ကျစ်လျစ် သွယ်လျတဲ့ ကိုယ်ခန္ဓာအလှကို ပေါ်လွင်စေတဲ့ အဖြူရောင်ဖက်ရှင်လေး နဲ့ ဆယ်ကျော်သက်လေး လို အလှတွေပိုနေတဲ့ မိုးဟေကို

ပရိသတ်တွေ အခုချိန်ထိ အားပေးအချစ်ပို ကြဆဲဖြစ်တဲ့ ရုပ်ရှင်နဲ့ဗီဒီယို သရုပ်ဆောင် မိုးဟေကိုကတော့ ရှိရင်းစွဲအသက်ထက် ငယ်ရွယ်နုပျိုနေပြီး ပုရိသပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကို ရရှိနေဆဲပါ။ မိုးက အနုပညာအလုပ်တွေကို လုပ်ကိုင်ခဲ့စဥ်က အပီပြင်ဆုံးနဲ့ ဇာတ်ရုပ် ကို ပေါ်လွင်အောင် ဗီဒီယိုဇာတ်ကားတွေမှာ အကောင်းဆုံး သရုပ်ဆောင်လေ့ရှိတာဖြစ်ပါတယ်။

မိုးဟေကိုက အခုလက်ရှိအချိန်မှာတော့ မိသားစု စီးပွားရေးကို ဦးစီး လုပ်ကိုင်နေတာဖြစ်ပြီး အနုပညာလှုပ်ရှားမှုတွေ နည်းပါးနေတာဖြစ်ပါတယ်။ ထိပ်တန်းစီးပွားရေးအမျိုးသမီးတစ်ယောက်အနေနဲ့ ရပ်တည်နေတဲ့ မိုးဟေကိုက ဖက်ရှင်ပိုင်းကအစ အပြစ်ပြောစရာမရှိအောင် လိုက်ဖက် ညီညီ ဝတ်ဆင် တတ်သူပါ။ မိုးက လူမှုကွန်ယက်ထက်မှာ ပုံရိပ်အလှလေးတွေ ဝေမျှပေးရင်း ပရိသတ်ချစ်မေတ္တာကို အပြည့်အဝခံယူနေတာပါ။

ယခုမှာလည်း လုံခြုံလှပတဲ့ အဖြူရောင် ဖက်ရှင်လေး နဲ့ လှရက်လွန်းတဲ့ ပုံလေးတွေကို တင်ပေးလာခဲ့ပါတယ်။ လူကြီး လူငယ်မရွေး အကြိုက်တွေ့စေလောက်တဲ့ မိုးရဲ့ ပုံလေးတွေက ကြည့်မိသူတိုင်းကို အချစ်ပိုစေတာဖြစ်လို့ ပြန်လည်ဝေမျှပေးလိုက်ပါတယ်။ ကဲ…ချစ်ရတဲ့ ပရိသတ်တွေကလည်း မိုးဟေကိုရဲ့ ပုံလေးတွေကို ကြည့်ပြီး အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့နော်……။

Photo credit – Moe Hay Ko’s Fb Account