ရုန်းကန်နေရတဲ့ ဘ၀အခက်အခဲတွေကို ဝမ်းနည်းစွာ ရင်ဖွင့်လာတဲ့ သရုပ်ဆောင် “ကြူကြူသင်း”

ပရိတ်သတ်ကြီးရေ၊ အခုတစ်ခါမှာဆိုရင်ဇာတ်ပို့သရုပ်ဆောင်ကြူကြူသင်းကဘယ်သူမှမသိသေးတဲ့နောက်ကွယ်မှာကြုံတွေ့နေရတဲ့ဘ၀အခက်အခဲတွေကိုအခုလိုဝမ်းနည်းစွာရင်ဖွင့်လာခဲ့ပါတယ်နော်။ ဇာတ်ပို့သရုပ်ဆောင်ကြူကြူသင်းကကျမတို့ ရုပ်ရှင်သရုပ်ဆောင်တွေအကြောင်း၊အဓိကကတော့ကျမအကြောင်းပေါ့၊ရုပ်ရှင်လောကမှာအနှစ်သုံးဆယ်ကျော် အလုပ်လုပ်လာတဲ့ကျမ အိမ်တလုံးတောင်မပိုင်ပါဘူး၊အရင်ကမိဘပိုင်ဆိုင်တဲ့ အိမ်ကြီးမှာ ညီကိုယ်မောင်နှမသိပ်ခင်တဲ့ကျမအမေဟာ သူတို့တသက်အိမ်မဝယ် အိမ်ဝယ်ဘို့လဲတိုက်တွန်းလို့မရနဲ့ အမျိုးတွေနဲ့ အိမ်ကြီးမှာပျော်ပျော်ကြီးနေကြတယ်၊သမီးဖြစ်သူရဲ့ရှေ့ရေး မတွေးတာလား။

တသက်လုံးဒီအိမ်မှာဘဲတည်ရှိမှာဘဲအတွေးနဲ့ပေါ့၊ အသက်တွေကြီးလာလို့ သမီးဖြစ်တဲ့ကျမကိုခွဲသွားပြီး ချိန်လဲကြရော ကျန်ညီကိုယ်မောင်နှမတွေအမွေခွဲတဲ့ အချိန် အိမ်ဝယ်ဘို့တောင်မမှီတဲ့ငွေလေးနဲ့ ကျမအိမ်ငုားဘဝရောက်တော့တာဘဲ၊အများမြင်မှာ ရုပ်ရှင်တွေရိုက်ငွေတွေထောနေမှာဘဲလို အများကမြင်ကြတယ်၊ကျမတယောက်ထဲရပ်တည်ရတဲ့ဘဝမှာ အိမ်လခ မီးဘိုး ရေဘိုး တိုက်ခန်းနေသူတွေသာသိတာ။

သောက်ရေကအစဝယ်သောက်ရတဲ့ခေတ် ရုပ်ရှင်တွေ ရိုက်ရတလှဲ့ မရိုက်ရတလှဲ့နဲ့ ကိုယ့်အခြေလေးရိုင်နေတာ လူမသိအောင်ရပ်တည်နေခဲ့တာ၊ ကားရိုက်ကြဲလာလေ စိတ်အတွေးတွေလေလေပါဘဲ… နောက်ကြတော့အသက်ရွယ်ရရော ကားရိုက်တွေရပ်တန်သွားတဲ့အခါ အပူဘယ်သူကယ်မလဲမတွေးဘဲ ဘဝရပ်တည်ဖို့ အတွက်စျေးရောင်းခဲ့တယ်၊အတော်သင့်လေးရောင်းရယုံရှိသေးတဲ့အချိန် ခုလိုကပ်ဆိုးကြောင့် လုံးဝရပ်တော့တာဘဲ။

အဲ့အခါ ပေါင်းနေတဲ့အသိမိတ်ဆွေတွေက ကူညီဖေးမ ပေးကမ်းထောက်ပံ့ကြနဲ့ ဝမ်းရေးတခုကိုမဆင်ပြေခဲ့တာပါ၊ကျမထောက်ပံ့မှုတခုရတိုင်း ကိုယ့်စိတ်ကိုယ်မလုံဘူးဘ တိုက်ခန်းနဲ့နေတဲ့ကျမတို့က ယူတယ် ထောက်ပံ့တာကိုစားတယ်ဆိုတဲ့ အတွေးတွေတွေးကြတဲ့သူတွေရှိကြပါတယ်၊ရွှေကြောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင်ဖြစ်နေတဲ့ ကျမတို့ယူရတာပါဘ စာနာစိတ်နဲ့ပေးကမ်းကြတဲ့သူတွေကိုလဲ ဘုရားရှစ်ခိုးတိုင်း ဆုတောင်းမေတ္တာပို့ပါတယ်၊ ကျမလဲတချိန်ချိန်မှာ ပေးကမ်းနိုင်တဲလူဖြစ်ချင်ပါတယ်ဆိုပြီးပြောပြလာခဲ့ပါတယ်၊ စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်တက်ဆက်ပေးလိုက်ပါတယ်နော်။

crd

Zawgyi Vision