(မြစ်ကြီးနား တော့ ခေါင်းကြီး ပြီ) ကွင်း ဆက်ပျက် လူ နာ(၂၄၅) မြစ်ကြီးနား မှာ အလုပ်လု ပ်ခဲ့

(မြစ်ကြီးနား တော့ ခေါင်းကြီး ပြီ) ကွင်း ဆက်ပျက် လူ နာ(၂၄၅) မြစ်ကြီးနား မှာ အလုပ်လု ပ်ခဲ့

ကို ဗစ်-၁၉ ပိုးကူးစက်ခံထားရသူတွေနဲ့ ထိတွေ့မှု မရှိခဲ့သလို ပြည်ပ ခရီးသွား ရာဇဝင်လည်း မရှိတဲ့ ရှမ်းပြည်နယ် ဆီဆိုင်က လူနာဟာ မြစ်ကြီးနားက ကျောက်ထုတ်ရေးလုပ်ငန်းခွင်မှာ လမ်းလုပ်သားအဖြစ် လုပ်ကိုင်ပြီး ပြန်လာသူတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

အသက် ၃၀ အရွယ် အဲဒီလူနာ ဟာ ကချင်ပြည်နယ် မြစ်ကြီးနား (မြစ်ဆုံ) ကနေ ပခုက္ကူ-တောင်သာ-မိတ္ထီလာ-တောင်ကြီး လမ်းကြောင်းအတိုင်း အငှားယာဉ်နဲ့ ရှမ်းပြည်နယ် ဆီဆိုင်မြို့နယ် ပါလောပါကယ်ကျေးရွာအုပ်စု ဆိုက်ခေါက်ကျေးရွာကို ပြန်လာတာဖြစ်ပါတယ်။

လောလောဆယ်မှာ သူ့ကို တောင်ကြီးက စဝ်စံထွန်းဆေးရုံ မှာ ပို့ဆောင်ကုသဖို့ စီစဉ်နေပြီး သူ့ရဲ့ ဇနီးနဲ့ သားသမီး ၃ ဦး အတူနေ မိသားစု ၅ ဦးကို သီးခြားစောင့်ကြပ်ပြီး Q ဝင်ခိုင်းထားပါတယ်။ကိုဗစ် ကူးစက်မှု ရှိမရှိ သူတို့ရဲ့ နှာခေါင်း တို့ဖတ် ဓာတ်ခွဲနမူနာယူ စစ်ဆေးမယ်လို့လည်း ရှမ်းပြည်နယ်အစိုးရ အဖွဲ့က ပြောပါ တယ်။

လူနာနံပါတ် (၂၄၅) ရဲ့ ခရီးသွားရာဇဝင်တွေ၊ ထိတွေ့ ဆက်ဆံခဲ့သူတွေကိုလည်း စစ်ဆေးမှုတွေ ဆက်လုပ်သွားမယ်လို့လည်း သိရပါတယ်။ ဇွန်လ ၉ ရက်နေ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဆေးစစ်ချက်တွေအရ ရန်ကုန်နဲ့ ရှမ်းပြည်နယ်ထဲမှာ အတည်ပြုလူနာသစ် ၂ ဦး တွေ့ခဲ့ တာလည်း ဖြစ်ပါတယ်။

ပထမအသုတ် ဓာတ်ခွဲ နမူနာ ၁၀၇၀ ကို စစ်ဆေးရာမှာ ရှမ်းပြည်နယ် ဆီဆိုင်မြို့နယ်က လူနာနဲ့ အိန္ဒိယက ပြန်လာတဲ့ အသက် ၃၇ နှစ်အရွယ်ဖြစ်ပြီး သူ့ကိုတော့ လှိုင်မှာ အသွားအလာ စောင့်ကြပ်ကြည့်ရှု ထားပါတယ်။

ဇွန်လ ၉ ရက်နေ့ ဒုတိယ အသုတ် ဓာတ်ခွဲနမူနာ ၉၈၄ ခုကို စစ်ဆေးရာမှာတော့ အတည်ပြုလူနာသစ် မတွေ့ရဘူး လို့ ဇွန်လ ၁၀ ရက်နေ့ မနက် ၈ နာရီမှာ ကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံ မှာ ကိုဗစ် အတည်ပြုလူနာ ၂၄၆ ဦးရှိပြီး သေဆုံးသူက ၆ ဦးရှိနေပါတယ်။ ရောဂါ ကင်းစင်သူကတော့ ၁၅၉ ဦးနဲ့ ဆေးရုံက ဆင်းခွင့်ပြုသူက ၁၄၅ ဦး ရှိနေပြီ ဖြစ်ပါတယ်။