ငွေတစ်ရာ ကောက်ခံ တဲ့ အုပ်ချုပ်ရေးမှူး ထောက်ပံ့ငွေ အလွဲ သုံးစားလုပ် မှုဖြင့် ရာထူးပြုတ်

ငွေတစ်ရာ ကောက်ခံ တဲ့ အုပ်ချုပ်ရေးမှူး ထောက်ပံ့ငွေ အလွဲ သုံးစားလုပ် မှုဖြင့် ရာထူးပြုတ်

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ အရှေ့ဆင်ကျေးရွာ အုပ်ချုပ်ရေးမှူးကို မျိုးစပါးကိစ် စနဲ့ ထောက်ပံ့ငွေ အလွဲသုံးတယ်လို့ဆိုပြီး တိုင်ကြားခံရတဲ့အတွက် ဇွန်လ ပထမပတ်မှာ တာဝန်ကရပ်ဆဲခံခဲ့ရတယ်လို့ သိရပါတယ်။

အလုပ်တာဝန်ကနေ ရပ်နားခံခဲ့ရတဲ့ အနောက်ဆင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးသူ ဟာ ၂၀၁၈ ခုနှစ် ဆွာဆည်ကျိုးပေါက်စဉ်ရေဘေးသင့် ပြည်သူများအတွက် နိုင်ငံတော်အစိုးရက ထောက်ပံ့ပေးခဲ့သော ငွေများမှ တစ်အိမ်ထောင်လျှင် ငွေကျပ်တစ်ရာကို တောင်းခံခြင်း ၊ မျိုးစပါးထောက်ပံ့တဲ့အထဲမှ စပါးတစ်တင်း အလွဲသုံးတယ်လို့ဆိုကာ တိုင်ကြားခံ ရ ခြင်းဖြစ်ပြီး စုံခုံစစ်ဆေးမှု နှစ်ကြိမ်တိတိလုပ်ပြီးမှသာ တာဝန်ကရပ်ဆဲခဲ့ရတာဖြစ်တယ်လို့ တောင်ငူမြို့နယ်အုပ်ချုပ်ရေးမှူးရုံးကနေ သိရပါတယ်။

ဆွာဆည်ကျိုးပေါက်စဉ် ရေနစ်မြုပ် ပျက်ဆီးသွားတဲ့ စပါးစိုက်ခင်းများ အတွက် မျိုးစပါးတစ်တင်း အလွဲသုံးတယ်လို့ တိုင်ကြားသူကပြောဆိုပေမယ့်လည်း ကျေးရွာဒေသခံများအတွက် ထောက်ပံ့မျိုးစပါးသည် ဧကပေါင်း (၉၂၇) ဧကအတွက် မျိုးစပါးတင်း ၁၅၀ သာခွဲတမ်းရတဲ့အတွက် အများသဘောအရ ၁ ဧက ၂ ပြည်နဲ့ ၄ လုံးနှုန်း ခွဲဝေပေးခဲ့ခြင်းသာဖြစ်တယ် လို့ တာဝန်ရပ်ဆဲခံရတဲ့ အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးသူက ရှင်းပြပါတယ်။

“ငွေကြေးကိစ္စကလည်း ရပ်ရွာကလူကြီးတွေနဲ့ ဒေသခံ‌တွေ အစည်းဝေးပြုလုပ်ပြီး တစ်ဦးအတွက်ရတဲ့ ထောက်ပံ့ငွေထဲက (၁၀၀) ကျပ်ကို တမံကျိုးပေါက်တဲ့နေရာပြင်ဖို့ သုံးစွဲခဲ့တာပါ” လို့ ဦးကျောင်မျိုးသူ ကပြောပါတယ်။

ဦးကျော်မျိုးသူဟာ ကျေးရွာအုပ်ချုပ်ရေးမှူး အဖြစ်၂၀၁၈ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့က ကျေးရွာသူရွာသားများက ရွေးကောက်တင်မြောက်ထားခြင်းဖြစ်ကာ လူငယ်ပိုင်းဖြစ်ပြီး ရပ်ရွာအကျိုးအားကိုး‌ရ‌ပေမယ့် လည်း ယခင်အုပ်ချုပ်ရေးမှူးဟောင်းက အကြိမ်ကြိမ်တိုင်ကြားခံနေရတာ‌တွေရှိတယ် လို့ ဒေသခံ‌တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

လက်ရှိမှာတော့ တာဝန်ကနေ ရပ်ဆဲခံထားရတဲ့ တောင်ငူမြို့နယ်၊ အရှေ့ဆင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးသူ‌ နေရာမှာ ယခင်ဆန္ဒမဲ ရွေးချယ်စဉ်က ဒုတိယမဲအများဆုံးရရှိထားသော ဦးဇော်မင်းစိုး ဆိုသူကို အုပ်ချုပ်ရေးမှူးနေရာ ယာယီခန့်အပ်တာဝန်ပေးထားရတယ်လို့ သိရပါတယ်။

crd : blacker