ဇာတ်ဝင်အခန်းလေး တစ်ခန်း ရိုက်ရဖို့ အတွက် တန်ဘိုးထား ထိန်းသိမ်းခဲ့ရတဲ့အရာကို ပေးဆပ်လိုက်ရတဲ့ အကြောင်းပြောပြလာတဲ့ မအေးသောင်း

မြန်မာဆန်တဲ့ ကျက်သရေရှိရှိအလှတရားကို ပိုင်ဆိုင်ထားတယ်လို့ ပရိသတ်တွေအားလုံးက လက်ခံထားကြတဲ့ မင်းသမီးချောလေး မအေးသောင်းကတော့ ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်လွန်းလို့ အောင်မြင်မှုတွေများစွာ ရရှိနေတာပဲ ဖြစ်ပါတယ်။လတ်တလောမှာတော့ မအေးသောင်းက ရုပ်ရှင် ရိုက်ကူးခြင်းတွေအားလုံးကို ရပ်နားထားပြီး ပေါ့ပေါးပါးပါးကြော်ငြာရိုက်ကူးခြင်းတွေကိုသာ လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ မအေးသောင်းရဲ့ လှုပ်ရှားမှုတိုင်းကို ရင်ခုန်စွာနဲ့ စောင့်ကြည့်အားပေးကြတာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ မအေးသောင်းက မိနစ်ပိုင်းစာဇာတ်ဝင်ခန်းတစ်ခန်းအတွက် အချိန်အကြာကြီးထိန်းသိမ်းလာခဲ့ တဲ့ အရာတစ်ခုကို စွန့်လွှတ်ရမယ့်အကြောင်း ပြောပြလာပါတယ်။ မအေးသောင်းက “၂၀၁၉ December တုန်းက ကားရိုက်အတွက်ဆံပင် အတိုလေး ညှပ်လိုက်သေးတယ် ပေါ့။ အခု အဲ့ကားလေးမှာ တစ်ခန်း ကျန်တာ ပြန်ရိုက်ရမယ်ဆိုတော့ ပြန်ညှပ်ရတော့မှာပေါ့နော်။ ၁ နှစ်ကျော် အတွင်းရှည်လာတဲ့ ဆံပင်ကြီးကို နှမြောလက်တာ။

ကိုဗစ်ကိုမုန်းတယ်။ တထွာကျော်ကျော် ပြန်ညှပ်ရမှာဗျ။ ” ဆိုပြီး စိတ်မကောင်းစွာပြောလာ တာပဲ ဖြစ်ပါတယ်။ မအေးသောင်းကတော့ တစ်နှစ်ကျော်လောက်ထိန်း သိမ်းလာခဲ့တဲ့ ဆံပင်ရှည်ကြီးကို နှမြောပေမယ့် သရုပ်ဆောင်တစ်ယောက် ပီပီ ဇာတ်ကောင်စရိုက်ပီပြင်ဖို့အတွက် ဆံပင်ရှည်တွေကို စွန့်လွှတ်ရတော့ မှာပဲ ဖြစ်ပါတယ်။ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာ ပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

crd

zawgyi

ျမန္မာဆန္တဲ့ က်က္သေရရွိရွိအလွတရားကို ပိုင္ဆိုင္ထားတယ္လို႔ ပရိသတ္ေတြအားလုံးက လက္ခံထားၾကတဲ့ မင္းသမီးေခ်ာေလး မေအးေသာင္းကေတာ့ က်ရာဇာတ္႐ုပ္ကို ပီပီျပင္ျပင္ သ႐ုပ္ေဆာင္ႏိုင္လြန္းလို႔ ေအာင္ျမင္မႈေတြမ်ားစြာ ရရွိေနတာပဲ ျဖစ္ပါတယ္။လတ္တေလာမွာေတာ့ မေအးေသာင္းက ႐ုပ္ရွင္ ႐ိုက္ကူးျခင္းေတြအားလုံးကို ရပ္နားထားၿပီး ေပါ့ေပါးပါးပါးေၾကာ္ျငာ႐ိုက္ကူးျခင္းေတြကိုသာ လုပ္ကိုင္ေနတာပဲ ျဖစ္ပါတယ္။ ပရိသတ္ေတြကေတာ့ မေအးေသာင္းရဲ႕ လႈပ္ရွားမႈတိုင္းကို ရင္ခုန္စြာနဲ႔ ေစာင့္ၾကည့္အားေပးၾကတာပဲ ျဖစ္ပါတယ္။

ဒီကေန႔မွာေတာ့ မေအးေသာင္းက မိနစ္ပိုင္းစာဇာတ္ဝင္ခန္းတစ္ခန္းအတြက္ အခ်ိန္အၾကာႀကီးထိန္းသိမ္းလာခဲ့ တဲ့ အရာတစ္ခုကို စြန႔္လႊတ္ရမယ့္အေၾကာင္း ေျပာျပလာပါတယ္။ မေအးေသာင္းက “၂၀၁၉ December တုန္းက ကား႐ိုက္အတြက္ဆံပင္ အတိုေလး ညႇပ္လိုက္ေသးတယ္ ေပါ့။ အခု အဲ့ကားေလးမွာ တစ္ခန္း က်န္တာ ျပန္႐ိုက္ရမယ္ဆိုေတာ့ ျပန္ညႇပ္ရေတာ့မွာေပါ့ေနာ္။ ၁ ႏွစ္ေက်ာ္ အတြင္းရွည္လာတဲ့ ဆံပင္ႀကီးကို ႏွေျမာလက္တာ။

ကိုဗစ္ကိုမုန္းတယ္။ တထြာေက်ာ္ေက်ာ္ ျပန္ညႇပ္ရမွာဗ်။ ” ဆိုၿပီး စိတ္မေကာင္းစြာေျပာလာ တာပဲ ျဖစ္ပါတယ္။ မေအးေသာင္းကေတာ့ တစ္ႏွစ္ေက်ာ္ေလာက္ထိန္း သိမ္းလာခဲ့တဲ့ ဆံပင္ရွည္ႀကီးကို ႏွေျမာေပမယ့္ သ႐ုပ္ေဆာင္တစ္ေယာက္ ပီပီ ဇာတ္ေကာင္စ႐ိုက္ပီျပင္ဖို႔အတြက္ ဆံပင္ရွည္ေတြကို စြန႔္လႊတ္ရေတာ့ မွာပဲ ျဖစ္ပါတယ္။ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာ ေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။