အမှိုက်ပုံ နားကနေ ခုဆို ရွှေဘုံလိုနေရာ မှာ သားနေခဲ့ ရပီ အမေ

အမှိုက်ပုံ နားကနေ ခုဆို ရွှေဘုံလိုနေရာ မှာ သားနေခဲ့ ရပီ အမေ

မိုးရေ ထဲ စွန့်ပစ်ခံရပြီး ခြင်တွေကိုက် လို့ ကလေးရယ်၈၃လမ်း၊ ၂၆x၂၇ ကြား မန္တလေး ဈေးချိုနားဖြစ်ပြီးသာသနာ့ပါလက ညီလေးမင်းသန့်ကဆက်သွယ်လာလို့ည.၁၁နာရီအချိန် သွားရောက်ခေါ်ယူခဲ့ပြီးကုတင် ၅၅၀ ကလေးဆေးရုံကြီးသို့ ဆေးရုံတင်ကလေးက ၄ပေါင်ပဲရှိတယ် အသားကလဲ နည်းနည်းဝါလို့ညတွင်းချင်းဆေးကုသမှုခံယူနေပါတယ်။

မေတ္တာဖြင့်

အလင်းစေတမန် အွန်လိုင်း ပရဟိတ

09444051992

30-5-2020

နောက်ဆက်တွဲ သတင်း

အမှိုက်ပုံနားကနေ ခုဆိုရွှေဘုံလိုနေရာမှာ သားနေခဲ့ရပီ အမေ။ စိတ်မပူပါနဲ့ တော့ အမေရယ်သား အခုဆို (၁၀)ရက်တောင်ရှိနေပီ။

အမေ့ကို သားအပစ် မယူပါဘူး။ ဒါသားကံပါ။သားအဆင်ပြေပါတယ်။ နေကောင်းပါတယ်။ ဒဏ်ရာတွေ တပွေ့တပိုက်နဲ့ အမေအဆင်မှပြေပါ့မလားအမေ့ရင်ခွင်မှာ အမေထားချင်ပေမဲ့ မတတ်သာလို့သာ သားကို ထားသွားခဲ့တယ်ဆိုတာ သားသိပါတယ်။ဒါပေမဲ့အမေရယ် အမေ့ရင်ခွင်ထဲမှာ သားအိပ်စက်ချင်တာပေါ့။

အမေ့နိုချိုလေး သားတမ်းတမိတာပေါ့။ သားဘယ်မှာရှိနေတယ်ဆိုတာ အမေသိမှာ သားရှိတဲ့နေရာလေးမှာ တနေ့အမေလာခဲ့ပါ

အမေကျေနပ်ပါစေ

အမေကျန်းမာပါစေ

ပန်းတပွင့်၏ ငို ရှိုက်သံ

မေမေ….

သားကို မိုးရွာထဲ လမ်းကြားမှာ ပို့ထားခဲ့တယ်နော်။ဒါပေမယ့်မေမေရေ နှလုံးးသားးလှတဲ့ အလင်းစေတမန်အဖွဲ့က ဦးဦး တွေ အန်တီတွေကသားကို နွေးထွေးစေတယ်။အခုဆို သား ၁၀ ရက်ရှိပီမေမေ။ သားကို မေမေ စွန့်ပစ်ခဲ့ပေမယ့်လူ့လောကကြီးထဲကို ရောက်အောင်မွှေးပေးခဲ့လို့ကျေးဇူး တင်ပါတယ်မေမေ။

ဘလိုပဲဖြစ်ဖြစ် အမေဟာ အမေပဲမို့ သားအသက်ရှင် နေသမျှ ကာလ ပါတ်လုံး အမေ့ကျေးဇူးးကိုမမေ့ပါဘူး။ အမေသတိရလို့ သားကိုတိတ်တိတ်လေး လာကြည့် ခြင် ကြည့်နေမှာပေါ့နော်။ခုသားဘဝ လုံခြုံ ပါတယ်မမေရယ် ။ စိတ်မပူနဲ့နော် မေမေသာ ကျန်းမာရေးဂရုစိုက် ပါနော် ။မေမေ…သားအသက်ရှင်ခွင့်ရပီမေမေ သားလေ ကြိုးစားပီးပညာတတ်ကြီးဖြစ်အောင် လုပ်မယ် ခုလိုသားတို့လိုစွန့်ပစ်ခံရတဲ့ သူတွေအတွက် သားကြိုးစားမယ်။

ကူညီမယ် စောင့်ရှောက်မယ် ။ မေမေ့လို အမှားတွေ မဖြစ်ရအောင် သားလည်း ကိုယ့်ဘဝကို ထိမ်းကျောင်း မယ် ညီမလေးတွေ ကိုလည်း သွန်သင်မယ် ။ဘဝဆက်တိုင်း မိစုံ ဖစုံ နဲ့အတူတကွ ဆင်းရဲ အတူငတ်အတူ နေရနေရ ။အတူတကွ နေရအောင်ဘုရားမှာ ကုသိုလ် တွေ လုပ်ပြီး ဆုတောင်းမယ်။ သား ရဲ့ ဒီစာလေးကို မေမေ တနေရာရာက ဖတ်မိရင် မေမေဝမ်းသာကျေ နပ်ပါ မေမေ့ကိုလည်းသားခွင့်လွတ်နားလည်ပါတယ်။အန်တီ မမတွေလဲနောင်ယခု လို ဖြစ်လာမယ့် အကြောင်းတရားတွေအတွက် စဉ်းစား ဆင်ခြင် နိုင်ကြပါစေ လို့သားငယ်လေး ဆုတောင်း ပါတယ်။

ညီမတွေ အမတွေ ဒီလို အမှားတော့့မလုပ်ကြပါနဲ့ လို့ တောင်းပန်ပြောကြားပါရစေ။

ချစ်ဦး

အလင်းစေတမန် အွန်လိုင်း ပရဟိတ

09444051992