တောင်ငူမြို့ တွင် တရားမဝင် အနှိပ်ခန်း အား ဝင်ရောက် ဖမ်းဆီး လိုက်သောအခါ

တောင်ငူမြို့ တွင် တရားမဝင် အနှိပ်ခန်း အား ဝင်ရောက် ဖမ်းဆီး လိုက်သောအခါ

တောင်ငူမြို့ တွင် တရားမဝင် အနှိပ်ခန်းအား ဖမ်းဆီး အရေးယူ

တောင်ငူမြို့တွင် တရားမဝင် အနှိပ်ခန်း လုပ်ကိုင်နေသော ကြောင့် ဆိုင်မန်နေဂျာ နှင့် အနှိပ်မယ် အမျိုးသမီး( ၉ )ဦးတို့အား ဖမ်းဆီးအရေးယူခဲ့ကြောင်းသိရသည် ။

တောင်ငူမြို့ ၊ အမှတ် ( ၁ )ရပ်ကွက် ၊ ထီးလှိုင်ကွန် ကရစ်လမ်းဘေးတွင် အမေ့သား အမည် ဖြင့် ဖွင့်လစ် ထားသော ဆိုင်တွင် ယမန်နေ့ည ၁၀ ကျော် အချိန်က တရားမဝင် အနှိပ်ခန်းဖွင့်လစ် လုပ်ကိုင်နေကြောင်း သတင်းအရ တာဝန်ရှိသူများမှ သွားရောက် စစ် ဆေးခဲ့ကြတာလည်းဖြစ်သည်။

စစ် ဆေးချက်အရ အဆိုပါ အမေ့သား အမည်ရှိ ဆိုင် အတွင်း ဆိုင်မန်နေဂျာ အောင်ကိုမင်း ( ၃၃ )နှစ် ၊ ရွှေပြည်သာမြို့ ၊ ရန်ကုန်တိုင်းဒေသကြီးနှင့် အနှိမ်မယ် အမျိုးသမီး ( ၉ ) ဦးအား အနှိပ်ခန်း နှင့် ပတ်သက်သည့် ဆက်စပ် ပစ္စည်းများနှင့် အတူ တွေ့ရှိခဲ့ကြောင်းသိရသည် ။

ယင်းသို့ တွေ့ရှိခဲ့သောကြောင့် အမေ့သား ဆိုင်ခန်းတွင် တရားမဝင် အနှိပ်ခန်း ဖွင့်လစ်နေသော မန်နေဂျာ အောင်ကိုမင်း နှင့် အနှိပ်မယ် အမျိုးသမီး ( ၉ ) ဦးတို့အား COVID – 19 ကာလအတွင်း အားကစား နှင့် ကျန်းမာရေး ဝန်ကြီးဋ္ဌာန မှ ထုတ်ပြန်ထားသော အမိန့် / ညွှန်ကြားချက်များကို ဖောက်ဖျက်ကျူးလွန်ကာ လူစု လူဝေးပြု လုပ်နေသောကြောင့် ဥပဒေ နှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည် ။

နေလင်းအောင်( တောင်ငူ ) #AlinnMyay (အလင်းမြေ )

#ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး

#သတင်းမှန်မီဒီယာ

Credit to AlinnMyay

Add a Comment

Your email address will not be published. Required fields are marked *

eleven + five =