ပရဟိတ စေတီတော်တောင်ပေါ် မှာ ကျောက်ဖြစ် ရုပ်ကြွင်း လိမ်အမကြီး တစ်ကောင်ကို လိပ်ထီးကြီးနဲ့ အတူထားဖို့ စီစဉ်နေတဲ့ ဦးကျော်သူ

ပရဟိတ စေတီတော်တောင်ပေါ် မှာ ကျောက်ဖြစ် ရုပ်ကြွင်း လိမ်အမကြီး တစ်ကောင်ကို လိပ်ထီးကြီးနဲ့ အတူထားဖို့ စီစဉ်နေတဲ့ ဦးကျော်သူ

ဝါရင့်သရုပ်ဆောင်မင်းသားကြီး ဦးကျော်သူကတော့ တစ်ခေတ်တစ်ခါက အနုပညာလောက မှာ အောင်မြင်မှုတွေ ကိုရယူ သိမ်းပိုက်ထားနိုင်ခဲ့တဲ့ သူပဲဖြစ်ပါတယ်။ ဘာသာတရားအထူးကိုင်းရှိုင်းတဲ့ ဦးကျော်သူကတော့ ယနေ့မှာ ပြည်မြို့တစ်ဖက်ကမ်းပန်းတောင်းမြို့နယ်ရှိ ရှေးဟောင်း တန်ခိုးကြီး

ရွှေဘုံသာမုနိဘုရားနှင့် ဖိုးဦးတောင်ဘုရား ကြားရှိ “မဟာပဏီတ ပရဟိတအောင်တော်မူစေတီကြီး” မှာ ပုခုက္ကူမြို့နယ်ဖက်မှ ထပ်မံ၍ ကျောက်ဖြစ်ရုပ်ကြွင်းလိပ်အမကြီးတစ်ကောင်( ကျောခွံအနည်းငယ်ပြားသည်) ကိုအရင်ရှိခဲ့တဲ့ လိပ်ထီးကြီးနဲ့ အတူ ရေကန်တစ်ကန်ထဲ အတူတကွထားရှိရန် လုပ်ကိုင်နေတဲ့ ပုံရိပ်လေးတွေကိုတင်ပေးလာခဲ့ပါတယ်။ အရင်တည် ရှိခဲ့တဲ့ လိပ်ထီးနဲ့ပတ်သတ်ပြီး သမိုင်းရာဇဝင်ကိုပြောပြထားရာမှာလည်း “ပြည်မြို့တစ်ဖက်ကမ်းပန်းတောင်းမြို့နယ်ရှိ ရှေးဟောင်းတန်ခိုးကြီး ရွှေဘုံသာမုနိဘုရားနှင့်ဖိုးဦးတောင်ဘုရား ကြားရှိ “မဟာပဏီတ ပရဟိတအောင်တော် မူစေတီကြီး”တွင်

ဘူမိဗေဒပညာရှင်တို့၏တွက်ဆချက်အရ နှစ်ပေါင်း သန်း(၃၀)ခန့်ရှိပြီဖြစ်သော ကျောက်ဖြစ် ရုပ်ကြွင်း “လိပ်”အထီးကြီး(ကျောခွံ ခုံးသည်) ရောက်ရှိသာသနာပြုခဲ့သည်မှာ ၂၀၁၄ခုနှစ်(၆နှစ်) ရှိခဲ့ပြီဖြစ်ပါတယ်” ဆိုပြီးရေးသားထားပါသေးတယ်။ ဒါ့အပြင် ယခုရရှိလာတဲ့ လိပ်မကြီးကိုလည်း ဦးကျော်သူက ” ပုခုက္ကူမြို့နယ်ဖက် မှ ထပ်မံ၍ ကျောက်ဖြစ်ရုပ်ကြွင်းလိပ်အမကြီး တစ်ကောင် ကျောခွံအနည်းငယ်ပြားသည်) ရရှိခဲ့၍ ပရဟိတစေတီတော်တောင်ပေါ်တွင် ပွေးဖို ပွေးမ၊ဒွတ္တဘောင်နှင့်ပိဿနိုးတို့၏ကျိန်စာများပျက်ပြယ်သွားသည့်အလား လိပ်ဖိုကြီးနှင့်လိပ်မကြီးတို့ အတူယှဉ်တွဲသစ္စာ ဆိုကာ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးအားဖူးမျှော်ဦးတိုက်ကန်တော့ပန်းဆင်နေသည့် အလား ကျက်သရေမင်္ဂလာရှိစွာဖြင့်ရေကန်တစ်ကန်ထဲ

အတူတကွတည်ရှိနေပြီဖြစ်တော့တယ်။မင်္ဂလာရှိသော နိမိတ် ကိုယူကာ အာဃာတ တရားများကို မေ့ထုတ်ပစ်ကာ မြန်မာနိုင်ငံတော်ကြီး စည်းလုံးညီညွတ်စွာ တိုင်းရင်းသားပေါင်းစုံ ငြိမ်းချမ်းသာယာဝပြောကြပါစေသားဟု သစ္စာဆိုဆုတောင်းလိုက်ပါတော့တယ်” ဆိုပြီး ထပ်မံရေးသားထားပါသေးတယ်။ ချစ်ပရိသတ်တွေလည်း မွန်မြတ်လှတဲ့ ကောင်းမှုကုသိုလ်တွေ ကို ပြုလုပ်ခဲ့တဲ့ ဦးကျော်သူတို့အဖွဲ့သားတွေကို ဆုမွန်ကောင်းတောင်းပေး လိုက်ပါဦးနော်.

crd : panpyoelat