ကိုရိုနာ ဗိုင်းရပ်သည် ဝူဟန်ဈေးမှ စခြင်းမဟုတ်ဘဲ ၂၀၁၉ ၈လပိုင်း ထဲက ဝူဟန်တွင် ပျံ့နေဟု ဆို

ကိုရိုနာ ဗိုင်းရပ်သည် ဝူဟန်ဈေးမှ စခြင်းမဟုတ်ဘဲ ၂၀၁၉ ၈လပိုင်း ထဲက ဝူဟန်တွင် ပျံ့နေဟုဆို

ကိုရိုနာဗိုင်းရပ်စ် ဟာ ဝူဟန်မြို့မှာ ပြီးခဲ့တဲ့နှစ် သြဂုတ်လလောက် ကတည်းက ပျံ့နှံ့နေခဲ့ဖွယ် ရှိတယ်လို့ Harvard Medical School ရဲ့ လေ့လာမှုတွေ့ရှိချက် တစ်ခုကို ထုတ်ပြန်လိုက်ပါတယ်

ဒီလေ့လာတွေ့ရှိချက် ဟာ ပြီးခဲ့တဲ့နှစ် နွေရာသီနှောင်းပိုင်းတုန်းက ဝူဟန်မြို့ရဲ့ ဆေးရုံတွေမှာ ကားအဝင်အထွက်တွေသိသိသာသာများနေခဲ့တဲ့ ဂြိုဟ်တုဓာတ်ပုံတွေနဲ့ တရုတ် အင်တာနက် ရှာဖွေမှုမှာ ကူးစက်ရောဂါနဲ့ဆက်နွယ်တဲ့ စကားလုံးတွေကို ရှာဖွေမှု သိသိသာသာမြင့်တက် ခဲ့တဲ့ အချက်အလက်တွေ ကို လေ့လာ သုံးသပ်ပြီး ခန့်မှန်းကောက်ချက်ချထားတာ ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်သည် ဝူဟန် သားငါးဈေးမှ စတင်ခဲ့ခြင်း မဟုတ် ကြောင်း တရုတ်ဝန်ခံ

ကိုရိုနာဗိုင်းရပ်စ်ပိုးသည် ဝူဟန် သားငါးဈေးတန်းမှ လာသည်ဟု ပထမက ယူဆ မိသော်လည်း ယခုမူ ဝူဟန်ဈေးသည်လည်း ရောဂါပိုးကူးစက်ခံလိုက်ရသည့်နေရာသာ ဖြစ်ဖွယ်ရှိသည်ဟု တရုတ် ရောဂါ ကာကွယ်ထိန်းချုပ်ရေးစင်တာမှ ညွှန်ကြားရေးမှူးဂူဖူက ပြောကြား လိုက်ပါတယ်။

ရောဂါပိုးသည် ဝူဟန်ဈေး ထဲတွင် ရောင်းချနေသည့် တောရိုင်းတိရစ္ဆာန်များထံမှ လာသည်ဟု ယင်းပညာရှင်ကိုယ်တိုင် ပြီးခဲ့သည့်လပိုင်းက ပြောကြားခဲ့သဖြင့် ယခု ဝန်ခံချက်မှာ အံ့အားသင့်ဖွယ်ဖြစ်နေပါတယ်။

အဆိုပါပညာရှင်၏ ကနဦးပြောကြား ချက်ကြောင့် ယင်းဈေးကို အာဏာပိုင်အဖွဲ့က ပိတ်ပစ်ပြီး သန့်ရှင်းရေး အကြီးအကျယ်လုပ်ခဲ့ပါတယ်။ တရုတ်က ထိုသို့တရားဝင် ပြောလိုက်သဖြင့် တစ်ကမ္ဘာလုံး ရှိလူများကလည်း တောရိုင်းတိရစ္ဆာန်ရောင်းဝယ် ဖောက်ကားသည့်လုပ်ငန်းကိုသာ အာရုံစိုက် လာကြပါတယ်။ ရောဂါပိုးဟာ လူကနေ တိရစ္ဆာန်သို့ ကူးစက်သွားခြင်းမျိုး ယခင်ကလည်း ရှိဖူးသဖြင့် ဂူဖူ၏ပြောကြားချက်သည် အစပိုင်းမှာ ဟုတ် သလိုလို ဖြစ်နေပါတယ်။

သို့သော် ဈေးထဲရှိ တိရစ္ဆာန်များ၏နမူနာကိုယူပြီး စစ်ဆေး ထားသည့် အချက်အလက် များကို တရုတ်အစိုးရက အများအား ဝေမျှမပေးသည့် အခါ တရုတ်၏ပြောကြားချက်ကို အများက သံသယ ဝင်လာကြပါတယ်။ ယခုအခါတွင်မှ ဂူဖူက အထက်ပါ တိရစ္ဆာန်များ၏ နမူနာများတွင် ဗိုင်းရပ်စ်ပိုး မတွေ့ရကြောင်း၊ သို့သော် ရေနုတ်မြောင်းအပါအဝင် ပတ်ဝန်းကျင်မှ ရယူထားသည့် နမူနာများတွင်သာ ရောဂါပိုးကို ခြေရာခံမိ ကြောင်း ဖွင့်ပြောလာပါတယ်။

တွေ့ရှိချက် တခုကလည်း ကိုရိုနာဗိုင်းရပ်စ်သည် ၂၀၁၉ ခုနှစ် နိုဝင်ဘာလခန့် ကတည်းက ဥရောပသို့ ပြန့်နှံ့ရောက်ရှိနေခြင်းဖြစ်နိုင်ကြောင်း ပြင်သစ် ဆေးသိပ္ဗံပညာရှင်များက ဖော်ထုတ်ထားပါတယ်။

ပြင်သစ်ဆေးပညာရှင်များက လူနာပေါင်း ၂၅၀၀ တို့၏ ရင်ဘတ်ပိုင်းဆိုင်ရာ ဓာတ်မှန်များကို ပြန်လည်ဆန်းစစ် လေ့လာရာ ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၆ ရက်နှင့် ၁၈ ရက်အကြား လူနာတစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ်၏ ရောဂါ လက္ခဏာနှင့် ကိုက်ညီသော လက္ခဏာများ အဆုတ်တွင်ဖြစ်ပေါ်နေခြင်းကို သိရှိ ခဲ့ရပါတယ်။ အဆိုပါကာလသည် ပြင်သစ်နိုင်ငံ တွင် ပထမဆုံးသော ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ တွေ့ရှိကြောင်း ကြေညာခဲ့သည့် ဇန်နဝါရီ ၂၄ ရက်ထက် ၂ လခန့်စောနေတာ ကို အံ့အား သင့်ဖွယ်တွေ့ရှိရပါတယ်။

တရုတ်နိုင်ငံ ဝူဟန်မြို့က ပထမဆုံး ကိုဗစ်-၁၉ အတည်ပြုလူနာ ထုတ်ပြန် ခဲ့သည့်ရက်မှာ ၂၀၁၉ ဒီဇင်ဘာလ ၈ ရက်နေ့ဖြစ်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *

19 + 6 =