၂ဝ၂၁-၂ဝ၂၂ ပညာသင်နှစ် တွင် အတန်းသုံးတန်း အား သင်ရိုးသစ် ပြောင်းလဲမည်

ကိုဗစ်ရောဂါကြောင့် စာသင်ကျောင်းများ ပိတ်ထားသော်လည်း ၂ဝ၂၁-၂ဝ၂၂ ပညာသင်နှစ် တွင် Grade-5၊ Grade-8၊ Grade-11 အတန်းသုံးတန်းကိုသင်ရိုးသစ်များပြောင်းလဲမည်ဖြစ်ကြောင်း ပညာရေးသုတေသနစီမံကိန်း လေ့ကျင့်ရေး ဦးစီးဌာနဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဇော်လတ်ထွန်းက ပြောသည်။

ဒီဇင်ဘာ ၃ဝ ရက်က Grade-5 နှင့် Grade-8 သင်ရိုး သင်ခန်းစာ တချို့ရေးဆွဲပြီးစီးသဖြင့်ပညာရေး ဝန်ကြီးဌာနသို့ပေးပို့ခဲ့ကြောင်း၎င်းကပြောသည်။

”ပုံမှန် လုပ်ထုံးလုပ်နည်းအရပဲကျောင်းသုံးစာအုပ် တချို့ထဲက ကျွန်တော်တို့ စိစစ်အတည်ပြုပြီး သားစာအုပ်တွေ ကို ပညာရေးဝန်ကြီးဌာနကိုပို့လိုက်တာပေါ့။ ပညာရေးဝန်ကြီးဌာနကလည်း ထုံစံအတိုင်း ပြန်ကြားရေးဌာနကိုပို့မယ်။ ထုံးစံအတိုင်းပုံနှိပ်မှာပေါ့”ဟု ဒေါက်တာဇော်လတ်ထွန်းကပြောသည်။

ကျောင်းများပိတ်ထားသော်လည်းသင်ရိုးညွှန်းတမ်း စီမံကိန်းအရ နှစ်စဉ်ပြောင်းလဲရမည်ဖြစ်ပြီး ရပ်ထား၍မရကြောင်း ၎င်းကဆက်ပြောသည်။ KG+12 သင်ရိုးသစ်တွင် KG မှ Grade-5 (ပ ဉ္စမတန်း)အထိ မူလတန်း၊ Grade-6 မှ Grade-9(နဝမတန်း)အထိ အလယ်တန်းနှင့် Grade-10(ဒသမတန်း)မှ Grade-12 (ဒွါဒသမတန်း)အထိ အခြေခံပညာ အထက်တန်းဟူ၍ အသက် ၁၇ နှစ်အထိ ပညာသင်ရမည်ဖြစ်သည်။သင်ရိုးဟောင်းတွင်အသက် ၁၅ နှစ် အထိသာ ပညာသင်ကြားရသည်။

”ဒါက ပရောဂျက်အနေနဲ့သွားနေတဲ့အတွက် ဘယ်နှစ်မှာဘာလုပ်ရမယ်ဆိုတာရှိပြီးသားပါ။ ဆရာ ဆရာမတွေကအခြေအနေတစ်ရပ်ကြောင့် စာသင်ကြားတာမလုပ်နိုင်ပေမယ့် ကျွန်တော်တို့ကဒီလမ်းစဉ်အတိုင်း သွားနေရတာပဲလေ”ဟုဒေါက်တာဇော်လတ်ထွန်းကပြောသည်။

ယခုပညာနှစ်တွင် ပြောင်းလဲသော Grade-4၊ Grade-7၊ Grade-10 သင်ရိုးပုံနှိပ်စာအုပ်များကို ကျောင်းပိတ် ထားသဖြင့် ကျောင်းသားအားလုံးပင်မြင်တွေဖူး ခြင်း မရှိသေးပေ။ ၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ်တွင် အခြေခံပညာအတန်း အားလုံးသစ်ရိုး သစ်ပြောင်းလဲမှုများပြီး စီးမည်ဖြစ်သည်။

crd

zawgyi

ကိုဗစ္ေရာဂါေၾကာင့္ စာသင္ေက်ာင္းမ်ား ပိတ္ထားေသာ္လည္း ၂ဝ၂၁-၂ဝ၂၂ ပညာသင္ႏွစ္ တြင္ Grade-5၊ Grade-8၊ Grade-11 အတန္းသုံးတန္းကိုသင္႐ိုးသစ္မ်ားေျပာင္းလဲမည္ျဖစ္ေၾကာင္း ပညာေရးသုေတသနစီမံကိန္း ေလ့က်င့္ေရး ဦးစီးဌာနဒုတိယ ၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာ ေဇာ္လတ္ထြန္းက ေျပာသည္။

ဒီဇင္ဘာ ၃ဝ ရက္က Grade-5 ႏွင့္ Grade-8 သင္႐ိုး သင္ခန္းစာ တခ်ိဳ႕ေရးဆြဲၿပီးစီးသျဖင့္ပညာေရး ဝန္ႀကီးဌာနသို႔ေပးပို႔ခဲ့ေၾကာင္း၎ကေျပာသည္။

”ပုံမွန္ လုပ္ထုံးလုပ္နည္းအရပဲေက်ာင္းသုံးစာအုပ္ တခ်ိဳ႕ထဲက ကြၽန္ေတာ္တို႔ စိစစ္အတည္ျပဳၿပီး သားစာအုပ္ေတြ ကို ပညာေရးဝန္ႀကီးဌာနကိုပို႔လိုက္တာေပါ့။ ပညာေရးဝန္ႀကီးဌာနကလည္း ထုံစံအတိုင္း ျပန္ၾကားေရးဌာနကိုပို႔မယ္။ ထုံးစံအတိုင္းပုံႏွိပ္မွာေပါ့”ဟု ေဒါက္တာေဇာ္လတ္ထြန္းကေျပာသည္။

ေက်ာင္းမ်ားပိတ္ထားေသာ္လည္းသင္႐ိုးၫႊန္းတမ္း စီမံကိန္းအရ ႏွစ္စဥ္ေျပာင္းလဲရမည္ျဖစ္ၿပီး ရပ္ထား၍မရေၾကာင္း ၎ကဆက္ေျပာသည္။ KG+12 သင္႐ိုးသစ္တြင္ KG မွ Grade-5 (ပ ၪၥမတန္း)အထိ မူလတန္း၊ Grade-6 မွ Grade-9(နဝမတန္း)အထိ အလယ္တန္းႏွင့္ Grade-10(ဒသမတန္း)မွ Grade-12 (ဒြါဒသမတန္း)အထိ အေျခခံပညာ အထက္တန္းဟူ၍ အသက္ ၁၇ ႏွစ္အထိ ပညာသင္ရမည္ျဖစ္သည္။သင္႐ိုးေဟာင္းတြင္အသက္ ၁၅ ႏွစ္ အထိသာ ပညာသင္ၾကားရသည္။

”ဒါက ပေရာဂ်က္အေနနဲ႔သြားေနတဲ့အတြက္ ဘယ္ႏွစ္မွာဘာလုပ္ရမယ္ဆိုတာရွိၿပီးသားပါ။ ဆရာ ဆရာမေတြကအေျခအေနတစ္ရပ္ေၾကာင့္ စာသင္ၾကားတာမလုပ္ႏိုင္ေပမယ့္ ကြၽန္ေတာ္တို႔ကဒီလမ္းစဥ္အတိုင္း သြားေနရတာပဲေလ”ဟုေဒါက္တာေဇာ္လတ္ထြန္းကေျပာသည္။

ယခုပညာႏွစ္တြင္ ေျပာင္းလဲေသာ Grade-4၊ Grade-7၊ Grade-10 သင္႐ိုးပုံႏွိပ္စာအုပ္မ်ားကို ေက်ာင္းပိတ္ ထားသျဖင့္ ေက်ာင္းသားအားလုံးပင္ျမင္ေတြဖူး ျခင္း မရွိေသးေပ။ ၂ဝ၂၂-၂ဝ၂၃ ပညာသင္ႏွစ္တြင္ အေျခခံပညာအတန္း အားလုံးသစ္႐ိုး သစ္ေျပာင္းလဲမႈမ်ားၿပီး စီးမည္ျဖစ္သည္။