“ဝိပါက” ဇာတ်လမ်းတွဲမှာ သိုက်နန်းရှင်မြနန္ဒာဇာတ်ဝင်ခန်းကို အကြိမ်ကြိမ်ကြိုးစားလေ့ကျင့်ခဲ့ရတဲ့ “ခွန်းနေကြည်ချို” ရဲ့ ဗီဒီယိုလေး

Posted on

သရုပ်ဆောင်ခွန်းနေခြည်ချိုကတော့ ကျရာဇာတ်ကားတွေမှာ ပီပြင်လှတဲ့ သရုပ်ဆောင်ချက်များ နဲ့အတူ ကျရာဇာတ်ကောင်၊ ဇာတ်ရိုက်မှာ အပီပြင်ဆုံး သရုပ်ဆောင်ပြနိုင်ခဲ့တဲ့ အတွက်ကြောင့် ပရိတ်သတ်များရဲ့ အားပေးမှုကို အခိုင်အမာရရှိထားပါတယ်နော်။ခွန်းနေကြည်ချိုဟာ “မမှီဝဲနဲ့ကင်းအောင်နေ” ဇာတ်လမ်းတွဲမှာ မှာ စတင် နာမည်ရလာခဲ့ပြီး လက်ရှိထုတ်လွှင့်ပြသနေတဲ့ “ဝိပါက” ဇာတ်လမ်း တွဲမှာလည်း မိခိုင် ဆိုတဲ့ ကာရိုက်တာနဲ့ အောင်မြင်မှုရရှိနေသူလေးတစ်ယောက်ဆိုလည်း မမှားပါဘူး။

“ဝိပါက” ဇာတ်လမ်းတွဲမှာ မိခိုင် ဆိုတဲ့ မိန်းကလေးအဖြစ် သရုပ်ဆောင်ကောင်းမွန်လွန်းတဲ့ ခွန်းနေကြည်ချိုဟာ ပြီးခဲ့တဲ့အပိုင်း (၃၂) မှာ သိုက်နန်းရှင်မြနန္ဒာ အဖြစ် ပိုင်နိုင်စွာသရုပ်ဆောင်နိုင်ခဲ့တာ ပရိသတ်ကြီးလည်း မြင်တွေ့ရမှာပါ။ ခွန်းနေကြည်ချိုက သူမအတွက် အဆိုပါဇာတ်ဝင်ခန်းဟာ “ဝိပါကဇာတ်လမ်းတွဲထဲမှာ မြတ်နိုးမှုပေါင်းများစွာ၊ လေ့ကျင့်မှုပေါင်းများစွာ၊ ချစ်ခြင်းတရားတွေများစွာနဲ့ သရုပ်ဆောင်ခဲ့ရတဲ့အမြတ်နိုးဆုံးဇာတ်ဝင်ခန်းလေးရယ်ပါ…🤍🥺

အာရုံတွေမလွင့်ဖို့ ခေါင်းတစ်ခုလုံးထုံကျဉ်နေအောင်စိတ်ကိုထည့်ပြီးသရုပ်ဆောင်ခဲ့ရတယ်” ဆိုပြီး အမှတ်တရလေးပြောပြလာပါတယ်။ ခွန်းနေကြည်ချိုကတော့ မိခိုင်အဖြစ် အောင်မြင်ပြီးတဲ့နောက် ပိုမိုအောင်မြင်လာခဲ့ပြီး အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ကိုင်နေရတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ခွန်းနေကြည်ချိုရဲ့ ရှေ့ဆက်မယ့် အနုပညာခရီးလမ်းကို အားပေးဝန်းရံပေးကြပါဦးလို့ တောင်းဆိုပါရစေနော်။

Source: Khun Nay Kyi Cho’s fb

zawgyi



