နာမည်ကြီး နေတဲ့ G Fatt နဲ့ နေဝင်း တို့ရဲ့ FB ပေါ်က အဖြစ်အပျက်လေး
|ဂီတလောကမှာ အောင်မြင်မှုတွေ အခိုင်အမာနဲ့ လူငယ်ပရိသတ်တွေ
အကြိုက်သီချင်းကောင်းလေးတွေများစွာ ဖန်တီးတတ်တဲ့ လူငယ်အ
ဆိုတော်တွေထဲမှာ G Fatt ကလည်း အပါအဝင်ပါပဲနော်..
သူ့ရဲ့သီချင်း
ကောင်းလေးတွေကလည်း လူငယ်ပရိသတ် တွေကြား အတော်လေးကို
အောင်မြင်ရေပန်းသားနေပြီး ယောကျ်ားလေး မိန်းကလေးမရွေး ပရိသတ်
တွေအားလုံးက ချစ်ခင်အားပေးကြကာ ဂီတလမ်းကြောင်းမှာ အောင်မြင်
စွာ ရပ်တည်နေသူလည်း ဖြစ်ပါတယ်နော်..
လူငယ်ပီပီပျော်ပျော်နေတတ်
တဲ့ G Fatt ကတော့ သူငယ်ချင်းတွေအပေါ်မှာလည်းကူညီပေးတတ်သလို
သိပ်ချစ်ကြတဲ့ဆယ်လီစုံတွဲလေးဖြစ်တဲ့ နေဝင်းနဲ့ အိမ့်ချစ်ချောတို့စုံတွဲလေး
ကိုလည်း ကူညီပေးခဲ့ဖူးတဲ့အကြောင်းပြောပြလာပါတယ်..
နေဝင်းတစ်ယောက်
အိမ့်ချစ်ချောကို လက်ထပ်ခွင့်တောင်းတဲ့အချိန်မှာလည်း ကူညီပေးခဲ့ဖူးသလို
တစ်ချိန်ကျရင် သူ့ကိုပြန်ကူညီပေးဖို့အကြောင်းလေးကိုလည်း G Fatt က
စနောက်ရင်းပြောလာတာမို့ ပရိသတ်တွေကလည်း သဘောကျ နေကြပါ
တယ်နော်..
“ပြန်ကြည့်တိုင်း ပျော်ရတဲ့ အမှတ်တရလေး .. ❤ ကျွန်တော့်အ
လှည့်ကျရင်လဲ ပြန်ကူညီ ရမှာနော် 🤪 Nay Win ❤ Eainy Chit Chaw..” ဆိုပြီး
G Fatt က ရေးသားထားတာ ဖြစ်ပါတယ်နော်..
အဲ့ဒီပို့စ်ရဲ့အောက် မှာတော့
ပရိသတ်တွေ ကလည်း G Fatt ကို စနောက်ထားကြပြီး ကောင်မလေးရှိလား
ဆိုပြီးတော့လည်း ကျီစယ် ထားကာ အပြန်အလှန် မှတ်ချက်လေးတွေရေး
သားကာ စနောက် ကျီစယ်ထားကြတာလည်း တွေ့ရပါတယ်နော်..