ကေလးငယ္ ႏွစ္ဦး ကို သားမယားျပဳက်င့္ သည့္ အသက္ (၆၀) အ႐ြယ္ရွိ အမ်ိဳးသားကို ဖမ္းဆီး

ကေလာ တြင္ အသက္ (၇ႏွစ္)ႏွင့္ အသက္ (၈ႏွစ္) ကေလးငယ္ ႏွစ္ဦးကို သားမယားျပဳက်င့္ သည့္ အသက္ ၆၀အ႐ြယ္ရွိ အမ်ိဳးသား ကို ဖမ္းဆီးအေရးယူ

ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ကေလာၿမိဳ႕နယ္ ၌ အ႐ြယ္ မေရာက္ေသးသည့္ အသက္ (၇ႏွစ္) ႏွင့္ အသက္ (၈ႏွစ္) ကေလးငယ္ ႏွစ္ဦး ကို သားမယားျပဳက်င့္ သည့္ အသက္ (၆၀ႏွစ္)အ႐ြယ္ရွိ အမ်ိဳးသားကို ဖမ္းဆီးအေရးယူ ထားေၾကာင္း သိရသည္။ ကေလာၿမိဳ႕၊ အမွတ္( ၂) ရပ္ကြက္ေန မရီရီစိုး(၃၀ႏွစ္)က သမီးျဖစ္ သူ အသက္ (၈ႏွစ္)အ႐ြယ္ ႏွင့္ တူမျဖစ္သူ အ သက္ (၇ႏွစ္)အ႐ြယ္ ႏွစ္ေယာက္တို႔အား တစ္ရပ္ကြက္တည္းေန ၾကက္သားေရာင္သူ မေလးႏြယ္၏ ေနအိမ္ေန အစ္ကို၏သား အသက္ (၁၃ႏွစ္)အ႐ြယ္ ၆တန္း ေက်ာင္းသား ေခၚခိုင္း လိုက္ေၾကာင္း။

ေနအိမ္သို႔ ညေန ၅နာရီအခ်ိန္မွ ျပန္လည္ေရာက္ ရွိလာၿပီးကြၽဲ႐ိုင္း ခ်ိဳခ်ဥ္ တစ္ဗူး၊ ၾကက္ဥ တစ္လုံးႏွင့္ ေငြက်ပ္ ၁၀၀စီ ပါလာသျဖင့္ မသကၤာသျဖင့္ အစ္ကို၏သား အသက္ (၁၃ႏွစ္)အ႐ြယ္ ၆တန္း ေက်ာင္းသား တူျဖစ္သူကို ဖုန္းဆက္၍ “သားညီမကို ေခၚခိုင္းလိုက္တယ္ ၊ သားဘာျဖစ္လို႔ မလိုက္ လာလဲ” ဖုန္းဆက္ ေမးျမန္းစဥ္ ၎ထံ ေရာက္မလာ ဟု ေျပာေၾကာင္း။

ေမးျမန္းစုံၾကည့္ မွ တစ္ရပ္ကြက္ တည္းေန ဦးဝင္းရင္ အသက္ (၆၀ႏွစ္)က အသက္ (၇ႏွစ္)ႏွင့္ (၈ႏွစ္) အ႐ြယ္ မိန္းကေလး ၂ ဦးအား ရပ္ကြက္ေရစက္ အနီးရွိ လူ မေနသည့္ တဲအတြင္းသို႔ ေခၚေဆာင္ သြားေလ့ရွိေၾကာင္း သိရသျဖင့္ အုပ္ထိန္းသူမ်ားက ေမးျမန္းရာ ကြၽဲ႐ိုင္း ခ်ိဳခ်ဥ္ တစ္လုံး၊ ၾကက္ဥ တစ္လုံးႏွင့္ ေငြက်ပ္ ၁၀၀ စီ ေပး၍ သားမယား အျဖစ္ ၃ ႀကိမ္ ျပဳက်င့္ခဲ့သည္ဟု ေျပာဆိုခဲ့သျဖင့္ ရဲစခန္းသို႔ တိုင္ၾကားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ ျပစ္မႈက်ဴးလြန္ သူဟု ယူဆရသူ ဦးဝင္းရင္ အသက္ (၆၀ႏွစ္)က မိဘ အုပ္ထိန္း မႈေအာက္မွ မလြတ္ကင္းေသာ ကေလးသူငယ္မ်ားအား သားမယား အျဖစ္ ျပဳက်င့္သျဖင့္ ကေလာၿမိဳ႕မ ရဲစခန္းမွ (ပ) ၇၃/၂၀၂၀၊ ရာဇသတ္ႀကီး ပုဒ္မ ၃၇၆/ ၃၆၃ ျဖင့္ ဖမ္းဆီး ခ်ဴပ္ေႏွာင္၍ အေရးယူ စစ္ေဆးလွ်က္ ရွိေၾကာင္း သိရသည္။

ညီညီ(လႈိင္သာယာ)

Top Phoenix Media Group

unicode

ကလော တွင် အသက် (၇နှစ်)နှင့် အသက် (၈နှစ်) ကလေးငယ် နှစ်ဦးကို သားမယားပြုကျင့် သည့် အသက် ၆၀အရွယ်ရှိ အမျိုးသား ကို ဖမ်းဆီးအရေးယူ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ် ၌ အရွယ် မရောက်သေးသည့် အသက် (၇နှစ်) နှင့် အသက် (၈နှစ်) ကလေးငယ် နှစ်ဦး ကို သားမယားပြုကျင့် သည့် အသက် (၆၀နှစ်)အရွယ်ရှိ အမျိုးသားကို ဖမ်းဆီးအရေးယူ ထားကြောင်း သိရသည်။ ကလောမြို့၊ အမှတ်( ၂) ရပ်ကွက်နေ မရီရီစိုး(၃၀နှစ်)က သမီးဖြစ် သူ အသက် (၈နှစ်)အရွယ် နှင့် တူမဖြစ်သူ အ သက် (၇နှစ်)အရွယ် နှစ်ယောက်တို့အား တစ်ရပ်ကွက်တည်းနေ ကြက်သားရောင်သူ မလေးနွယ်၏ နေအိမ်နေ အစ်ကို၏သား အသက် (၁၃နှစ်)အရွယ် ၆တန်း ကျောင်းသား ခေါ်ခိုင်း လိုက်ကြောင်း။

နေအိမ်သို့ ညနေ ၅နာရီအချိန်မှ ပြန်လည်ရောက် ရှိလာပြီးကျွဲရိုင်း ချိုချဉ် တစ်ဗူး၊ ကြက်ဥ တစ်လုံးနှင့် ငွေကျပ် ၁၀၀စီ ပါလာသဖြင့် မသင်္ကာသဖြင့် အစ်ကို၏သား အသက် (၁၃နှစ်)အရွယ် ၆တန်း ကျောင်းသား တူဖြစ်သူကို ဖုန်းဆက်၍ “သားညီမကို ခေါ်ခိုင်းလိုက်တယ် ၊ သားဘာဖြစ်လို့ မလိုက် လာလဲ” ဖုန်းဆက် မေးမြန်းစဉ် ၎င်းထံ ရောက်မလာ ဟု ပြောကြောင်း။

မေးမြန်းစုံကြည့် မှ တစ်ရပ်ကွက် တည်းနေ ဦးဝင်းရင် အသက် (၆၀နှစ်)က အသက် (၇နှစ်)နှင့် (၈နှစ်) အရွယ် မိန်းကလေး ၂ ဦးအား ရပ်ကွက်ရေစက် အနီးရှိ လူ မနေသည့် တဲအတွင်းသို့ ခေါ်ဆောင် သွားလေ့ရှိကြောင်း သိရသဖြင့် အုပ်ထိန်းသူများက မေးမြန်းရာ ကျွဲရိုင်း ချိုချဉ် တစ်လုံး၊ ကြက်ဥ တစ်လုံးနှင့် ငွေကျပ် ၁၀၀ စီ ပေး၍ သားမယား အဖြစ် ၃ ကြိမ် ပြုကျင့်ခဲ့သည်ဟု ပြောဆိုခဲ့သဖြင့် ရဲစခန်းသို့ တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ပြစ်မှုကျူးလွန် သူဟု ယူဆရသူ ဦးဝင်းရင် အသက် (၆၀နှစ်)က မိဘ အုပ်ထိန်း မှုအောက်မှ မလွတ်ကင်းသော ကလေးသူငယ်များအား သားမယား အဖြစ် ပြုကျင့်သဖြင့် ကလောမြို့မ ရဲစခန်းမှ (ပ) ၇၃/၂၀၂၀၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၆/ ၃၆၃ ဖြင့် ဖမ်းဆီး ချူပ်နှောင်၍ အရေးယူ စစ်ဆေးလျှက် ရှိကြောင်း သိရသည်။

ညီညီ(လှိုင်သာယာ)

Top Phoenix Media Group

Add a Comment

Your email address will not be published. Required fields are marked *

1 × two =