ပြည်ပ ခရီးသွား ရာဇဝင် မရှိတဲ့ ကိုဗစ် လူနာအမှတ် (၂၄၅) ရဲ့ ကူးစက်မှု ကွင်းဆက် ပျောက်ဆုံးနေ

ပြည်ပ ခရီးသွား ရာဇဝင် မရှိတဲ့ ကိုဗစ် လူနာအမှတ် (၂၄၅) ရဲ့ ကူးစက်မှု ကွင်းဆက် ပျောက်ဆုံးနေ

ယနေ့ ဇွန်လ ၉ ရက် ည ၈ နာရီ အတည်ပြု ထုတ်ပြန်တဲ့ ဆီဆိုင်မြို့နယ် မှ ကိုဗစ်-၁၉ ဓါတ်ခွဲ အတည်ပြုလူနာအမှတ် (၂၄၅) မှာ ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင် ကျေးရွာ၌ အသွားအလာ ကန့်သတ် စောင့်ကြည့်နေသည့် အသက် ၃၀ နှစ်အရွယ် အမျိုးသားဖြစ်ပြီး ပြည်ပနိုင်ငံများသို့ သွားရောက်ခဲ့သည့် ခရီးသွားရာဇဝင် မရှိသကဲ့သို့ ကိုဗစ်-၁၉ ဓါတ်ခွဲအတည်ပြု လူနာများနှင့် ထိတွေ့ခဲ့သည့် ရာဇဝင်လည်း မရှိဘူးလို့ သိရပါတယ်။

“လူနာအမှတ် (၂၄၅) က ဆိုက်ခေါင် ကပါ။ စဝ်စံထွန်းဆေးရုံကို မနက်ဖြန်မ နက် ပို့ပါမယ်။ သူနဲ့ ထိတွေ့ခဲ့တဲ့ Contact တွေကိုတော့ စုံစမ်းနေတုန်းပဲ ရှိပါသေးတယ်။ လူနာက ရောဂါလက္ခဏာလည်း မရှိပါဘူး။ ကျန်းမာရေး ကောင်းနေပါတယ်” ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနှင်းအိဖြူက ပြောပါတယ်။

ကိုဗစ်လူနာအမှတ် (၂၄၅) သည် ကချင်ပြည်နယ်၊ မြစ်ဆုံဒေသ တွင် ပခုက္ကူမှ အခြားသူများနှင့် အတူ လမ်းလုပ်ငန်း သွားရောက် လုပ်ကိုင်ပြီးနောက် ပြန်လာသူဖြစ်ကာ ဆိုက်ခေါင်ကျေးရွာ သို့ မေလ ၂၁ ရက်တွင် ပြန်ရောက်ပြီး ၎င်းအပါအဝင် မိသားစုဝင် (၆) ဦးလုံး Q စင်တာ ၌ ဝင်ရောက်နေခြင်းဖြစ်ကာ ကျန် ၅ ဦး၏ အဖြေတွင် ရောဂါပိုး တွေ့ရှိခြင်း မရှိကြောင်း သိရပါတယ်။

ယနေ့ ဇွန်လ ၉ ရက်တွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ ၅၃၇ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ ၂၀၆ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာန (မန္တလေး) (PHL – Mdy) မှ ဓာတ်ခွဲနမူနာ ၁၈၈ ခုနှင့် ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) မှ ဓာတ်ခွဲနမူနာ ၁၃၉ ခု၊ စုစုပေါင်း ဓါတ်ခွဲနမူနာ ၁၀၇၀)ခု အား စစ်ဆေးခဲ့ရာ ကိုဗစ်လူနာအမှတ်စဉ် (၂၄၅) နဲ့ (၂၄၆) လူနာအသစ် ၂ ဦး တွေ့ရှိခြင်းဖြစ်သည်။

မြန်မာနိုင်ငံတစ်ဝှမ်းတွင် ယနေ့ ဇွန်လ ၉ ရက်၊ ညပိုင်းအထိ ကိုဗစ် ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ၂၄၆ ဦး ရှိလာနေပြီး ပြန်လည် သက်သာလာသူ ၁၅၉ ဦး ရှိကာ သေဆုံးသူ ၆ ဦး ရှိခဲ့တယ်လို့ သိရပါတယ်။

crd : blacker

Add a Comment

Your email address will not be published. Required fields are marked *

3 × five =