ချစ်သူသက်တမ်း (၁) နှစ်ပြည့်နေ့လေး မှာ ချစ်သူလေး နဲ့ စုံတွဲပုံရိပ်တွေကို ပရိသတ်တွေဆီအလင်းပြလာတဲ့ ရေမွန်

လူငယ်ကြိုက် Idiots Band ရဲ့ ပင်တိုင်အဆိုတော်တစ်ဦးဖြစ်တဲ့ ရေမွန်ဟာ သီချင်းကောင်းလေးတွေ ကိုယ်တိုင်ခံစားရေးသားသလို သီဆိုခဲ့တာကြောင့် အောင်မြင်မှုတွေရရှိခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ရေမွန်ရဲ့ သီချင်းတွေက လူငယ်ပရိသတ်တွေကြားမှာ ရေပန်းစားပြီး ဘယ်အချိန်နားထောင်ထောင် မရိုးသွား တဲ့ သီချင်းတွေအဖြစ် ကျော်ကြားတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ရေမွန်က သူ့ရဲ့ Idiots Band နဲ့အတူတူ သီချင်းသစ်တွေကို ဆက်လက်ဖန်တီးရင်း ဂီတလမ်းကြောင်းမှာ အောင်မြင်မှုတွေ နဲ့ လျှောက်လှမ်းနေဆဲ ဖြစ်ပါတယ်။

လူငယ်တစ်ယောက်ပီပီ လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးနေ ထိုင်တတ်တဲ့ ရေမွန်က ဒီကနေ့မှာတော့ သူ့ရဲ့ ချစ်သူမိန်းကလေးနဲ့ ချစ်သူသက်တမ်း (၁) နှစ်ပြည့်နေ့လေးမှာ ပရိသတ်ကို သူ့ရဲ့အချစ်ရေးနဲ့ ပက်သတ်ပြီး ချပြလာခဲ့ပါပြီ။ ရေမွန်က သူ့ရဲ့ချစ်သူမိန်းကလေးကို “Happy 1 Year Anniversary ပါ ဘေဘီ.. ကိုယ်တို့ဒီလောက်ကြာကြာတွဲနေခဲ့တာမယုံနိုင်ဘူး။ ဒါပေမယ့် တို့နှစ်ယောက်အတူတူ အမှတ်တရကောင်းတွေ အများကြီး ဖန်တီးနိုင်ခဲ့တယ်။ ကိုယ်နဲ့အတူရှိနေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေတဆင့် ချစ်စကားဆိုလာတာပဲ ဖြစ်ပါတယ်။

ရေမွန်ကတော့ ချစ်သူသက်တမ်း (၁) နှစ်ပြည့်နေ့လေးမှာ သူ့ရဲ့ မိန်းကလေးကို လူသိရှင်ကြားမိတ်ဆက်ပေးလာတာပဲ ဖြစ်ပါတယ်။။ ရေမွန်တို့ ချစ်သူနှစ်ဦး ချစ်သက်တမ်း (၁) နှစ်ပြည့်မှသည် နောက်နှစ်တွေများစွာတိုင် ထာဝရလက်တွဲနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

ဆယ်လီကွန်နက်ရှင်

zawgyi

လူငယ္ႀကိဳက္ Idiots Band ရဲ႕ ပင္တိုင္အဆိုေတာ္တစ္ဦးျဖစ္တဲ့ ေရမြန္ဟာ သီခ်င္းေကာင္းေလးေတြ ကိုယ္တိုင္ခံစားေရးသားသလို သီဆိုခဲ့တာေၾကာင့္ ေအာင္ျမင္မႈေတြရရွိခဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။ ေရမြန္ရဲ႕ သီခ်င္းေတြက လူငယ္ပရိသတ္ေတြၾကားမွာ ေရပန္းစားၿပီး ဘယ္အခ်ိန္နားေထာင္ေထာင္ မ႐ိုးသြား တဲ့ သီခ်င္းေတြအျဖစ္ ေက်ာ္ၾကားတာပဲ ျဖစ္ပါတယ္။ လက္ရွိမွာလည္း ေရမြန္က သူ႔ရဲ႕ Idiots Band နဲ႔အတူတူ သီခ်င္းသစ္ေတြကို ဆက္လက္ဖန္တီးရင္း ဂီတလမ္းေၾကာင္းမွာ ေအာင္ျမင္မႈေတြ နဲ႔ ေလွ်ာက္လွမ္းေနဆဲ ျဖစ္ပါတယ္။

လူငယ္တစ္ေယာက္ပီပီ လြတ္လြတ္လပ္လပ္ေပါ့ေပါ့ပါးပါးေန ထိုင္တတ္တဲ့ ေရမြန္က ဒီကေန႔မွာေတာ့ သူ႔ရဲ႕ ခ်စ္သူမိန္းကေလးနဲ႔ ခ်စ္သူသက္တမ္း (၁) ႏွစ္ျပည့္ေန႔ေလးမွာ ပရိသတ္ကို သူ႔ရဲ႕အခ်စ္ေရးနဲ႔ ပက္သတ္ၿပီး ခ်ျပလာခဲ့ပါၿပီ။ ေရမြန္က သူ႔ရဲ႕ခ်စ္သူမိန္းကေလးကို “Happy 1 Year Anniversary ပါ ေဘဘီ.. ကိုယ္တို႔ဒီေလာက္ၾကာၾကာတြဲေနခဲ့တာမယုံႏိုင္ဘူး။ ဒါေပမယ့္ တို႔ႏွစ္ေယာက္အတူတူ အမွတ္တရေကာင္းေတြ အမ်ားႀကီး ဖန္တီးႏိုင္ခဲ့တယ္။ ကိုယ္နဲ႔အတူရွိေနေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္ ” ဆိုၿပီး သူ႔ရဲ႕ ေဖ့စ္ဘုတ္စာမ်က္ႏွာကေနတဆင့္ ခ်စ္စကားဆိုလာတာပဲ ျဖစ္ပါတယ္။

ေရမြန္ကေတာ့ ခ်စ္သူသက္တမ္း (၁) ႏွစ္ျပည့္ေန႔ေလးမွာ သူ႔ရဲ႕ မိန္းကေလးကို လူသိရွင္ၾကားမိတ္ဆက္ေပးလာတာပဲ ျဖစ္ပါတယ္။။ ေရမြန္တို႔ ခ်စ္သူႏွစ္ဦး ခ်စ္သက္တမ္း (၁) ႏွစ္ျပည့္မွသည္ ေနာက္ႏွစ္ေတြမ်ားစြာတိုင္ ထာဝရလက္တြဲႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

ဆယ္လီကြန္နက္ရွင္
Swelsone News