ဒီလိုပဲ ပြီးသွား မယ့် မြန်မာပြည် ကိုဗစ် တတိယလှိုင်း နှင့် ပိုးတွေ့လူနာ ကျဆင်း လာခြင်း နောက်ကွယ်..

ဒီနေ့ တစ်နေကုန် ကားလမ်းပေါ်မှာ အချိန် ကုန်သွားတယ်၊ စွတ်လမ်းပိတ်နေလို့။ အရင်အချိန်တွေ ပြန်ခံစားလိုက်ရသလိုပဲ အယ်လယ့်။ ဟိုလူကြီးတွေကတော့ Stay at Home ကတော့ တစ်ပြားမှ မလျော့ဘူး။ Case တွေကျလာတာကြီးကလဲ အံ့ဩဖို့တောင် ကောင်းတယ်၊ တကယ့် Amazing စွမ်းဆောင်ချက်ပါ။

ကိုဗစ်စင်တာတွေသွားရင် ဘယ်လိုတိုင်ပတ်တယ်ဆိုတဲ့ သတင်းတွေ ကြားကြမယ်ထင်တယ်။ အဲ့တော့ အရမ်းယုံကြည်ပါတယ်ဆိုတဲ့သူတွေကလွဲလို့ မသွားကြတော့ဘူး။ ယုံပါတယ်ဆိုတဲ့သူတွေလဲ သွားပြီးရင် ဘယ်လိုတိုင်ပတ်ကြောင်း ဘာမှ လုပ်မပေးကြောင်းတွေ ရေးကြတော့တာပဲ။ တကယ်ကလဲ ကိုဗစ်က အောက်ဆီဂျင်ပေးရုံကလွဲလို့ ဘာမှ ထွေထွေထူးထူးလုပ်ပေးစရာမှ မရှိတာ။ ဒါကို အထူးဂရုစိုက်ကုသပေးနေပါတယ် ဘာညာပြောထားတော့ အထင်တွေကြီးပြီး လာတဲ့သူတွေက ဘာမှမလုပ်ပေးဘူးမြင်ရော။

နောက်ပြီး ဖျားသွားမယ်ဆိုပြီး Q တွေ ခေါ်ထည့် အလုံပိတ် ထားပြီး ဖျားကုန်ကြတဲ့ သတင်းတွေလဲ မနည်းဘူးရယ်၊ လေးစားတယ် ပြောတဲ့အတိုင်းလုပ်နိုင်တာကို။ အခုတော့ အဲ့သတင်းတွေကြောင့် တော်ရုံဆို ဘယ်စင်တာမှ မသွားရဲ မပြရဲကြတော့ဘူး။ ဒီတော့ စာရင်းမှာ ဘယ်ပြတော့မလဲ။ ဘယ်နည်းနဲ့ကျကျ၊ ကျဖို့ပဲလိုတာ မဟုတ်လား၊ စာရင်းမှာတော့ သူများနိုင်ငံတွေ ထိန်းမရချိန်မှာ မြန်မာက ၄၀၀ လောက်အထိတောင် ကျကျသွားတယ်။ အရင်ပြောတဲ့ လာအိုလမ်းစဉ်လိုက်သွားလဲ ကောင်းတာပဲ။ တတိယလှိုင်းလား၊ စိတ်မပူပါနဲ့၊ သိချင်မှတောင်သိလိုက်မှာ။ ဒီလိုပဲ ကြိတ်နေကြပြီး ပြီးသွားမှာ။ ဆောင်းတွင်းကလဲ နောက်တစ်လကျော်ဆိုကုန်ပြီရယ်။

(ဒေါက်တာကျော်ကျော်စိုင်း)

crd

ဒီေန႔ တစ္ေနကုန္ ကားလမ္းေပၚမွာ အခ်ိန္ ကုန္သြားတယ္၊ စြတ္လမ္းပိတ္ေနလို႔။ အရင္အခ်ိန္ေတြ ျပန္ခံစားလိုက္ရသလိုပဲ အယ္လယ့္။ ဟိုလူႀကီးေတြကေတာ့ Stay at Home ကေတာ့ တစ္ျပားမွ မေလ်ာ့ဘူး။ Case ေတြက်လာတာႀကီးကလဲ အံ့ဩဖို႔ေတာင္ ေကာင္းတယ္၊ တကယ့္ Amazing စြမ္းေဆာင္ခ်က္ပါ။

ကိုဗစ္စင္တာေတြသြားရင္ ဘယ္လိုတိုင္ပတ္တယ္ဆိုတဲ့ သတင္းေတြ ၾကားၾကမယ္ထင္တယ္။ အဲ့ေတာ့ အရမ္းယုံၾကည္ပါတယ္ဆိုတဲ့သူေတြကလြဲလို႔ မသြားၾကေတာ့ဘူး။ ယုံပါတယ္ဆိုတဲ့သူေတြလဲ သြားၿပီးရင္ ဘယ္လိုတိုင္ပတ္ေၾကာင္း ဘာမွ လုပ္မေပးေၾကာင္းေတြ ေရးၾကေတာ့တာပဲ။ တကယ္ကလဲ ကိုဗစ္က ေအာက္ဆီဂ်င္ေပး႐ုံကလြဲလို႔ ဘာမွ ေထြေထြထူးထူးလုပ္ေပးစရာမွ မရွိတာ။ ဒါကို အထူးဂ႐ုစိုက္ကုသေပးေနပါတယ္ ဘာညာေျပာထားေတာ့ အထင္ေတြႀကီးၿပီး လာတဲ့သူေတြက ဘာမွမလုပ္ေပးဘူးျမင္ေရာ။

ေနာက္ၿပီး ဖ်ားသြားမယ္ဆိုၿပီး Q ေတြ ေခၚထည့္ အလုံပိတ္ ထားၿပီး ဖ်ားကုန္ၾကတဲ့ သတင္းေတြလဲ မနည္းဘူးရယ္၊ ေလးစားတယ္ ေျပာတဲ့အတိုင္းလုပ္ႏိုင္တာကို။ အခုေတာ့ အဲ့သတင္းေတြေၾကာင့္ ေတာ္႐ုံဆို ဘယ္စင္တာမွ မသြားရဲ မျပရဲၾကေတာ့ဘူး။ ဒီေတာ့ စာရင္းမွာ ဘယ္ျပေတာ့မလဲ။ ဘယ္နည္းနဲ႔က်က်၊ က်ဖို႔ပဲလိုတာ မဟုတ္လား၊ စာရင္းမွာေတာ့ သူမ်ားႏိုင္ငံေတြ ထိန္းမရခ်ိန္မွာ ျမန္မာက ၄၀၀ ေလာက္အထိေတာင္ က်က်သြားတယ္။ အရင္ေျပာတဲ့ လာအိုလမ္းစဥ္လိုက္သြားလဲ ေကာင္းတာပဲ။ တတိယလႈိင္းလား၊ စိတ္မပူပါနဲ႔၊ သိခ်င္မွေတာင္သိလိုက္မွာ။ ဒီလိုပဲ ႀကိတ္ေနၾကၿပီး ၿပီးသြားမွာ။ ေဆာင္းတြင္းကလဲ ေနာက္တစ္လေက်ာ္ဆိုကုန္ၿပီရယ္။

(ေဒါက္တာေက်ာ္ေက်ာ္စိုင္း)