ခန္ဓာကိုယ်က သဘာဝ အလှတရား တွေ ပေါ်လွန်စေ တဲ့ ဖက်ရှင်လေး နဲ့ ရေကူးကန်ထဲက ချီချီရဲ့ ဗီဒီယို

နိုင်ငံကျော် Beauty Blogger တစ်ယောက် ဖြစ်တဲ့နေခြည်ဦး ကတော့ ဘယ်လိုအခြေအနေတွေဖြစ်ပါစေ သူမဘဝကို သူမစိတ်ကြိုက် ဖန် တီးယူနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နေခြည်ဦးရဲ့ အမိုက်စားပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

နေခြည်ဦးကတော့ သူမရဲ့ဘဝကို အရိုးရှင်းဆုံးနဲ့ အကောင်းဆုံး ဖြတ်သန်းနေပြီး လူငယ်တစ်ယောက်ပီပီ လွတ်လပ်ပေါ့ပါးစွာ နေတတ်သူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ နေခြည်ဦးက တက်သစ်စ သရုပ်ဆောင်တစ်ယောက် အဖြစ် အနုပညာလောကမှာ ကြိုးစားနေသလို သူမရဲ့ Beauty bynaychi ကုမ္ပဏီကြီးကိုလည်း ဦးဆောင်နေတဲ့ ထက်မြက်တဲ့ အမျိုးသမီးငယ်လေးတစ်ယောက်ပဲ ဖြစ်ပါတယ်။

မိန်းကလေးတော်တော်များများကတော့ ကိုယ့်ဘဝကို စိတ်ကြိုက်ဖန်တီးနေတဲ့ နေခြည်ဦးကို အားကျမှုတွေများစွာနဲ့ အားပေးကြတာပဲ ဖြစ်ပါတယ်။ အလုပ်ကိစ္စနဲ့ဖြစ်ပါစေ အပျော်ဖြစ်စေ ပြည်တွင်း ပြည်ပခရီးစဉ်တွေများစွာကို သွားရောက်လေ့ရှိတဲ့ နေခြည်ဦးက လက်ရှိ ကိုဗစ်ကာလမှာတော့ ဘယ်မှမသွားရပဲ အိမ်တွင်းပုန်းနေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ နေခြည်ဦးက ခရီးတွေထွက်တာကို အရမ်းလွမ်းနေတဲ့ အတွက် နေအိမ်က ရေကူးကန်ကြီးမှာပဲ ဝတ်စုံပြည့်ဝတ်ပြီး သာသာ ယာယာ အနားယူခဲ့တဲ့ သူမရဲ့ ပုံရိပ်တွေကို အင်စတာဂရမ်စာမျက်နှာကနေတဆင့် မျှဝေပေးထားတာပဲ ဖြစ်ပါတယ်။

Source: Nay Chi Oo’s fb

zawgyi




Source: Nay Chi Oo’s fb