(၄)နှစ်နီးပါး အလုပ်လုပ်ပြီး ရှာထားတဲ့ ပိုက်ဆံနဲ့ သိန်း (၂၈၉၀) တန် ကားသစ်ကြီး ဝယ်ယူခဲ့တဲ့ နေခြည်ဦး ရဲ့ ဗီဒီယို

ပရိသတ်တွေချစ်ကြတဲ့ နေခြည်ဦးကတော့ လူလေးလှရုံသာမက ပညာလည်းတတ်၊ အရည်အချင်းလည်းရှိတဲ့ အမျိုးသမီးငယ်လေးတစ်ယောက်ဖြစ်ပါတယ်။ နေခြည်ဦးကတော့ ချမ်းသာတဲ့ မိဘအသိုင်းအဝိုင်းက ဆင်းသက်လာသူတစ်ယောက် ဆိုပေမယ့် နောက်ပိုင်းမှာတော့ သူမခြေထော်ပေါ်သူမရပ်တည်လာပြီး အောင်မြင်မှုတွေ တဖွဲဖွဲသိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း နေခြည်ဦးက သူမကိုယ်တိုင်ရှာဖွေထားတဲ့ ငွေကြေးတွေနဲ့ ကားအသစ်ကြီးကို ဝယ်ယူခဲ့တဲ့ အကြောင်း Vlog အသစ်လေးကို အခုလိုပဲ ချပြလာပါတယ်။

“New Year, New Car, New Adventure !!! ဒီ Vlog လေးက နေခြည့်ရဲ့ ပထမဦးဆုံး Car Shopping Vlog လေးပေါ့နော် … 🚘 အခုဝယ်မယ့်ကားက နေခြည့်ကိုယ်ပိုင်ဝင်ငွေနဲ့ ပထမဦးဆုံးဝယ်မယ့် ကားလေးလည်းဖြစ်လို့ နေခြည် မှန်းထားတဲ့ Budget နဲ့ ဘယ်လိုကားမျိုးရမလဲဆိုတာလည်း အရမ်းရင်ခုန်နေတယ်။ 🥰🥰နေခြည် ငယ်ငယ်လေးထဲက ကားတွေဆို အရမ်း Crazy ဖြစ်တယ်။နေခြည် ကျောင်းသွားတက်ပြီးပြန်လာတဲ့အချိန်မှာ နေခြည်စီးဖို့ဆိုပြီး ဖေဖေက ကားလေးတစ်စီး ဝယ်ပေးတယ်။ အဲ့တုန်းကဆို နေခြည် အရမ်းပျော်တာ။ ဘဝမှာ ပထမဆုံးရတဲ့ကားလည်း ဖြစ်တယ်၊ ကိုယ့်စိတ်ကြိုက် တစ်ယောက်ထဲလည်း စီးရမှာဆိုတော့။”

“အခု နေခြည် အသက်အရွယ် တစ်ခု ရောက်လာတဲ့အခါကျတော့ မိဘကို ပူဆာတာထပ် ကိုယ့်ဘာသာရှာတဲ့ပိုက်ဆံနဲ့ ဝယ်ထားတဲ့ကားတစ်စီးလောက် လိုချင်လာပြီ။ဖေဖေနဲ့ မေမေကိုလည်း ဒါ သမီးပိုက်ဆံနဲ့ ဝယ်ထားတာဆိုပြီး ကြွားချင်တာလည်းပါတာ ပေါ့လေ 😛 အဲ့တာကြောင့် နေခြည် 3 နှစ်ကျော် 4 နှစ်နီးပါး အလုပ် အလုပ် အလုပ် ဆိုပြီး တောက်လျှောက်လုပ်ပြီး ရှာထားတဲ့ပိုက်ဆံနဲ့ ကားတစ်စီးလောက်တော့ ဝယ်တော့မယ်ကွာလို့ နေခြည် ဆုံးဖြတ်လိုက်တယ်။” ဆိုပြီး သူမရဲ့ Vlog လေးကို အခုလိုပဲ ချပြလာပါတယ်။

နေခြည်ဦးကတော့ သူမအလုပ်စလုပ်ခဲ့တဲ့ အချိန်ကတည်းက ဒီနေ့ဒီအချိန်ထိ (၄) နှစ်နီးပါးရှာဖွေလာတဲ့ ငွေကြေးတွေနဲ့ သိန်း (၂၈၉၀) တန် Range Rover ကားအသစ်ကြီးကို ဝယ်ယူခဲ့ပြီပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ငယ်ငယ်လေးနဲ့ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ပြီး ဒီလိုမျိုး အဖိုးတန်ကားသစ်ကြီးကို ဝယ်နိုင်ခဲ့တာ အားကျစရာပါပဲနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Video ကြည့်ရန်

ဆယ်လီကွန်နက်ရှင်
Swelsone News