နှာခေါင်းစည်း တပ်ဖို့‌ပြောတဲ့ စည်ပင် ဝန်ထမ်း အထိုးခံရ၊ ထိုးတဲ့ သူကို ရဲတပ်ဖွဲ့က အာမခံနဲ့ပြန်လွှတ်

နှာခေါင်းစည်း တပ်ဖို့‌ပြောတဲ့ စည်ပင် ဝန်ထမ်း အထိုးခံရ၊ ထိုးတဲ့ သူကို ရဲတပ်ဖွဲ့က အာမခံနဲ့ပြန်လွှတ်

စစ်ကိုင်းမြို့၊ မြို့မဈေး အနောက်ဘက်က ပျံ့ကျ ဈေးမှာ မနေ့ဇွန်လ ၉ ရက်နေ့ ညနေ ၅ နာရီခန့် က နှာခေါင်းစည်းMask တပ်ဖို့ညွှန်ကြားတဲ့ စည်ပင်ဝန်ထမ်းတစ်ဦး ထိုးကြိတ်ခံရတယ်လို့ သိရပါတယ်။

မြို့မဈေးကြီး အနောက်ဘက် ပျံ့ကျဈေးမှာ ၃ ပေ ခွာပြီးရောင်းချဖို့နဲ့ Maskတပ်ဖို့အတွက် စည်ပင်ဝန်ထမ်းက စက်ဘီးနဲ့လှည့်ပြီး ညွှန်ကြားနေတုန်း ဈေးရောင်ချတဲ့ အမျိုးသမီး ရဲ့ယောကျာ်းဖြစ်သူက နောက်ကနေ စက်ဘီးကိုတွန်းလှဲကာ လက်သီးနဲ့ထိုးကြိတ်ခဲ့တယ်လို့ ဈေးရောင်းချသူတွေ ရဲ့ ပြောပြချက်အရ သိရပါတယ်။

အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ထိုးကြိတ် ခံရတဲ့ စည်ပင်ဝန်ထမ်းကိုမေးတဲ့အခါမှာတော့”ကျနော်က ဈေးစည်းကမ်းထိန်းက နေ့စားဝန်ထမ်းပါ ကျနော်က နေ့တိုင်းဒီလိုဘဲ Maskတပ်ဖို့၊ နောက်ပြီး ဈေးသည် တစ်သည်နဲ့ တစ်သည် ၃ပေခွာနဲ့ဈေးရောင်းချဖို့ နေ့တိုင်းဆောင်ရွက် တယ်။ အဲ့နေ့ ကျနော်က ပျံ့ကျဈေးဘက် စက်ဘီးနဲ့လှည့်ပြီးmask တပ်ဖို့လှည့်ပြောနေတုန်း နောက်ကနေ စက်ဘီးတွန်းလှဲပြီး လက်သီး နဲ့ကျနော်ကိုထိုးခဲ့တယ်၊ ထိုးတဲ့လူက ညနေ ပိုင်း ပျံကျဈေးမှာရောင်းတဲ့ ဈေးသည်ရဲ့ယောကျာ်းဖြစ်နေတာ၊ ဈေးသည်အမျိုးသမီး နာမည်တော့မသိဘူး၊ သူယောကျာ်းနာမည်က ကျော်သက် တဲ့ ကျနော်ထင်တာက သူ့မိန်းမက မြှောက်ပေးလိုက်လို့ လုပ်တာ လို့ထင်တယ်။ ကျနော်က သူ့ကို ဈေးစနစ်တကျရောင်းဖို့ သတ်မှတ်နေရာမှာရောင်းဖို့ပြောတယ်၊ ဒါကြောင့် သူယောကျာ်းမြှောက်ပေးပြီး ကျနော်ကိုလုပ်ခိုင်းတာထင်တယ်”လို့ ထိုးကြိတ်ခံရတဲ့ စည်ပင်ဝန်ထမ်း မောင်ချမ်းဟိန်းသူကပြောပါတယ်။

ထိုးကြိတ်ခံရတဲ့ စည်ပင်ဝန်ထမ်းဟာ စစ်ကိုင်း မြို့မရဲစခန်းကို အမှုသွားဖွင့်ရာမှာတော့ မြို့မ ရဲစခန်းက ထိုးကြိတ် ခဲ့တဲ့ မောင်ကျော်သက်ကို ညနေ၆နာရီခန့်မှာ သွားရောက်ဖမ်းဆီးပြီး ည ၈နာရီမှာ အာမခံပေးပြန်လွှတ်ခဲ့ကာ နေ့စားဝန်ထမ်းဖြစ်တဲ့အတွက် တာဝန်ချိန်ဝတ္တရားနှောက်ယက်မှု မမြှောက်ဖူးလို့ စည်ပင် မှ ဈေးအရာရှိတစ်ဦးကပြောပါတယ်။

အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကိုင်း မြို့မရဲစခန်းကိုဆက်သွယ်မေးမြန်းရာ ရာဇသတ်ကြီးပုဒ်မ ၃၂၅ နဲ့ အမှုဖွင့်ထားတယ်လို့ပဲ ပြန်လည်ဖြေကြားခဲ့ပါတယ်။

Photo – ချမ်းဟိန်းသူ
Credit VOM