ဘယ်လောက်ပဲ ဆိုးခဲ့ဆိုးခဲ့ အနား ကဘယ်တော့မှ ထွက်မသွားတဲ့သူကို အလင်းပြလိုက်တဲ့ မိုးယံဇွန်

ဘယ်လောက်ပဲ ဆိုးခဲ့ဆိုးခဲ့ အနား ကဘယ်တော့မှ ထွက်မသွားတဲ့သူကို အလင်းပြလိုက်တဲ့ မိုးယံဇွန်

ပရိသတ်တွေ အားပေးမှုရရှိပြီးသားဖြစ်တဲ့မင်းသားချောလေး မိုးယံဇွန် ကတော့ မကြာသေးမီ ကမှ MRTV-4 ထုတ်လွှင့်ပြသခဲ့တဲ့ ” အကြင်နာမြစ်ဖျား ” ဆိုတဲ့ ဇာတ်လမ်းတွဲမှာလည်း ဂျစ်ကန်ကန်နဲ့အရမ်းချစ်တတ်တဲ့ သူရိန်ဆိုတဲ့ ကောင်လေးရဲ့ ကာရိုက်တာကို ပီပြင်အောင် သရုပ်ဆောင်နိုင်ခဲ့တဲ့အတွက် ပရိသတ်တွေ တခဲနက်အားပေး ခဲ့ကြပါတယ် ။ သူ့ရဲ့ပရိသတ် တွေ ကတော့ နောက်ထပ်ထွက်ရှိမယ့် ဇာတ်ကားတွေကိုမျှော်လင့်နေခဲ့ကြတာပါ ။

အချစ်ရေးနဲ့ပတ်သက်ပြီး သိုသိုသိပ်သိပ်ရှိတဲ့ မိုးယံဇွန်ရဲ့ လက်ရှိအချစ်ရေး အခြေနေကို ပရိသတ်တွေက သိချင်နေကြပေမယ့် အခုထိတော့ အလင်းမပြသေးပါဘူးနော် ။ လတ်တ လောမှာတော့ မိုးယံဇွန်တစ်ယောက် ” ကိုယ်ဘယ်လောက်ဆိုးဆိုး ဘာတွေလုပ်လုပ် အနား ကတဖဝါးမှမခွာအမြဲရှိတာဆိုလို့ လွန်ခဲ့တဲ့၁၁နှစ်က မင်းပေးထားတဲ့ဒီ အရုပ်လေးပဲရှိတယ် ” ဆိုတဲ့စာသားလေးနဲ့အတူ သူ့ရဲ့အမှတ်တရ အရုပ်လေးနဲ့တွဲရိုက်ထားတဲ့ ပုံရိပ်လေးကို ပရိသတ်တွေကိုမျှဝေပေးလာခဲ့ပါတယ် ။

မိုးယံဇွန်ပြောတဲ့ မင်း ဆိုတာ ဘယ်သူ ဖြစ်မလဲ ဆိုတာကိုလည်း ပရိသတ် တွေက အရမ်းကို စိတ်ဝင်စားနေကြပါတယ် ။ မိုးယံဇွန်ရဲ့ ပရိသတ်တွေကတော့ သူတို့အမြဲတမ်း အနားမှာရှိ နေပေးမှာမို့ အားမငယ်ပါနဲ့ဆိုတဲ့ အားပေးစကားလေးတွေနဲ့ဝန်းရံထားကြတာလည်း တွေ့ရ ပါတယ် ။

Source : Moe Yan Zun
Emily (Cele Gabar)

Add a Comment

Your email address will not be published. Required fields are marked *

1 × one =