သူမ ရဲ့ မွေးနေ့အမှတ်တရ အဖြစ် smiley လေးတွေနဲ့ ပျော်ပျော်ပါးပါး ဂိမ်းကစားပြီး အနိုင်ရရှိသူတွေ ကို (၃၆)သိန်းဖိုးတိတိ ချီးမြင့်သွားမည့် စမိုင်းလ်

သူမ ရဲ့ မွေးနေ့အမှတ်တရ အဖြစ် smiley လေးတွေနဲ့ ပျော်ပျော်ပါးပါး ဂိမ်းကစားပြီး အနိုင်ရရှိသူတွေ ကို (၃၆)သိန်းဖိုးတိတိ ချီးမြင့်သွားမည့် စမိုင်းလ်

ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင်စမိုင်းလ်ကိုတော့ ပရိသတ်ကြီး သိပြီး သားဖြစ်မယ်ထင်ပါတယ်။သူမကတော့ ကလေးနှစ်ယောက်မိခင်လို့တောင် ထင်ရက်ရာမရှိအောင်နုပျိုပြီး လှပနေတာဖြစ်သလို မကြာခင်မှာလည်း သူမက အသက်၃၆နှစ်ပြည့်တော့မှာဖြစ်ပါတယ်။ စမိုင်းလ်ကတော့ မကြာခင်မှာကျရောက်တော့မယ့်သူမ ရဲ့မွေးနေ့လေးအတွက် မွေးနေ့အမှတ်တရအဖြစ် သူမချစ်တဲ့ smileyလေးတွေအတွက်ပျော်စရာအစီအစဉ်လေးတစ်ခုကို ပြုလုပ်သွားမယ်လို့သိရပါတယ်။

အဲဒီအစီအစဉ်လေးကတော့ smileyလေးတွေနဲ့ ပျော်ပျော်ပါးပါးဂိမ်းကစားပြီး အနိုင်ရရှိသူတွေ ကို ပထမဆု ၁၀သိန်း ဒုတိယဆု ၅သိန်းအပါအဝင်ကျန်ဆုပေါင်း များစွာနဲ့ ၃၆သိန်းဖိုးတိတိချီးမြင့်သွားမှာဖြစ်တယ်လို့သိရပါတယ် ။ဒီအကြောင်းလေးကိုတော့ စမိုင်းလ်က”ကျမချစ်ရတဲ့ Smiley တွေကိုဘယ်လိုပျော်အောင်လုပ်ပေးရမလဲ ဘယ်လို စိတ်ချမ်းသာအောင်လုပ်ရမလဲအမြဲစဉ်းစားနေတတ်တဲ့ကျမ အခုမွေးနေ့လည်းနီးလာပြီဆိုတော့ ချစ်ရတဲ့သူတွေကိုဘာလုပ်ပေးရမလဲစဉ်းစားနေတာ.

အခုလို Covid အချိန်မှာလူတွေအဓိကလိုအပ်နေတာ ပိုက်ဆံပဲဆိုတော့ Smile ရဲ့မွေးနေ့မှာ ပျော်ပျော် ပါးပါးဂိမ်းတွေလည်း Live ကစားကြမယ်။ Smiley တွေအကုန်လုံးကလည်းပါဝင်ကစားနိုင်မယ် ပြီးတော့ ကံစမ်းမဲတွေလည်းလုပ်မယ် ပထမဆု- ၁၀သိန်း ဒုတိယဆု – ၅ သိန်းအပါအဝင် သိန်းပေါင်း ၃၆သိန်းတိတိကို ချစ်ရတဲ့သူတွေကို လက်ဆောင်ပြန်ပေးမဲ့ အစီအစဉ်လေးကို ၂၁ရက်နေ့ မှာကျင်းပမယ်နော်. ဒီ Page လေးကို Like နဲ့ See first လုပ်ထားကြအုန်းနော်“ Smile ရဲ့ Online Birthdayparty “ဆိုပြီး သူမရဲ့လူမှုကွန်ရက်မှာ ရေးသားဖော်ပြ ထားခဲ့တာဖြစ်ပြီး ပရိသတ်ကြီးအတွက်ပြန်လည်ဖော်ပြပေး လိုက်ပါတယ်နော်…။

Source:စမိုင်းလ် Smile

Add a Comment

Your email address will not be published. Required fields are marked *

one − one =