Workout လုပ်နေရင်း နဲ့ သူမ ရဲ့ ကျစ်လျစ်သွယ်လျတဲ့ ခန္ဓာကိုယ်လေးကိုဗီဒီယိုလေး ရိုက်ပြလိုက်တဲ့ သင်ဇာ၀င့်ကျော်

ပရိသတ်ကြီးရေ….ပုရိသတွေရဲ့ အသည်းကျော် မင်းသမီးချောလေးဖြစ်တဲ့ သင်ဇာ၀င့်ကျော်ကိုအားလုံးသိကြမယ်ထင်ပါတယ်နော်။ သူမဟာ အမြဲမိမိုက်နေတဲ့ ဖက်ရှင်ဒီဇိုင်းတွေနဲ့ပွဲအခမ်းအနားတက်ရောက်လေ့ရှိတာကြောင့် ပရိသတ်တွေကြားရေပန်းစား‌တဲ့ မင်းသမီးတစ်လက် ဆိုလည်း မှားမယ်မထင်ပါဘူး။ သရုပ်ဆောင်ပိုင်းမှာလည်း ကျရာဇာတ်ရုပ်ကို အကောင်းဆုံးပီပြင်စွာသရုပ်ဆောင်နိုင်တာကြောင့် ရုပ်ရှင်ကားကြီးတွေလည်းအောင်မြင်အောင် ရိုက်ကူးထားနိုင်သူလေးပါ။

သင်ဇာ၀င့်ကျော်ဟာ ကျစ်လျစ်လှပတဲ့ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားသူဖြစ်ပြီး မိန်းကလေးချင်းပါ‌အရမ်းကြွေရတဲ့ သူလေးပါ။ သူမဟာ ခန္ဓာကိုယ်လှပဖို့အတွက်လည်း လေ့ကျင့်ခန်းတွေကိုအပြင်းအထန်ကြိုးစားလုပ်လေ့ရှိတဲ့ သူလည်းဖြစ်ပါတယ်။ သင်ဇာရဲ့ဘော်ဒီလေးဟာဆိုရင်လည်း မြန်မာ၀တ်စုံပဲ၀တ်၀တ် sexyဆန်တဲ့အ၀တ်အစားမျိုးပဲ၀တ်၀တ် လိုက်ဖက်ညီစွာနဲ့ လှပနေတဲ့ ဘော်ဒီလေးပါနော်။

သင်ဇာဟာ အမြဲ workoutတွေကြိုးစားလုပ်နေလေ့ရှိ တာကြောင့် မကြာခဏဆိုသလိုလည်း သူမရဲ့ workoutလုပ်နေတဲ့ ဗီဒီယိုလေးတွေကို တင်ပေးတတ်ပါတယ်။ အခုဆိုရင်လည်း သင်ဇာဟာ သူမရဲ့ Facebook my dayလေးမှာ သူမရဲ့ ခန္ဓာကိုယ်အချိုးအစားမိုက်မိုက်လေးကို ဗီဒီယိုလေး ရိုက်ပြီး တင်ပေးလာခဲ့ပါတယ်။ ကဲ….ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Thin Zar Wint Kyaw’s Facebook acc

zawgyi



