ဖက်ရှင်ဆိုင်ကြီး တစ်ဆိုင် လို ခမ်းနားလွန်း တဲ့ အမိုက်စားအိပ်ခန်း နဲ့ စိတ်တိုင်းကျတည်ဆောက်ထားတဲ့ အိမ်အသစ်လေးကို ပြသလိုက်တဲ့ လမင်းကဗျာ

သရုပ်ဆောင် လမင်းကဗျာကတော့ ဗီဒီယို ဇာတ်ကားတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ တော်တော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့သူဖြစ်လို့ ပရိသတ်တွေကြားမှာ မသိသူမရှိလောက်အောင် နာမည်ရနေပြီးသား ဖြစ်ပါတယ် ။ လမင်းကဗျာက ကျရာဇာတ်ရုပ်မရွေး ပီပီပြင်ပြင်နဲ့ သဘာဝကျကျ ဖန်တီးနိုင်တာကြောင့်လည်း ပရိသတ်တွေက သူမကိုချစ်ခင်အားပေးခဲ့ကြတာ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ လမင်းကဗျာက အနုပညာအလုပ်တွေအပြင် ကိုယ်ပိုင်စီးပွားရေးကိုလည်း ကြိုးစားပမ်းစား လုပ်ကိုင်နေတာ ဖြစ်ပါတယ် ။

ချစ်ဖို့ကောင်းတဲ့မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ လမင်းကဗျာ က ကိုယ်လုံး ကိုယ်ပေါက်လှပပြီး အချိုးအစားပြေပြစ်နေတာလည်း ဖြစ်ပါတယ် ။ ဒါ့အပြင် လမင်းကဗျာက ဖက်ရှင်ကျကျဝတ်စားဆင်ယင်တတ်ပြီး အမြဲတမ်းမိမိုက်နေတာ ဖြစ်ပါတယ် ။ မကြာသေးခင်ကတော့ လမင်းကဗျာတစ်ယောက် သူမနေ ထိုင်မယ့် အိမ်အသစ်လေးကို စိတ်တိုင်းကျ ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ် ။ အခုဆိုရင် လမင်းကဗျာရဲ့အိမ်အသစ်လေးက လုံးဝပြီးစီးသွားပြီဖြစ်တာကြောင့် အိမ်အသစ်တက်ပွဲကိုပါ ကျင်းပပြုလုပ်နိုင်ခဲ့ပြီ ဖြစ်ပါတယ် ။

အခုလည်း လမင်းကဗျာက အိမ်အသစ်လေးမှာ ပျော်ပျော်ရွှင်ရွှင်နေထိုင်ရင်း နဲ့ ဓာတ်ပုံလေးတွေရိုက်ပြီး အမှတ်တရတင်ထားတာ ဖြစ်ပါတယ် ။ လမင်းကဗျာက “အိပ်မက်တွေအကောင်အထည်ဖော်နိုင်ခဲ့ပြီ Home Sweet Home” ဆိုပြီး သူမရဲ့အသစ်စက်စက်အိမ်လေးကို ပြသလိုက်တာ ဖြစ်ပါတယ် ။ လမင်းကဗျာရဲ့ အိမ်လေးမှာတော့ အိပ်ခန်းကအစ အရမ်းကို ခမ်းနားလှပပြီး ဖက်ရှင်ဆိုင်ကြီးတစ်ဆိုင်လို့တောင် အထင်မှားရလောက်တာ ဖြစ်ပါတယ် ။ ကဲ သရုပ်ဆောင်လမင်းကဗျာကိုယ်တိုင် စိတ်တိုင်းကျဖန်တီးထားတဲ့ အိမ်အသစ်လေး ရဲ့ ပုံရိပ်တွေကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Swelsone News