ကူးစက် မြန် ဗြိတိန် ကိုဗစ်ပိုးသစ် ထိုင်းနိုင်ငံ မှာ စတွေ့ပါပြီ (အထူး သတိထားသင့်ပြီ မြန်မာပြည်)

ဗြိတိန်နိုင်ငံထဲမှာ ကူးစက်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်မူကွဲသစ် ကို ထိုင်းနိုင်ငံထဲမှာ တွေ့ထားပြီလို့ ထိုင်းနိုင်ငံ ချူလာလောင်ကွန်းတက္ကသိုလ်က ဗိုင်းရပ်စ်ပိုးမွှားဗေဒပညာရှင် ဒေါက်တာယောင်ပူးဗွိုရာဝမ်က ဇန်နဝါရီ ၃ ရက်မှာ ပြောလိုက်ပါတယ်။

ချူလာလောင်ကွန်းတက္ကသိုလ် ဆေးပညာဌာန လက်တွေ့ အသုံးချ ဗိုင်းရပ်စ်ပိုးမွှား ဌာနဟာ ဗိုင်းရပ်စ်ရဲ့ မျိုးဗီဇကို စစ်ဆေး လေ့လာခဲ့အပြီး B.1.1.7 မူကွဲလို့ သိကြတဲ့ ဗြိတိန်နိုင်ငံမှာ တွေ့ရှိတဲ့ ဗိုင်းရပ်စ် ဖြစ်နေခဲ့တယ်လို့ ဒေါက်တာယောင်က ဇန်နဝါရီ ၃ ရက်မှာ ဖေ့စ်ဘွတ် လူမှုကွန်ရက်ပေါ်ကနေ ဒီသတင်းကို တင်ပြခဲ့ပါတယ်။

ဗြိတိန်နိုင်ငံ အင်္ဂလန်နယ် ကန့်မြို့က လာတဲ့ လူ ၄ ယောက်ပါတဲ့ မိသားစုကနေ ကူးစက်ခဲ့တာပါ။ သူတို့ဆီကနေ ဗိုင်းရပ်စ် မကူးစက်ရအောင် အစိုးရရောဂါခြေချုပ် ဟိုတယ်ကွာရန်တင်းနဲ့ သီးခြားခွဲထားပါတယ်။

ဒီဗိုင်းရပ်စ် မူကွဲဟာ ပိုလွယ်လွယ်ကူးစက်နိုင်ပြီး ဒီမိသားစု ထဲမှာ ချက်ချင်း ကူးစက်ခဲ့တယ်။ မိသားစုဝင်အားလုံး ကူးစက်ခံထားရတယ်လို့ ထိုင်းအခြေစိုက် သနေးရှင်းသတင်းဌာနက ဖော်ပြပါတယ်။

ဆေးဘက်ဝန်ဆောင်မှုဌာနကတော့ ပြည်လုံးကျွတ် ကိုဗစ်လူနာတွေကို ကုသပေးဖို့ ဆေးရုံခုတင် ၂၂,၆၉၀ ကျော်ကို အသင့်ပြင်ထားပြီလို့ ဇန်နဝါရီ ၂ ရက်က ပြောပါတယ်။ ကိုဗစ် ကပ်ရောဂါ ကူးစက်ခံ လူနာ ၅၀ ကျော်စီရှိတဲ့ ဘန်ကောက်၊ စမွတ်စာခွန်နဲ့ ကျန်တဲ့ အနီရောင်ဇုန်ထဲက ပြည်နယ်တွေအတွက် ခုတင် ၂၇၇၈ ခု အဆင်သင့် ထားထားတယ်လို့ ဒုညွှန်ချုပ်က ပြောပါတယ်။

ထိုင်းနိုင်ငံမှာ ဇန်နဝါရီ ၃ ရက် မွန်းလွဲ ၁ နာရီထိ အတည်ပြုချက် အရ ကူးစက်ခံ ၇,၆၉၄ ယောက် ရှိပြီး ကူးစက်ခံ ၆၄ ယောက် သေဆုံးထားပါတယ်။

ဗြိတိန်က ကိုဗစ်ဗိုင်းရပ်စ် မျိုးဗီဇသစ်ကို ထိုင်းတွင် တွေ့ ရှိနေရ ပြီ။ မြန်မာအစိုးရနဲ့ စစ်တပ်အနေဖြင့် ထိုင်းနယ်စပ်ကို သေချာပိတ်ဆို့ရန် လိုအပ် ထိုင်းမှာရောက်နေတဲ့ ဗြိတိန် ကိုဗစ်မျိုးသစ်ဟာ မြန်မာကို တတိယလှိုင်းဖြစ်စေနိုင်လိမ့်မည်ဟုသုံးသပ် ရပါတယ်။

မြန်မာပြည်ရဲ့ ကိုဗစ် ဒုတိယလှိုင်းဟာ ဘင်္ဂလားက လာခဲ့တယ်။ တတိယလှိုင်းဟာ ထိုင်းကနေလာဖို့များပါတယ်။ မြန်မာလုပ်သားတွေက ခိုးဝင်ပေါက်တွေကနေသယ်လာကြလိမ့်မယ်။သတိအကြီးကြီးထားမှဖြစ်မယ်

crd

zawgyi

ၿဗိတိန္ႏိုင္ငံထဲမွာ ကူးစက္ေနတဲ့ ကို႐ိုနာဗိုင္းရပ္စ္မူကြဲသစ္ ကို ထိုင္းႏိုင္ငံထဲမွာ ေတြ႕ထားၿပီလို႔ ထိုင္းႏိုင္ငံ ခ်ဴလာေလာင္ကြန္းတကၠသိုလ္က ဗိုင္းရပ္စ္ပိုးမႊားေဗဒပညာရွင္ ေဒါက္တာေယာင္ပူးဗြိဳရာဝမ္က ဇန္နဝါရီ ၃ ရက္မွာ ေျပာလိုက္ပါတယ္။

ခ်ဴလာေလာင္ကြန္းတကၠသိုလ္ ေဆးပညာဌာန လက္ေတြ႕ အသုံးခ် ဗိုင္းရပ္စ္ပိုးမႊား ဌာနဟာ ဗိုင္းရပ္စ္ရဲ႕ မ်ိဳးဗီဇကို စစ္ေဆး ေလ့လာခဲ့အၿပီး B.1.1.7 မူကြဲလို႔ သိၾကတဲ့ ၿဗိတိန္ႏိုင္ငံမွာ ေတြ႕ရွိတဲ့ ဗိုင္းရပ္စ္ ျဖစ္ေနခဲ့တယ္လို႔ ေဒါက္တာေယာင္က ဇန္နဝါရီ ၃ ရက္မွာ ေဖ့စ္ဘြတ္ လူမႈကြန္ရက္ေပၚကေန ဒီသတင္းကို တင္ျပခဲ့ပါတယ္။

ၿဗိတိန္ႏိုင္ငံ အဂၤလန္နယ္ ကန္႔ၿမိဳ႕က လာတဲ့ လူ ၄ ေယာက္ပါတဲ့ မိသားစုကေန ကူးစက္ခဲ့တာပါ။ သူတို႔ဆီကေန ဗိုင္းရပ္စ္ မကူးစက္ရေအာင္ အစိုးရေရာဂါေျခခ်ဳပ္ ဟိုတယ္ကြာရန္တင္းနဲ႔ သီးျခားခြဲထားပါတယ္။

ဒီဗိုင္းရပ္စ္ မူကြဲဟာ ပိုလြယ္လြယ္ကူးစက္ႏိုင္ၿပီး ဒီမိသားစု ထဲမွာ ခ်က္ခ်င္း ကူးစက္ခဲ့တယ္။ မိသားစုဝင္အားလုံး ကူးစက္ခံထားရတယ္လို႔ ထိုင္းအေျခစိုက္ သေနးရွင္းသတင္းဌာနက ေဖာ္ျပပါတယ္။

ေဆးဘက္ဝန္ေဆာင္မႈဌာနကေတာ့ ျပည္လုံးကြၽတ္ ကိုဗစ္လူနာေတြကို ကုသေပးဖို႔ ေဆး႐ုံခုတင္ ၂၂,၆၉၀ ေက်ာ္ကို အသင့္ျပင္ထားၿပီလို႔ ဇန္နဝါရီ ၂ ရက္က ေျပာပါတယ္။ ကိုဗစ္ ကပ္ေရာဂါ ကူးစက္ခံ လူနာ ၅၀ ေက်ာ္စီရွိတဲ့ ဘန္ေကာက္၊ စမြတ္စာခြန္နဲ႔ က်န္တဲ့ အနီေရာင္ဇုန္ထဲက ျပည္နယ္ေတြအတြက္ ခုတင္ ၂၇၇၈ ခု အဆင္သင့္ ထားထားတယ္လို႔ ဒုၫႊန္ခ်ဳပ္က ေျပာပါတယ္။

ထိုင္းႏိုင္ငံမွာ ဇန္နဝါရီ ၃ ရက္ မြန္းလြဲ ၁ နာရီထိ အတည္ျပဳခ်က္ အရ ကူးစက္ခံ ၇,၆၉၄ ေယာက္ ရွိၿပီး ကူးစက္ခံ ၆၄ ေယာက္ ေသဆုံးထားပါတယ္။

ၿဗိတိန္က ကိုဗစ္ဗိုင္းရပ္စ္ မ်ိဳးဗီဇသစ္ကို ထိုင္းတြင္ ေတြ႕ ရွိေနရ ၿပီ။ ျမန္မာအစိုးရနဲ႔ စစ္တပ္အေနျဖင့္ ထိုင္းနယ္စပ္ကို ေသခ်ာပိတ္ဆို႔ရန္ လိုအပ္ ထိုင္းမွာေရာက္ေနတဲ့ ၿဗိတိန္ ကိုဗစ္မ်ိဳးသစ္ဟာ ျမန္မာကို တတိယလႈိင္းျဖစ္ေစႏိုင္လိမ့္မည္ဟုသုံးသပ္ ရပါတယ္။

ျမန္မာျပည္ရဲ႕ ကိုဗစ္ ဒုတိယလႈိင္းဟာ ဘဂၤလားက လာခဲ့တယ္။ တတိယလႈိင္းဟာ ထိုင္းကေနလာဖို႔မ်ားပါတယ္။ ျမန္မာလုပ္သားေတြက ခိုးဝင္ေပါက္ေတြကေနသယ္လာၾကလိမ့္မယ္။သတိအႀကီးႀကီးထားမွျဖစ္မယ္