သူကိုယ်တိုင် ထက် ဇာတ်မိသားစုေ တွ နဲ့ ပရိသတ်တွေ အဆင်ပြေဖို့ သာ သူ့အတွက် အရေးကြီးတယ် ဆိုတဲ့ ဖိုးချစ်

သူကိုယ်တိုင် ထက် ဇာတ်မိသားစုေ တွ နဲ့ ပရိသတ်တွေ အဆင်ပြေဖို့ သာ သူ့အတွက် အရေးကြီးတယ် ဆိုတဲ့ ဖိုးချစ်

ဇာတ်သဘင်ဥက္ကဌ ဇာတ်မင်းသားဖိုးချစ် ကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ ဇာတ်ကရတာကို ကလေးအရွယ်တည်းက ဝါသနာပါနှစ်သက်ပြီး နယ်လှည့်ကပြဖျော်ဖြေခဲ့သူပါ.။ ကိုယ်တိုင်လည်း နှစ်သက်ပြီး ဝါသနာတူ တဲ့ လုပ်ဖော်ကိုင်ဖက် ဇာတ်သဘင် လောကသားများကိုလည်း မိသားစုလို စောင့်ရှောက်တတ် သူပဲဖြစ်ပါတယ်။

ဖိုးချစ်ဟာ သူ့ရဲ့ ကြင်နာတတ်ပြီး အများအတွက် စဉ်းစားတတ်တဲ့ စိတ်ကြောင့် ဇာတ်သဘင် အစည်းအရုံးက လူတွေရဲ့ လေးစားမြတ်နိုးမှုတွေကို ရရှိပိုင်ဆိုင်ထားတဲ့ ဥက္ကဌတစ်ယော က်ဖြ စ်နေသူပဲဖြစ်ပါတယ်။. လတ်တလော Covid ရောဂါကြောင့် ဇာတ်ကခြင်းတွေကို ရပ်နား ထားရတဲ့ အချိန်မှာ

ခက်ခဲကုန်တဲ့ ဇာတ်သဘင် လောကသား အားလုံးအတွက် ထောက်ပံ့ပေး နိုင်ဖို့ ဥက္ကဌတစ်ေ ယာက်အနေနဲ့ ကူငွေကို ကိုယ်တိုင် မတည် ဦးဆောင်ကာ ထောက်ပံ့ပေးေ နတာပါ.။ ဒီနေ့ ဇွန်လ (၉)ရက်နေ့မှာတော့ ဖိုးချစ်က “ကျွန်တော်အဆင်မပြေမှာ မိသားစုေ တွကစိတ်ပြူ က တယ်။ ဘယ်တော့ အလုပ်လုပ်ရမှာလဲ မေးကြတယ်။ ဟုတ်ကဲ့.. ကျွန်တော် အဆင်ပြေဖို့ထက် ကျွန်တော့် မိသားစုတွေ အဆင်ပြေဖို့ ပိုအရေးကြီးပါတယ်။

ကျွန်တော့်မိသားစုတွေ ပရိသတ်တွေ အဆင်ပြေပြီး ပျော်တဲ့နေ့၊ ကျွန်တော် အလုပ်စလုပ်ရပြီး ကရမဲ့နေ့ပေါ့ဗျာ။ ဖိုးချစ် 9-6-2020 01:40 pm” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။ ဖိုးချစ်ကတော့ သူကိုယ်တိုင်ထက် ပရိသတ်နဲ့ မိသားစုတွေ အဆင်ပြေဖို့ကသာ သူ့အတွက် အရေးကြီးတယ် လို့ ခံယူထားတဲ့ လေးစားဖွယ် စိတ်ဓာတ်ပိုင်ရှင်ပါပဲေ နာ်..Cele Connections ပရိသတ်ကြီး.။

Source: Phoe Chit’s facebook

Sakura(Cele Connections)

Add a Comment

Your email address will not be published. Required fields are marked *

twelve − six =