မင်းသမီးချော စိုးမြတ်နန္ဒာကို လူပျိုပေါက် အရွယ် (၁၆)နှစ်သား ကတည်းက ကြိတ်ကြွေ ကြိတ်ချစ်ခဲ့တဲ့ အကြောင်း သက်သေအတိကျ နဲ့ ထုတ်ပြလာတဲ့ မနော

ပရိသတ်ကြီးရေ အဆိုတော်မနောကတော့ မြန်မာသံစစ်စစ်ကိုပိုင်ဆိုင်ထားပြီး သာယာ ငြိမ့်ညောင်းလို့ လူကြိုက်များနေတဲ့တေးသံရှင်တစ်ယောက်ဖြစ်ပါတယ်နော်။

မနောရဲ့တစ်ကိုယ်တော် တေးစီးရီးတွေဟာဆိုရင်လည်း အမြို့မြို့အနယ်နယ်မှာ အောင်မြင်နေတာဖြစ်ပါတယ်။

မနောကတော့ ရိုးသားကြိုးစားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေကဝန်းရံအားပေးကြပြီး သူ့ရဲ့အနုပညာလှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေကြတာဖြစ်ပါတယ်နော်။

မနောက အခုချိန်မှာဆိုရင် ကိုယ်ပိုင် မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီး သားသမီးတွေကလည်း အရွယ်ရောက်နေပြီဖြစ်ပါတယ်။

မနောရဲ့မိသားစုဝင်တွေကလည်း စိတ်ထား ပြည့်ဝကြပြီး ရိုးရိုးရှင်းရှင်းနေထိုင်တတ်ကြပါတယ်နော်။

လက်ရှိမှာဆိုရင်တော့ မနောက မိသားစုနဲ့အတူ နေထိုင်ရင်း အနုပညာအလုပ်လေးတွေကိုလည်း တတ်နိုင်သလောက်ကြိုးစားလုပ်ဆောင်နေတာဖြစ်ပါတယ်။

မနောက ငယ်ငယ်ကတည်းက ချောမောခန့်ညားခဲ့လို့ ယခု အရွယ်ထိလည်း ချောမောနေဆဲဖြစ်ပါတယ်နော်။

မနောက သူ့ရဲ့ငယ်ဘဝအမှတ်တရပုံရိပ်လေးတွေကိုလည်း ချပြလေ့ ရှိတာကြောင့် အခုဆိုရင်တော့ (၁၆)နှစ်သားအရွယ်မှာ မင်းသမီးချောစိုးမြတ်နန္ဒာကို အရမ်းကြိုက်နှစ်သက်ခဲ့ကြောင်း ဖွင့်ဟလာတာဖြစ်ပါတယ်။

မနောက မင်းသမီးချောစိုးမြတ်နန္ဒာရဲ့ပုံလေးကို အိမ်မှာကပ်ထားပြီး အမြဲတမ်းတစိမ့်စိမ့်ကြည့်ခဲ့တာဖြစ်ပါတယ်။

မနောကတော့”အသက်က ၁၆ နှစ် ပုံကဟောင်းနေပေမယ့် ကိုကြီးနှလုံးသားကတော့ အဲဒီတုန်းကလိုပဲအသစ်စက်စက်ကြီး”ဆိုပြီး တစ်ချိန်တုန်းကပုံလေးကို မျှဝေလာခဲ့တာဖြစ်ပါတယ်နော်။

crd-Myanmarload