ကိုရီးယား မင်းသမီးလေးလို့ အထင်မှားရလောက်အောင် အပြစ်ပြောရက်စရာ မရှိတဲ့ အလှတရားတွေ ကို ထုတ်ပြလိုက်တဲ့ ရွှေပိုးအိမ်

သရုပ်ဆောင် မင်းသမီးချောလေး ရွှေပိုးအိမ် ကတော့ သရုပ်ဆောင်ကောင်းသလို ချစ်စရာလည်းကောင်းကာ စိတ်သဘောထားလေးလည်း ဖြူစင်သူလေးမို့ ပရိသတ်တွေအားလုံးက ချစ်ခင်အားပေးနေကြတာပါ။ ရွှေပိုးလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ သူမရဲ့ ဇာတ်ကားတွေ များစွာ ရိုက်ကူးထားပြီး ကြော်ငြာတွေနဲ့ အနုပညာအလုပ်တွေကို အဆက်မပြတ်လုပ်ဆောင်နေတဲ့ သူမကိုတော့ ယောကျ်ားလေးပရိသတ်တွေအပြင် မိန်းကလေးပရိသတ်တွေကပါ ချစ်ခင်ကြတာပဲ ဖြစ်ပါတယ်။

သူမရဲ့လှုပ်ရှားမှုလေးတွေကို အမြဲမြင်တွေ့စေတဲ့ ရွှေပိုး တစ်ယောက်ကတော့ အခုတစ်ခါမှာလည်း ကိုရီးယားသူလေးအလား အထင်မှားရလောက်တဲ့ ပုံရိပ်လေးတွေကို ဝေမျှလာခဲ့ပါတယ်။ အရင်နဲ့မတူတော့တဲ့ ကျစ်လျစ်လှပတဲ့ ကိုယ်ခန္ဓာ အလှတရားကို ပိုင်ဆိုင်ပြီးချိန်မှာတော့ ရွှေပိုးတစ်ယောက် Photo shooting များစွာကို လက်ခံရိုက်ကူးနေတာပါ။

ကြည်လင်လှပတဲ့ အသားအရည်လေးတွေနဲ့အတူ အပြစ်ပြောရက်စရာမရှိတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ ရွှေပိုးရဲ့ အလှ ပုံလေးတွေကို ချစ်ပရိသတ်တွေအတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ် ။ ပုံရိပ်လေးတွေအပြင် ” ယူတို့ရဲ့ အနွေးဓါတ်လေး လိုနေတယ် ” ဆိုတဲ့ စာသားလေးကိုလည်း ရေးသားလာတာပါ။ ပရိသတ်တွေ ကြည့်ရှုပြီး အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့နော်…။

Photo credit – nay Lynn Aung