ငါး နဲ့ အာသာဖြေမိ ခဲ့ လို့ ဒုက္ခ အကြီးအကျယ်ရောက် ခဲ့ရတဲ့ အမျိုးသား ရဲ့ အဖြစ်

ငါး နဲ့ အာသာဖြေမိ ခဲ့ လို့ ဒုက္ခ အကြီးအကျယ်ရောက် ခဲ့ရတဲ့ အမျိုးသား ရဲ့ အဖြစ်

တ ရုတ်နိုင်ငံ၊ ဂွမ်ဒေါင်ပြည်နယ် က အသက်(၃၀)အရွယ် အမည်ဖော်ပြထားခြင်း မရှိတဲ့ အမျိုးသားတစ်ယောက်ဟာ ဗိုက်နာဝေဒနာ ပြင်းထန်စွာ ခံစားရပြီး ဆေးရုံကိုရောက်လာခဲ့ပါတယ်။ သူ့ကို ဆေးဘက်ဆိုင်ရာ စစ်ဆေးကြည့်လိုက်ချိန်မှာတော့ CT Scan အရ ငါးတစ်ကောင် ဝမ်းဗိုက်ထဲ ရောက်နေ ခဲ့တာပါ။

သူနာပြုဆရာမတွေက အကြောင်း အမှန်ကို စစ်ဆေးချိန် မှာတော့ အဲဒီအမျိုးသားက ဒီငါးဟာ ဗိုက်ထဲကို သဘောရိုးနဲ့ ရောက်နေတာဖြစ်ကြောင်း၊ ငါးပေါ်ကို သာမန် ထိုင်ချလိုက်မိရုံနဲ့ စအိုထဲကို ဝင်သွားတာလို့ ဆိုပါတယ်။ တကယ် ယုတ္ထိကျကျ တွေးရင်တော့ ဒါဟာ အလွန်ရယ်စရာကောင်းတဲ့ လှိမ့်လုံးပါ။

တရုတ်မှာ အလွန်ထူးဆန်းတဲ့ အာသာဖြေနည်းတွေ ဟာ ခေတ်စားနေတာ မို့ ဒီအမျိုးသားအနေ နဲ့ ထမင်းရေပူ လျှာလွှဲတာဖြစ်နိုင်တယ်လို့ ဒေသခံသတင်းတွေက ကောက်ချက်ချနေပါတယ်။ ဒီအဖြစ်အပျက်ဟာ ဇွန်လ(၃)ရက်နေ့က ဖြစ်ခဲ့တာပါ။ ဒေါက်တာတွေကတော့ ငါးပေါ်ကို ထိုင်ချမိလို့ဆိုတဲ့ ဖြေရှင်းချက်ကြောင့် အတော်လေး ကို ရယ်မောခဲ့ရတယ်လို့ ဆိုပါတယ်။

ငါးတစ်ကောင် ဝမ်းဗိုက်ထဲ ရောက်နေတာဟာ အစာဟောင်း အဖြစ် ရောက်နေတာက အကြောင်းမဟုတ်ပါဘူး။ အခုငါးက အတော်အတန် ကြီးမားပြီး ဖယ်ထုတ်ခြင်း မပြုပါက အစာအိမ် သွေးကြောတွေ ထိခိုက်ပြီး အသက်အန္တရာယ် ထိခိုက်နိုင်ပါတယ်။ ငါးကတော့ မိုဇမ်ဘစ်တီလားပီယားငါးမျိုး ဖြစ်ပြီး၊ ခွဲစိတ်ဖယ်ရှား ခဲ့ရပါတယ်။

မိုဇမ်ဘစ်တီလားပီယားတွေဟာ (၁၅)လက်မလောက်အထိ အရှည်ရှိနိုင်ပြီး၊ အခုအမျိုးသား ရဲ့ X-ray ဓာတ်ပုံတွေအရ ငါးဟာ တစ်လက်မ ဗြက်အကျယ်ရှိတာကြောင့် (၄)(၅)လက်မလောက်

အရှည်ရှိမယ်လို့ ယူဆရပါတယ်။ မှတ်ချက်ရေးသူ တစ်ဦးကတော့ ” ငါတို့က အရူးတွေ ဦးနှောက်မရှိသူတွေ ဆိုတော့ သူ ငါးပေါ်ကို ထိုင်ချခဲ့မိတယ်ဆိုတဲ့စကားကို ယုံရတာပေါ့ “လို့ လှောင်ပြောင် ခဲ့ပါတယ်။

crd : shwewiki

Add a Comment

Your email address will not be published.

one × 1 =