ဦးသိန်းစိန် အစိုးရ လက်ထက် ကြွေးကျန် ကျပ်သန်း (၃၀၀၀) ကို ဇွန် ၈ ရက် ပေးသွင်းရန်ညွန်ကြား

ဦးသိန်းစိန် အစိုးရ လက်ထက် ကြွေးကျန် ကျပ်သန်း (၃၀၀၀) ကို ဇွန် ၈ ရက် ပေးသွင်းရန်ညွန်ကြား

ဦးသိန်းစိန်အစိုးရ လက်ထက်က အသုံးပြုခဲ့သည့် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေများ နှင့်ပတ်သက်၍ ပေးဆပ်ရန်ကျန်နေ သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်လေးခုမှ ကျပ်သန်း ၃,၁၀၀ ကျော် ကို ယမန်နေ့ (ဇွန်လ ၈ ရက်)တွင် ပေးရန် ညွှန်ကြားထားသည်ဟု ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်းက ပြောသည်။

‘‘အဲဒါကလည်းပဲ စိတ်ချ။ မရမချင်း သမ္မတရုံးကလည်းပဲ အတင်း လှော်တာပဲ’’ ဟု ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော် သန်းက ပြောသည်။

ယမန်နေ့က ပြန်ကြားရေး ဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစိုးရ လေးနှစ်တာ ဆောင်ရွက်မှုများနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းအပြီး မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခြင်း ဖြစ်သည်။

‘‘မရမှာတော့မပူနဲ့။ အချိန်သာကြာမယ်။ သမ္မတရုံး ကတော့မနေဘူး’’ဟု ပြည်ထောင်စု စာရင်း စစ်ချုပ် ဦးမော်သန်းက ဆိုသည်။

ဦးသိန်းစိန် အစိုးရလက် ထက်က အသုံးပြုဆောင်ရွက်ခဲ့မှု များနှင့်ပတ်သက်၍ ပြန်လည်ပေး သွင်းရန် ကျန်ရှိနေသော တိုင်းဒေသကြီး၊ ပြည်နယ်များမှာ ရှမ်း ပြည်နယ်၊ ကရင်ပြည်နယ်၊ မန္တ လေးတိုင်းဒေသကြီးနှင့် ရန်ကုန် တိုင်းဒေသကြီးတို့ဖြစ်သည်ဟု ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ခင်သီက ဖြည့်စွက်ပြော ကြားသည်။

‘‘ရှမ်းပြည်နယ်ကတော့ ကျွန်မတို့ လျှပ်စစ်ဖော်ထုတ်မှု လုပ်ငန်းကနေပြီးတော့ မြေငှား ရမ်းခကျန်တဲ့ငွေတွေကို ပေးသွင်းဖို့ဖော်ထုတ်ခဲ့တာပါ။ အဲဒီကိစ္စ တွေနဲ့ပတ်သက်ပြီးတော့လည်း ဒီမြေအသုံးချမှု ပရီမီယမ်ကြေး တွေကို ဆက်လက်ပေးသွင်းနေတာမှာ။ ခုလက်ရှိအချိန်ထိ ကျပ် သန်း ၁၆ ဒသမ ၅ ပေးသွင်းရန် ကျန်ရှိမှုကို ဆက်လက်စစ်ဆေး ဆောင်ရွက်နေတဲ့အကြောင်း သက်ဆိုင်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ကနေပြီးတော့ သမ္မတရုံးကို ဆက်လက်စစ်ဆေးတင်ပြနေတာ ရှိပါတယ်’’ဟု ဒေါ်ခင်ခင်သီက ပြောသည်။

မန္တလေးမြို့ မီးလင်းရေးဆောင်ရွက်ရန် အသုံးပြုခဲ့သည့် ငွေမှာ ၃၆၉ ဒသမ ၆၄၅ သန်းကျပ်ရှိခဲ့ပြီး လက်ရှိ ပေးသွင်းရန်ကျန် သည့် ငွေမှာ ၃၂၂ သန်းရှိသည်ဟု ဒေါ်ခင်ခင်သီက ဆိုသည်။

ထို့အပြင် ကရင်ပြည်နယ် တွင် ပြန်လည်ပေးဆပ်ရန်ကျန် သည့်ငွေမှာ ၁,၅၀၉ ဒသမ ၅၅၄ သန်းရှိနေပြီး ကျန်ကုန် တိုင်းဒေသကြီးတွင် ကျောက်မျက်လုပ်ငန်း ရှင်များအတွက် စိုက်ထုတ်ချေးငွေ ၁,၄၃၅ ဒသမ ၅၀၈ သန်းမှ ၁,၃၂၂ ဒ သမ ၆၀၁ သန်းပေးသွင်းရန် ကျန်ရှိနေသေးသည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ပြန်လည်ပေးဆပ်ရမည့် နောက်ဆုံးသတ်မှတ်ရက်ကိုလည်း နိုင်ငံတော်သမ္မတရုံး၏ မှတ်ချက်အပေါ် မူတည်ပြီး သက်ဆိုင်ရာ တိုင်း ဒေသကြီး ပြည်နယ်ရုံးများသို့ စာထုတ်ထားပြီးဖြစ်သည်ဟု ဒေါ်ခင် ခင်သီက ရှင်းပြသည်။

‘‘ကျွန်မတို့အနေနဲ့ ဒေသရုံးတွေကနေပြီးတော့ စိစစ်တင်ပြဖို့ နောက်ဆုံးရက်ကို ဒီဇွန်လ ၈ ရက်ကိုပေးပို့ဖို့ ညွှန်ကြားချက်စာထုတ် ထားပါတယ်။ သူတို့ရဲ့ ပြန်လည် ရရှိမှုအပေါ်မူတည်ပြီး စုစည်းတင် ပြသွားမှာပါ’’ဟု ဒေါ်ခင်ခင်သီက ပြောသည်။

သတ်မှတ်ကာလအတွင်း ပေးသွင်းခြင်းမရှိပါက မည်သို့ ဆောင်ရွက်မည် နည်းဟု မေးမြန်းရာ ဥပဒေကြောင်းအရ ကိစ္စသည်၎င်းတို့နှင့် သက်ဆိုင်ခြင်းမရှိကြောင်း ပြည်ထောင်စုစာရင်းစစ် ချုပ်ရုံးက ပြောသည်။

သို့သော် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက မတ်လ ၈ရက်တွင် ကျန်ငွေများ ကို ပေးသွင်းရမည်ဟု ညွှန်ကြားထားသော် လည်း မည်၍မည်မျှပြန်လည်ပေး ဆပ်သည်ကို ယမန်နေ့က သတင်း စာရှင်းလင်းပွဲပြုလုပ်သည့်နေ့နှင့်တိုက်ဆိုင်နေသဖြင့် နောက်ဆုံးစာ ရင်းအသေးစိတ်ကို မသိရှိရသေး ဟု တာဝန်ရှိသူတစ်ဦးက ဆိုသည်။

crd : thuthulay

Add a Comment

Your email address will not be published. Required fields are marked *

eighteen + 11 =