သင်ဇာဝင့်ကျော် နဲ့ မျက်နှာချင်း နီးနီးကပ်ကပ်း ရိုက်ကူးရေး လုပ်နေရတဲ့ အခါ ဖြစ်ပေါ်လာတဲ့ သူ့ရဲ့ခံစားချက်ကို ပြောလာတဲ့ အောင်လေး

သင်ဇာဝင့်ကျော် နဲ့ မျက်နှာချင်း နီးနီးကပ်ကပ်း ရိုက်ကူးရေး လုပ်နေရတဲ့ အခါ ဖြစ်ပေါ်လာတဲ့ သူ့ရဲ့ခံစားချက်ကို ပြောလာတဲ့ အောင်လေး

ချောမောခန့်ညားတဲ့ ရုပ်ရည် နဲ့ ကြံ့ခိုင်သန်စွမ်းတဲ့ ခန္ဓာကိုယ် အချိုးအစားကို ပိုင်ဆိုင်ထားတဲ့ အောင်လေးက ပျိုတိုင်းကြိုက်တဲ့ မင်းသားတစ်လက်ပါပဲ။ အောင်လေးက ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေများစွာမှာ သရုပ်ဆောင်ခဲ့ပြီး ကြော်ငြာတွေမှာလည်း အောင်မြင်တဲ့မင်းသား တစ်လက်ပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း အောင်လေး ရဲ့ အနုပညာလှုပ်ရှားမှုတွေကို စိတ်ဝင်စားစွာနဲ့ စောင့်ကြည့်အားပေးကြပါတယ်။

အောင်လေးက လက်ရှိမှာတော့ မန္တလေးမြို့ကို အလုပ်ကိစ္စ နဲ့ အလည်အပတ်ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ အောင်လေးက သင်ဇာဝင့်ကျော်နဲ့အတူတူ ကြော်ငြာတစ်ခုမှာ မျက်နှာချင်းနီးနီးကပ်ကပ် သရုပ်ဆောင်ခဲ့ရပြီး ရိုက်ရင်းနဲ့ ရယ်ချင်နေတဲ့အဖြစ်ကို အခုလိုပဲ ဗီဒီယိုလေးနဲ့တကွ ပရိသတ်တွေဆီ မျှဝေ ပေးထားပါတယ်။

အောင်လေးနဲ့ သင်ဇာဝင့်ကျော်ကတော့ အလုပ်သဘော အရ နီးနီး ကပ်ကပ်သရုပ်ဆောင်နေရပေမယ့် အပြင်မှာ တစ်ယောက်နဲ့တစ်ယောက် ခင်မင်ရင်းနှီးနေတဲ့အတွက် ရယ်ချင်စိတ်တွေဖြစ်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အောင်လေးနဲ့ သင်ဇာဝင့်ကျော်ရဲ့ ကြော်ငြာလေးထွက်လာခဲ့ရင်လည်း အားပေးကြဖို့ မမေ့ပါနဲ့နော်။

Source: Aung Lay’s fb