“ပရိသတ်တွေ ဆီ ရင်ဖွင့်ရတဲ့ အထိ ဝမ်းနည်းမှုတွေ ကို ခံစားနေရတဲ့ စံရတီမိုးမြင့်”

“ပရိသတ်တွေ ဆီ ရင်ဖွင့်ရတဲ့ အထိ ဝမ်းနည်းမှုတွေ ကို ခံစားနေရတဲ့ စံရတီမိုးမြင့်”

အရုပ်မလေး တစ်ရုပ်လို လှပတဲ့ မင်းသမီး စံရတီမိုးမြင့်ကိုတော့ ပရိသတ်ကြီး လည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ပရိသတ်တွေရဲ့ အချစ်နဲ့ အားပေးမှုတွေကို ရရှိထားပြီး ဇာတ်ရုပ်တိုင်းအတွက် အကောင်းဆုံးကြိုးစား ပြောင်းလဲ သရုပ်ဆောင်နိုင်သူပဲ ဖြစ်ပါတယ်.။ ရိုးရှင်းပြီး ဆွဲဆောင်မှုရှိတဲ့ သူမရဲ့ မျက်နှာကျ အလှကတော့ တကယ့်ကို လှပတဲ့ အလှမျိုးကို ပိုင်ဆိုင်ထားသူလို့ ဆိုရမယ်ထင်ပါတယ်နော်.။

စံရိတီကတော့ သူမရဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်ရင်း လေ့ကျင့်ခန်းတွေ ကို ပုံမှန်လုပ်ကိုင်တတ်တဲ့ ကျန်းမာရေးလိုက်စားသူတစ်ယောက်ပဲဖြစ်ပါတယ်။ သူမရဲ့ ချစ်ရတဲ့ အိမ်မွေးခွေးလေးတွေနဲ့အတူ ရိုက်ထားတဲ့ ပုံလေးတွေကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လေ့ရှိသူပါ.။ စိတ်မာပြီး ပွင့်ပွင့်လင်းလင်းသာ ပြောဆို နေထိုင်တတ်တဲ့ စံရတီမိုးမြင့် ကတော့ ဒီနေ့ ဇွန်လ (၉)ရက်နေ့မှာ “ဘယ်လောက် strong ဖြစ်တယ် ပြောပြော ဝမ်းနည်းတဲ့ အခါ ငိုရတာပဲ.. (2020 )မှာ နှလုံးသား က အရင်လိုပဲ မာစေ ကျောစေ ခံစားချက်မဲ့စေ ဆုတောင်း ခဲ့ပေမယ့် မပြည့်..” ဆိုပြီး သူမရဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။

တော်ရုံတန်ရုံ စိတ်ခံစားချက်တွေအကြောင်းကို ရင်ဖွင့်လေ့ မရှိတဲ့ စံရတီလေးကတော့ သူမ ရဲ့ အသက် (၂၆)နှစ် မွေးနေ့ပွဲပြီး နောက်မှ ပထမဆုံး ခံစားချက်တွေကို ရင်ဖွင့်လာခဲ့တာ ပဲဖြစ်ပါတယ်နော်.ပရိသတ်ကြီး။ ပရိသတ်ကြီးလည်း ဝမ်းနည်းမှုတွေကို ခံစားနေရတဲ့ မင်းသမီး စံရတီမိုးမြင့်အတွက် အားပေး စကားပြောပေးသွားပါဦးနော်.။

Source: San Yati Moe Myint’s facebook

Add a Comment

Your email address will not be published. Required fields are marked *

4 + 7 =