တိမ်ပြာပြာ ကောင်းကင်ကြီးအောက် မှာ နတ်သမီးလေး တစ်ပါးလို ရင်သပ် ရှုမောဖွယ်ကောင်းအောင် လှနေတဲ့ သင်ဇာဝင့်ကျော်

တိမ်ပြာပြာ ကောင်းကင်ကြီးအောက် မှာ နတ်သမီးလေး တစ်ပါးလို ရင်သပ် ရှုမောဖွယ်ကောင်းအောင် လှနေတဲ့ သင်ဇာဝင့်ကျော်

မြန်မာဆန်ဆန် ရှင်းလင်းပြေပြစ်တဲ့ မျက်နှာလေး နဲ့ ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှကို ပိုင်ဆိုင်ထားတဲ့ သင်ဇာဝင့်ကျော်က အမျိုးသားထုကြီးအတွက်တော့ ရင်ခုန်စရာ နတ်သမီး တစ်ပါးပါပဲ။ သင်ဇာဝင့်ကျော်က နောက်ပိုင်းမှာ အဝတ်အစားဝတ်တာနဲ့ ပက်သတ်ပြီး အရမ်းဟော့လာတာမို့ ပရိသတ်တွေ ကလည်း သင်ဇာဝင့်ကျော် ရဲ့ လှုပ်ရှားမှုတိုင်းကို စက္ကန့်မလပ် စောင့်မျှော်အားပေးကြတာ ဖြစ်ပါတယ်။ သင်ဇာကလည်း သူမရဲ့ ပရိသတ်တွေ အားပေး ရကျိုးနပ်ဖို့အတွက် မရိုးနိုင်တဲ့ ဓာတ်ပုံတွေကို ချပြလေ့ရှိပါတယ်။

အနုပညာလုပ်ငန်းတွေ ကို ရပ်နား ထားတာ အတော်ကြာပြီဖြစ်တဲ့ သင်ဇာဝင့်ကျော်က လက်ရှိ မှာတော့ မန္တလေးမြို့မှာ ကြော်ငြာ ရိုက်ကူးပေးဖို့ ရောက်ရှိ နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီး အတွက် အဖြူရောင်ဝတ်စုံလေးနဲ့ နွဲ့နွဲ့လျောင်းလျောင်းလေးလှနေတဲ့ သူမရဲ့ခရီးသွားအမှတ်တရတွေကို ဖော်ပြပေး လိုက်ပါ တယ်နော်။

သင်ဇာဝင့်ကျော်ကတော့ အသက်တစ်ရက်ကြီး လာတာနဲ့အမျှ အလှတွေ ပိုတိုးလာသလားလို့ ထင်မှတ်ရပါတယ်။ ပရိသတ်ကြီးလည်း တိမ်ပြာပြာကောင်းကင်ကြီးအောက်မှာ နတ်သမီးလေးတစ်ပါးလို ပြီးပြည့်စုံစွာလှနေတဲ့ သင်ဇာဝင့်ကျော်ရဲ့ ပုံရိပ်လေးတွေကို ကြည့်ရှုပြီး ကျေနပ်အားရကြမယ် ထင်ပါ တယ်နော်။

Source: Thin Zar Wint Kyaw’s fb