နာမည်ကြီး နေတဲ့ ဖြူဖြူထွေး နဲ့ အဖွားအို တို့ရဲ့ ကြေကွဲစရာကောင်းလွန်း တဲ့ အဖြစ်အပျက်လေး

မင်းသမီးချောလေးဖြူဖြူထွေးကတော့ စိတ်ထား ပြည့်ဝတာကြောင့် ပရိသတ်တွေရဲ့ ချစ်ခင် အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ အနုပညာရှင် တစ်ယောက်ဖြစ်ပြီး အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေကာ ကြော်ငြာတွေကိုလည်း ရိုက်ကူးလျက်ရှိနေသူလေးပဲဖြစ်ပါတယ် ချစ်စရာကောင်းတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်ထားတဲ့ သူမကတော့ ေအာက်ခြေဘဝကတက်လှမ်းခဲ့ရတာမို့ဘဝမမေ့တဲ့အပြင် စားဝတ်နေရေးခက်ခဲနေသူတွေနဲ့ သက်ကြီးရွယ်အိုတွေကို ချွေးနည်းစာ ပိုက်ဆံထဲကနေ အမြဲလှူဒါန်းလေ့ရှိသူ တစ်ယောက်ပဲ ဖြစ်ပါတယ်

ယနေ့မှာတော့ သူမအတွက်ဝမ်းနည်းဖွယ်ရာနေ့ရက် ဖြစ်ခဲ့ပြီး သူမရဲ့အဖွားဖြစ်သူဟာ ကွယ်လွန်ဆုံးပါး သွားခဲ့ပြီလို့ နယ်ပြန်ချင်ပေမယ့် Covidကြောင့် အခက်အခဲဖြစ်နေခဲ့ပါတယ် ဖြူဖြူထွေးကတော့ သူမပြန်လာမှာကိုအမြဲမျှော်နေတဲ့အဖွားက ယနေ့မှာဆုံးပါးသွားပြီဖြစ်ပေမယ့် ရွာကိုမပြန်နိုင်လို့ ယူကျုံးမရ ဖြစ်ပြီး ဝမ်းနည်းကြေကွဲနေခဲ့ပါတယ် သူမကတော့ အဖွားမကွယ်လွန်ခင် သွားလှူခဲ့တဲ့ အမှတ်တရဗီဒီယိုဖိုင်လေးကိုကြည့်ရင်း မျက်ရည်ကျနေခဲ့ပါတယ်

သူမကတော့ ” ရွာရောက်တိုင်း အဘွားကိုအမြဲဂရုစိုက်တယ် အဘွားမဆုံးခင်က ပြောတယ် လာမကန်တော့ဘူးလာတဲ့ COVID ဖြစ်ကတည်းကမပြန်ရတာ အဘွားရဲ့ ကျန်ခဲ့အမှတ်တရတွေ ဘွားဘွားကောင်းရာသုဂတိရောက်ပါစေ “ဆိုပြီးအမှတ်တရ ဗီဒီယိုဖိုင်လေးနဲ့အတူ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့ တာပဲဖြစ်ပါတယ် ချစ်ပရိသတ်တွေ အတွက် အဖွားဖြစ်သူ မကွယ်လွန်ခင်မုန့်တွေဆန်တွေသွားခဲ့တဲ့ ဖြူဖြူထွေးရဲ့ အမှတ်တရဗီဒီယိုဖိုင်လေးကိုပြန်လည်ဖော်ပြပေးလိုက်ပါတယ်

credit – Myanmarload

zawgyi

မင်းသမီးချောလေးဖြူဖြူထွေးကတော့ စိတ်ထား ပြည့်ဝတာကြောင့် ပရိသတ်တွေရဲ့ ချစ်ခင် အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ အနုပညာရှင် တစ်ယောက်ဖြစ်ပြီး အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေကာ ကြော်ငြာတွေကိုလည်း ရိုက်ကူးလျက်ရှိနေသူလေးပဲဖြစ်ပါတယ် ချစ်စရာကောင်းတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်ထားတဲ့ သူမကတော့ အောက်ခြေဘဝကတက်လှမ်းခဲ့ရတာမို့ဘဝမမေ့တဲ့အပြင် စားဝတ်နေရေးခက်ခဲနေသူတွေနဲ့ သက်ကြီးရွယ်အိုတွေကို ချွေးနည်းစာ ပိုက်ဆံထဲကနေ အမြဲလှူဒါန်းလေ့ရှိသူ တစ်ယောက်ပဲ ဖြစ်ပါတယ်



credit – Myanmarload