ငယ်ငယ် ရွယ်ရွယ် နဲ့ ပြင်းထန်တဲ့ ကင်ဆာရောဂါ ကို အန်တု ခဲ့ရတဲ့ သားသားလေး (မိဘများ သတိပြုစရာ)

ငယ်ငယ် ရွယ်ရွယ် နဲ့ ပြင်းထန်တဲ့ ကင်ဆာရောဂါ ကို အန်တု ခဲ့ရတဲ့ သားသားလေး (မိဘများ သတိပြုစရာ)

ကျမသားလေးခြေထောက် နာနာနေပါတယ် ဆရာကြီး ဆိုတော့ အနာသက်သာတဲ့ဆေး နဲ့ လိမ်းဆေးပေး နှစ်ပတ်နေ ပြန်လာပြပါ ပြသနာမရှိပါတဲ့.. အဲဒီရက်နောက်ပိုင်း ကလေးက ပင်ပန်းနွမ်းနယ်လာတယ် ဖျားလာတယ် အန်လာတယ် မဖြစ်ဘူး ဒို့ ကလေးအထူးကုဆီပြေးအုံးမှ.. ဒါပေမယ့် အမေက အဲဒီရက် ဆရာမနှစ်ယောက်သာ ရှိတဲ့ တိုက်နယ်ဆေးရုံကသူနာပြု ည (၇)နာရီမှအားတယ် အထူးကုဆရာဝန်နဲ့ပြခွင့်မရ မိုးချုပ်ပြီလေ..

ကျမဆရာမဆိုပေမယ့်လဲ ကလေးရဲ့ ရောဂါလက္ခဏာတေ တကယ်ပြနေတဲ့အချိန် ပြခွင့် မရတော့ပါဘူး.. အတွေ့အကြုံရှိတဲ့ MO က မနက်လာပြပါ ဆေးရုံတက်ဖို့လိုအပ်ရင် တက်ဖို့ ရန်ကုန်သွားဖို့လိုရင်သွားဖို့ အဆင်သင့်ပြင်ခဲ့ပါ.. ဒီလိုဆိုရင်တော့လဲ ရန်ကုန်သာတန်းသွားတာပေါ့ဆို သားမိသားဖတေ ရန်ကုန်ဆင်းပြီး အတွေ့အကြုံရင့်ကျက်တဲ့ ဆရာကြီး နဲ့ပြတယ်…

အရေးကြီးပြီနော် ဆရာကြီး ကျမသား ခြေထောက်နာပါတယ် ဒီရက်ထဲဖျားနေပါ တယ် လွန်ခဲ့တဲ့ တနှစ်လောက်ကစပြီး တလတခါ နှစ်လတခါတ တရက်ကနေ နှစ်ရက်အန်နေတတ်တယ် ဗိုက်နာတာကလဲ အလွန်ဆုံးနာ ၂ စက္ကန့် လောက် ခဏခဏ နာတယ်ပြောပါတယ်.. ဆရာကြီးကစမ်းပါတယ် သားသားလမ်းလျောက်ပါ လျောက်နိုင်တယ် ထိုင်ထ လုပ်ပြပါ လုပ်နိုင်တယ် အဖျားတိုင်းတယ်မရှိပါ ဗိုက်စမ်းတယ် အားလုံးကောင်းတယ် ဓါတ်မှန်ရိုက်တယ်ကောင်းတယ် ဘာမှမဖြစ်ပါ နယ်ကိုပြန်လို့ရပြီ ဘာမှမဖြစ်ရင်ပြန်ပြစရာမလိုပါ ကျမပြောချင်တာ ကလေးအမေပြောတဲ ရောဂါရာဇဝင်ကို တခါထဲနဲ့ ဆုံးဖြတ်လို့ပြီးပါပြီလား ပြန်လာတယ် လမ်းမှာအန်တယ် ပြောစရာတခုကျန်ခဲ့တယ် အပြင်စာတေ စားလို့အန်တာနေမှာ ပေါ့တဲ့ မွေးတည်းက အပြင်စာမကျွေးပါ။

အိမ်ပြန်ရောက်တယ်မကောင်းဘူး နယ်က ကလေးအထူးကုနဲ့ပဲသွားပြန်ပြ တယ် မမဆရာကြီးက ဘာမှမဖြစ်ဘူးလို့ ပြောတယ် အပေါ်က ကျမပြောခဲ့တဲ့ လက္ခာတေဖြစ်နေပြန်ပြီ ကျမဆေးရုံတက်ချင်တယ်.. မတက်ပါနဲ့ လိုအပ်တာ ညွှန်လိုက်မယ် ညီမတို့ဆေးရုံမှာပဲလုပ်လိုက်ပါ (စေတနာနဲ့ ပြောခြင်းပါ) ပြောတဲ့အတိုင်းလုပ်ပါတယ်.. မသက်သာပါ ရက်ချိန်းထိ မစောင့်တော့ပါ ပြန်ပြပါတယ်.. ဒီတခါတော့ ရန်ကုန် ကလေးအထူကုဆေးခန်းသွားပါ ကျမတို့လဲ အိမ်ကို တောင် ပစ္စည်းတေ ပြန်မထည့်တော့ပဲ အဝတ်တထည် ကိုယ်တခုနဲ့ မိတ်ဆွေတယောက် ပိုက်ဆံယူလာ ဆေးခန်းက စောင့်ခိုင်းပြီး အဲဒီမှာဆေးရုံတက်ပါတယ်။

ပိုပြီးအရေးကြီးလာပါပြီ နယ်ကလွှတ်လိုက်တဲ့ ဆရာဝန်ရဲ့စာအုပ်မှာ (1) ကင်ဆာ (2) ကလေးအရိုးအဆစ်ရောင်ရောဂါ ပထမဆရာဝန်တေကို ပြောတဲ့ရောဂါရာဇဝင်ထက် နဲနဲထပ်တိုးပြောရပြီ အချိန်က တလလောက်ထပ်ကြာသွားပြီကို လမ်းမလျောက်နိုင်တော့ပါ ကလေးကိုကောက်ချီလိုက်တာ နဲ့ တအားနာနေပြီ နောက်ထပ် ဘယ်ကနာတယ် ဆို မပြော တတ် တအားနာနေပါပြီ ဗိုက်နာတာလဲစိပ်လာပါတယ် ဖျားတယ် အန်တယ် ကလေးပိန်လာပြီ ဆေးရုံစတက်ပါတယ်။

လိုအပ်တာတေစစ်ဆေးတယ် Antibiotic , Biogesic နဲ့ တချို့ဆေးတေပေးတယ် အဖျားက တက်မလာတော့ဘူး အနာလဲ သက်သာသွားတယ် ဒီနှစ်ခုနဲ့ စလိုက်ပြီဆိုတော့ ခဏတော့သက်သာသွားပြီပေါ့ para ခိုးဖြတ်ထားတယ် ပြန်နာလာတယ် ပြန်ဖျားလာတယ် ကလေးက မဖျားတာ နှစ်ရက်လောက်ရှိပြီ သွေးတမျိုးစစ်ပြီးရင်တော့ မနက်ဖန်ပြန်လို့ရပါပြီ သွေးစစ် တော့ ဆေးရုံစတက်စက Hgb 10 ကျော် နောက် 8.8 ဆင်းခါနီး 7.5 ဒါတေဟာ ဘာကြောင့်ကျနေလဲ ပြီးတော့ ပြန်နာ နေပါတယ်လို့ကျမပြောပါတယ် မဖျားဘူးဆိုတာလဲ အဖျားတိုင်းချိန် မနက် ၁၀ နာရီ နေ့ခင်း၂ နာရီ ညနေ ၆ နာရီစသဖြင့် အဲဒီ ၄ နာရီတကြိမ်တိုင်းတဲ့ကြားထဲမှာ ဖျားနေတာ ဘာဖြစ်လို့ chart မှာမရေးပဲ ကျမကလေးမဖျားတာ နှစ်ရက်ရှိပြီ လို့ပြောလဲ ဆင်းခိုင်းတဲ့နေ့မှာဆေးရုံကဆင်းခဲ့ပါတယ်.. နောက်တနေ့မှာတော့ပိုပြီး ဆိုးရွားတဲ့ အခြေနေတေကို ရောက်သွားတော့တယ်။

နောက်ဆုံးတော့ ကျေးဇူးတင်စရာကောင်းလှတဲ့ ကလေးဆေးရုံအုပ်ရဲ့ ကူညီအကြံပေးမှုနဲ့ ဆရာကြီးတယောက်နဲ့ ထပ်ပြခဲ့ပါတယ်.. အဲဒီမှာ ဆရာကြီးက ရှေ့က ကျမပြောခဲ့တဲ့ ရောဂါရာဇဝင်တေကို သူသိချင်တဲ့ အချက်အလက် နေရအောင် ဂရုတစိုက်မေးပြီးတဲ့အခါမှာတော bone pain တေ ရနေပါပြီ Hgb တေလဲတဖြည်းဖြည်းကျနေပြီ ဖျားလဲဖျားနေပြီ သွားပါလေ ကလေးဆေးရုံ ကင်ဆာဆရာဝန်ဆီလွဲပါပြီ.. ကျမ ကမ္ဘာပျက်သွားပြီ လဲမကျအောင် အခန်းထဲကမနဲထွက်လာရတယ် ဘုရား ဘုရား တကယ်ကင်ဆာမဖြစ်ပါစေနဲ့ဆုတောင်းပေမယ့် သေချာပါပြီကင်ဆာ အဆင့်တေ မမြင့်ပါစေနဲ့ဆုတောင်းပေမယ့် neuroblastoma stage 4 ပါ ဒီအဆင့်ဟာကုလို့သက်သာလာပါတယ် မပျောက်တော့ပါဘူး ပျောက်အောင်ကုသစရာဆေး နည်းလမ်းတိတိကျကျမရှိပါဘူး ။

သိပေမယ့် ရသ၍ကုတယ် ပျောက်ရမယ်လို့ဇွတ်အတင်းကြီးယုံကြည်တယ် ကျမကလေးကောင်းပါတယ် လို့ပြောခဲ့တယ်.. နောက်ဆုံးအချိန်ထိ ဘာကုစရာနည်းလမ်းလေးများရှိအုံးမလဲ စဉ်းစားတယ် ဆုတောင်းတယ် ပျောက်ဖို့စိတ်ကူးယဉ်တယ်.. ကျအမေဖြစ်နေလို့အဲလိုတွေးတာ အမေတိုင်းနားလည်မှာပါ.. ရောဂါစဖြစ်တည်းက တဖြုတ်ဖြုတ်နဲ့ ဇီဝိန်ချုပ်နေတဲ့ ကလေးတေ ကြောင့်ကျမအိပ်မရ တစ္ဆေ ခြောက်ခံနေရပါတယ်.. ငါ့သားအလှည့်ဘယ်တော့လဲ ဒီလိုတေတွေးရင်းနဲ့ အတူ ဘာနည်းလမ်းများရှိအုံးမလဲဆိုတဲ့အတွေးကတွဲရက်ပါလာတယ် အစွမ်းကုန်ကုသပေးပေမယ့် ကလေးရဲ့ ရောဂါလက္ခဏာ တေပိုတိုးတိုးလာပါပြီ…

ပြီးခဲ့တဲ့ မေလလောက်မှာ အသည်းကိုထိသွားခဲ့ပြီ မျက်လုံးနောက်က အာရုံကြောကိုရောက် တဖြည်းဖြည်း နဲ့ မျက်လုံးက ပြူထွက်လာခဲ့ပြီ.. ဆေးရုံမှာ သက်သာရာရရာရကြောင်း ခေါ်သွားပါတယ်.. တဖြည်းဖြည်းဆိုးလာခဲ့ပြီး ကလေးရဲ့ ငါ့ရောဂါ မပျောက်တော့ပါလားဆိုတာ သူစိတ်ကသိသွားတဲ့အချိန် သူ့ရဲ့မလှပတော့တဲ့ ရုပါသွင်ကို သူများမြင်မှာစိုးတဲ့ အချိန် သူများ တေစားချင်ရာစားသွားချင်ရာသွားနေတဲ့အချိန်မှာ ဘာမှလဲစားလို့မရ ဆေးရုံအခန်းကျင်းထဲနေပြီး ကလေးစိတ်ဓါတ်ကျသွားတဲ့ အချိန်တေမှာတော့ ကျမအပစ်ရှိသလို ခံစားလာရပါတယ်။

မှတ်မှတ်ရရ (၁၁.၆.၂၀၁၉) မနက် ၇ နာရီ မိနစ်လေးဆယ်အချိန်မှာ သားကလေးဟာသူသိပ်ချစ်တဲ့ မေမေနဲ့ မိသားစုကို ထာဝရ ကျောခိုင်းသွားပါပြီ.. ပျော်ရွှင်တဲ့ ကလေးဘဝလဲ မရလိုက်ပါဘူး.. ဘာဆေး ဘာကုသမှုကမှလဲ မကယ်နိုင်ပါဘူး ။ ကူရာ ကယ်ရာ ဘာမှမရှိတော့တဲ့အဆုံး တခုတည်းသာတောင်းခဲ့တဲ့ဆု သားကလေးရောဂါပျောက်ကင်းရပါလို၏ လဲ မကယ် နိုင်တော့ပါဘူး…

ကလေးကင်ဆာရောဂါတွေကို ကယ်နိုင်ဖို့ကတော့ စောစောသိဖို့နည်းလမ်းပဲရှိပါတယ်.. ကလေး မိဘဘက်က မပြောပလောက် ပါဘူး.. ရိုးရိုးဖျားတာနေမှာ အစားမှားလို့အန်တာပါလို့လျော့မတွေးပဲ နားလည်တဲ့ ဆရာဝန်နဲ့ပြဖို့နဲ့ ဆရာဝန်ဆီရောက်တဲ့အခါမှာလဲ ရောဂါစောစောရှာဖွေနိုင်ပါစေ လို့ဆန္ဒပြုရင်း ဘယ်သူ့ဘယ်သူ့ကိုမှ တိုက်ခိုက်လိုခြင်း အလျင်းမရှိပါပဲ ကလေးမိဘတေ ဖတ်မိကြပါစေလို့ အတွေ့အကြုံလေးမျှဝေခြင်းသာ…

Mya Mya Win Mya

Add a Comment

Your email address will not be published. Required fields are marked *

2 × 5 =