စတေးတပ်လေး တစ်ခု ကြောင့် G-fatt နဲ့ ပြန်လည် အဆင်ပြေတော့မှာလားလို့ ပရိတ်သတ် တွေ ထင်ကြေးပေး ခံနေရတဲ့ နန်းစုရတီစိုး

နန်းဆုရတီစိုး ကတော့ သီချင်းတွေကိုလည်း ကိုယ် တိုင်ရေးပြီး သီဆိုလေ့ ရှိတတ်သူလေး ဖြစ်တဲအပြင် မြန်မာဇာတ်လမ်းတွေမှာလည်း ပါဝင်သရုပ်ဆောင်လေ့ ရှိတာကြောင့် ပရိသတ်နဲ့ ရင်းနှီးလွန်းသူလေး ဖြစ်ပါတယ်…နန်းဆုကတော့ အရင်က အဆိုတော်ချစ်သူနဲ့ အချစ်သီချင်းတွေကို တွဲဖက်ညီစွာ သီဆိုခဲ့ တာကြောင့် ခုချိန်ထိလည်း ချစ်သူတွေကြားမှာ ရေပန်းစားနေဆဲ သီချင်းတွေကို သီဆိုခဲ့ကြပြီး SHOW ပွဲတွေမှာလည်း လူငယ်တွေရဲ့ အားပေးမှု ကို ပိုင်ဆိုင် ထားသူတွေ ဖြစ်ပါတယ်….

မကြာသေးခင်ကာလ မှာတော့ နန်းဆု ကချစ်သူနဲ့ အခန့်မသင့်လို့ လမ်းခွဲ ခဲ့ကြပေမဲ့ ဒီနေ့မှာတော့ နန်းဆုက “အေးစက်တဲ့လေပြေတွေ တိုက်ခတ်ပြီးရင် နွေဦးရောက်လာမှာပါ…လှပတဲ့ ပန်းလေးတွေ ထပ်ပွင့်လာမှာပါ… ငါ့နှလုံးသားဟာ တစ်ဖန်ပြန်နွေးထွေးပြီး ပန်းတွေ ဖူးပွင့်လာမှာပါ” ဆိုတဲ့ စာသားလေး ကို လည်း ရေးသားထားပြီး ဆယ်ကျော်သက်လေး တစ်ယောက်လို နုပျိုလန်းဆန်းနေတဲ့အလှတရားတွေနဲ့ အမိုက်စားဓာတ် ပုံတွေကို တင်ပြီး အသိပေး လာတာ ဖြစ်ပါတယ်…

နန်းဆုရဲ့ ပုံတွေအောက်မှာလည်း အချစ်ဟောင်း နဲ့ ပြန် အဆင်ပြေတော့မလား ဆိုတဲ့ မျှော်လင့်ချက်တွေကိုလည်း ပရိသတ်က မေးထားပြီး ပြန်လည်ပေါင်းစည်းဖို့လည်း တိုက်တွန်းထားကြပါသေးတယ်….. ပရိသတ်ကြီးလည်း နန်းဆုတို့အတွက် ဖြစ်စေချင်တဲ့ ဆန္ဒလေး တစ်ခုခုကို ပြောခဲ့ပေး ပါအုံးနော်…

Source: Nansu Yati Soe
Crd: Celebrity Secret

zawgyi




Source: Nansu Yati Soe
Crd: Celebrity Secret