ကကွက်ဆန်းတွေ ထုတ်ပြလိုက်ပြီး တစ်ကိုယ်လုံးကိုလှုပ်ခါကာ ခပ်မိုက်မိုက်လေး ကပြလိုက်တဲ့ စူးရှထက် ရဲ့ ဗီဒီယိုလေး

ပရိသတ်ကြီးရေ…..အမိုက်စားပုံရိပ်တွေနဲ့ ပရိသတ်တွေကြားမှာ လူသိများအောင်မြင်လာတဲ့ မော်ဒယ်၊ သရုပ်ဆောင်အ‌နေနဲ့ရပ်တည်နေတဲ့ စူးရှထက်ကိုသိကြမယ်ထင်ပါတယ်နော်။ စူးရှထက်ဟာ Photo Shooting တွေရိုက်ကူးလေ့ရှိသလို သီချင်းဗီဒီယိုလေးတွေမှာလည်း ပါဝင်သရုပ်ဆောင်‌နေတာ ဖြစ်ပါတယ်။ အခုလက်ရှိမှာ ဆိုရင် စူးရှထက်ဟာ အနုပညာအလုပ်တွေအပြင် စီးပွားရေးလုပ်ငန်းကိုပါ စတင်လုပ်ကိုင်နေတာဖြစ်ပါတယ်။

စူးရှထက်ဟာ “Hello Sue” ဆိုတဲ့ ဖက်ရှင်ဆိုင်ကိုလည်း ဖွင့်လှစ်ထားတာဖြစ်ပြီး သူမရဲ့ကိုယ်ပိုင်စီးပွားရေးတစ်ခုအနေနဲ့ လုပ်ကိုင်နေတာပါနော်။ စူးရှထက်ဟာ အနုပညာအလုပ်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို ကြိုးစားလုပ်ဆောင်နေရုံသာမက အလှူဒါနတွေကိုလည်း မကြာခဏ လုပ်လေ့ရှိသူဖြစ်ပါတယ်…..။

ဒါ့ပြင်စူးရှထက်ဟာ အားလပ်ချိန်လေးတွေမှာဆိုရင်လည်း Tik Tok ဗီဒီယိုလေးတွေကို ရိုက်လေ့ရှိပြီး မကြာသေးခင်ကလည်း သူမရဲ့ Tik Tok accလေးမှာ ဗီဒီယိုလေးတွေကိုတင်ပေးလာပါတယ်။ စူးရှထက်ဟာ ကကွက်ဆန်းတွေထုတ်ပြပြီး အပီအပြင်ဒွန့်နေတာပါ။ ကဲ….ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Zar Chi’s FB Acc

zawgyi



