မှုတွေကို သိမ်းပိုက်ရရှိထားကာ ပရိသတ်တွေရဲ့ အချစ်တော်လေး တစ်ဦးဖြစ်ပါတယ်။သူမကတော့ လက်ရှိ အချိန်မှာ အောင်မြင်မှုတွေ နဲ့ အတူ အနုပညာအလုပ်တွေကို ဆက်လက်ကြိုးစား လုပ်ကိုင်ကာ ပရိသတ်တွေနဲ့ အဆက်သွယ်မပြတ်တဲ့ မင်းသမီးချောလေး ဖြစ်ပါတယ်။ပရိသတ်တွေကလည်း ချစ်ခင်ပြီး သူမရဲ့ သရုပ်ဆောင်ချက်တွေက ပီပြင်တာကြောင့် အနုပညာ နယ်ပယ်မှာ နေရာတစ်နေရာ ရရှိနေတာ ပဲဖြစ်ပါတယ်။

သိပ်မကြာခင်မှာလည်း MRTV-4 တွင် ဆိုင်းမိုင်လို့လူသိများပြီး လက်ခံကြတဲ့ သူမ ရဲ့ ဇာတ်လမ်းတွဲလေး “မိုးကောင်းကင်အိမ်မက်”ကလည်း ပြန်လည်ပြသတော့မှာ ဖြစ်ပါတယ်။လတ်တလောမှာတော့ ကြော်ငြာတွေ လက်ခံရိုက်ကူးနေတာ ဖြစ်သလို Live sale တွေမှာလည်း ချစ်ပရိသတ်တွေနဲ့ အတူရှိနေတဲ့ သူလေး ဖြစ်ပါတယ်။ ဆိုင်းမိုင်ဟာ စိတ်ထားလေး ဖြူစင်သလို တိရစ္ဆာန်လေးတွေ ချစ်တတ်တာလည်း တွေ့ရပါတယ်နော်…….။

ယခုနှစ်သစ်မှာလည်း ဆိုင်းမိုင်ဟာ အနုပညာအလုပ်တွေကို ဆက်ကြိုးစား လုပ်ကိုင်နေတာလည်း ဖြစ်ပါတယ်။သူမရဲ့ ပရိသတ်တွေ အတွက်လည်း ချစ်စရာပုံရိပ်လေးတွေကို တင်ပေးလေ့ရှိတာ ဖြစ်ပြီး လတ်တလောတွင်လည်း ခပ်မိုက်မိုက် ကလေးဆိုး ပုံစံလေးနဲ့ တစ်မျိုးလှနေတဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးလာတာ ဖြစ်ပါတယ်။ချစ်ပရိသတ်ကြီး တွေကလည်း ဆိုင်းမိုင်ရဲ့ အလန်းစား ပုံရိပ်လေးတွေကို သဘောကျ ကြိုက်နှစ်သက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်နော်…..။

Photo Credit -Poe Kyar Phyu Khin FB Account

zawgyi



